အချင်းချင်းကို သွေးကွဲအောင်လှုံ့ဆော်နေပေမယ့်လည်း စည်းလုံးညီညွတ်မှုနဲ့သာ အနိုင်ရအောင်ကြိုးစားနေတဲ့ မင်းမော်ကွန်းနဲ့နေတိုးတို့အနုပညာရှင်တစ်စု

//s9.kh1.co/2d/2d731572559dcb770137b5630bcb82f24f328ae6.jpg
အနုပညာရှင်များ

 ၀၈-မတ်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

အချင်းချင်းကို သွေးကွဲအောင်လှုံ့ဆော်နေပေမယ့်လည်း စည်းလုံးညီညွတ်မှုနဲ့သာ အနိုင်ရအောင်ကြိုးစားနေတဲ့ မင်းမော်ကွန်းနဲ့နေတိုးတို့အနုပညာရှင်တစ်စု

လက်ရှိကာလမှာတော့ မြန်မာပြည်သူပြည်သားတွေက ကိုယ့်တာဝန်ကိုယ်ယူပြီး နိုင်ငံအတွက် အစွမ်းကုန်ကြိုးစားနေကြတာပဲ ဖြစ်ပါတယ် ။ ကိုယ့်နိုင်ငံမှာဖြစ်ပျက်နေတာတွေကို ကမ္ဘာကသိအောင်ပါ ဖော်ပြနိုင်ခဲ့ကြတဲ့ ပြည်သူတွေက အခုဆိုရင်လည်း အန္တရာယ်တွေကြားကနေ လမ်းပေါ်ကိုထွက်နေကြတာလည်း ဖြစ်ပါတယ် ။ ပြည်သူတွေနဲ့အတူ ပူးပေါင်းပါဝင်နေတဲ့ အနုပညာရှင်တွေထဲမှာတော့ မင်းမော်ကွန်းတို့အဖွဲ့ကလည်း အဓိကပါဝင်ကြတာ ဖြစ်ပါတယ် ။

Photo Credit-The Khit Nay's FB Acc
Photo Credit-The Khit Nay's FB Acc
Photo Credit-The Khit Nay's FB Acc
Photo Credit-The Khit Nay's FB Acc
Photo Credit-The Khit Nay's FB Acc
Photo Credit-The Khit Nay's FB Acc

မင်းမော်ကွန်း၊ကျော်ကျော်ဗိုလ်၊ နေတိုး၊ ရဲလေး ၊ ဟန်ဇာမိုးဝင်း၊ သည်ခေတ်နေတို့ကလည်း ပြည်သူတွေကြားမှာ တစ်ထောင့်တစ်နေရာကနေ ပါဝင်အားဖြည့်ပေးနေတာ ဖြစ်ပါတယ် ။ အခုလည်း မင်းမော်ကွန်းက "ဘောလုံးအသင်းတစ်သင်းကောင်းဖို့ဆိုရင် ရှေ့တန်း၊ နောက်တန်း၊ အလယ်တန်း ဂိုးသမား သူ့နေရာနဲ့သူ အကာင်းဆုံးကစားရမှာပါ.အဓိက ကတော့ တစ်သင်းလုံးညီညွတ်မျှတနေဖို့အရေးကြီးပါတယ်ရည်ရွယ်ချက်ခြင်း သွားမယ့်လမ်းကြောင်းခြင်းကတော့ အနိုင်ရအောင်ကစားဖို့ပါပဲ ကျွန်တော်တို့အားလုံး ကိုယ့်တာဝန်ကိုကျေခဲ့ကြတယ်ဆိုတာ လိပ်ပြာသန့်ကြတယ်" ဆိုပြီး သူ့ရဲ့Facebook Account မှာ တင်ထားတာ ဖြစ်ပါတယ် ။ မင်းမော်ကွန်းကတော့ ပြည်သူတွေကို အမြဲတမ်းစိတ်ခွန်အားပေးတတ်သူပဲ ဖြစ်ပါတယ် ။

Photo Credit-The Khit Nay's FB Acc
Photo Credit-The Khit Nay's FB Acc
Photo Credit-The Khit Nay's FB Acc
Photo Credit-The Khit Nay's FB Acc

ဒါရိုက်တာ သည်ခေတ်နေကလည်း "?‍♂️?ဒီအချိန်မှာ “ဘယ်သူကဘာလုပ်နေပြီ၊ဘယ်သူကဘာမလုပ်သေးဘူး ”ဆိုတဲ့ စကားတွေဟာကျွန်တော်တို့အချင်းချင်းကို သွေးကွဲစေမယ့် သွေးထိုးလှုံ့ဆော်မှုတွေပါ။?‍♂️?သေချာတာကတော့...စစ်အာဏာရှင်ကို မကြိုက်တဲ့လူတိုင်းဟာ ထောင့်မျိုးစုံကနေ နည်းမျိုးစုံသုံးပြီးရတဲ့နည်းနဲ့တော်လှန်နေကြပါတယ်။? ဒီနွေဦးဟာ သူရဲကောင်းများစွာကိုမွေးဖွားပေးခဲ့ပါတယ် “အရေးတော်ပုံအောင်ရမည်” " ဆိုပြီး သူတို့အနုပညာညီအစ်ကိုတွေရဲ့ပုံရိပ်တွေကို မျှဝေထားပါသေးတယ်။ ပရိသတ်တွေချစ်ရတဲ့ အနုပညာရှင်တွေကတော့ အခုချိန်မှာ အားလုံးရဲ့အရှေ့ကိုထွက်ရင်း မမောနိုင်မပန်းနိုင်အောင် အားစိုက်ပြီး ပန်းတိုင်ကိုရောက်ရှိအောင် ကြိုးစားပေးနေကြတာပဲ ဖြစ်ပါတယ် ။

Source & Photo Credit-Kyaw Kyaw Htay Lwin's FB Acc & The Khit Nay's FB Acc

Photo Credit-The Khit Nay's FB Acc
Photo Credit-The Khit Nay's FB Acc
Photo Credit-The Khit Nay's FB Acc
Photo Credit-The Khit Nay's FB Acc
Photo Credit-Kyaw Kyaw Htay Lwin's FB Acc
Photo Credit-Kyaw Kyaw Htay Lwin's FB Acc
Photo Credit-The Khit Nay's FB Acc
Photo Credit-The Khit Nay's FB Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T