ပြည်သူတွေအတွက် လှူဒါန်းမယ့် ကြာဇံကြော်ဘူးများတွင် ချစ်ရတဲ့သူတွေနဲ့အတူ ခွန်အားပြည့်စေမယ့် စာလေးတွေရေးနေကြတဲ့ သဇင်ထူးမြင့်ရဲ့ဗီဒီယို

//s9.kh1.co/17/17bd4a5accc3330829a3538c63dfee81b7f9c912.jpeg
အနုပညာရှင်များ

 ၀၈-မတ်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင်  သဇင်ထူးမြင့်ကတော့  စိတ်သဘောထား  ဖြူစင်ပြီး  လူတိုင်းအပေါ်မှာလည်း  ကူညီချင်စိတ်ရှိလွန်းသူဖြစ်တာကြောင့်  ပရိသတ်တွေက  တစ်နေ့ထက်  တစ်နေ့  အချစ်ပိုနေရတာလည်း  ဖြစ်ပါတယ်။  သူမကတော့ဖေဖော်ဝါရီလအစကတည်းမှယနေ့ချိန်အထိ  မြန်မာနိုင်ငံတွင်  လက်ရှိဖြစ်ပေါ်နေတဲ့  လူထုလှုပ်ရှားမှုများတွင်  ပြည်သူတွေနဲ့အတူ  တက်ကြွစွာ  ပူးပေါင်းပါဝင်နေတာလည်း  ဖြစ်ပါတယ်။  နေပူတဲ့ဒဏ်တွေကိုတောင်  မမှုနိုင်ဘဲ  တတ်နိုင်တဲ့ဘက်ကနေ  ပါဝင်လုပ်ဆောင်နေတာကိုလည်း  အားလုံးမြင်တွေ့ကြရမှာပါ။

Photo Crd-Thazin Htoo Myint’s Facebook Account 

သဇင်ထူးမြင့်ကတော့  နေ့စဉ်  လမ်းပေါ်ထွက်နေရတဲ့ ပြည်သူတွေအတွက်  စားစရာ၊သောက်စရာများသာမကဘဲ  ကာကွယ်ရေးပစ္စည်းတွေကိုလည်း  လှူဒါန်းပေးနေတာလည်း  ဖြစ်ပါတယ်။  တစ်နေကုန်လူထုလှုပ်ရှားမှုများတွင်  ကျရာအခန်းကဏ္ဍကနေ  ပါဝင်ဆောင်ရွက်နေရုံတင်မကဘဲ  ည(၈) တိတိတိုင်းမှာလည်း  သံဗုံးတီးတဲ့  အစီအစဉ်ကိုလည်း  မပျက်မကွက်  လုပ်ဆောင်နေတာလည်း  ဖြစ်ပါတယ်။  မနေ့ညကလည်း  သဇင်ထူးမြင့်ရဲ့ Facebook Story မှာ ကြည်နူးစရာကောင်းလွန်းတဲ့  ဗီဒီယိုဖိုင်တစ်ခု  တင်ထားတာပဲ  ဖြစ်ပါတယ်။

Photo Crd-Thazin Htoo Myint’s Facebook Account 
Photo Crd-Thazin Htoo Myint’s Facebook Account 
Photo Crd-Thazin Htoo Myint’s Facebook Account 
Photo Crd-Thazin Htoo Myint’s Facebook Account 

ဒါကတော့  ပြည်သူတွေအတွက် လှူဒါန်းမယ့်  ကြာဇံကြော်ဘူးများတွင် " အားတင်းထားနော် " ဆိုပြီး ခွန်အားပြည့်စေမယ့်စာတွေကို ချစ်ရတဲ့သူတွေနဲ့ ရေးနေကြတဲ့  သဇင်ထူးမြင့်ရဲ့ ဗီဒီယိုဖိုင်ပဲ  ဖြစ်ပါတယ်။  သူမကလည်း " မနက်ဖြန်လှူမယ့် ကြာဇံကြော်ဘူးမှာ စာလေးတွေ ရေးနေကြတာ " ဆိုပြီး ရေးသားထားတာပဲ  ဖြစ်လို့  ပရိသတ်တွေလည်း  ကြည့်ရှုနိုင်အောင်  ဒီဗီဒီယိုဖိုင်လေးကို  တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။  သဲတစ်ယောက်လည်း  ဒီထက်မက  ပိုပြီး အလှူအတန်းတွေများများပြုလုပ်နိုင်ပါစေလို့လည်း  ဆုတောင်းပေးလိုက်ရပါတယ်။

Source and Photo Crd-Thazin Htoo Myint’s Facebook Account 

Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T