မနေ့ညက ဆူညံသံတွေများစွာကြားခဲ့ရအပြီး ဘဝမှာ လုံခြုံစွာနေထိုင်ရဖို့တစ်အားအရေးကြီးမှန်း နားလည်လာကြောင်း ဖွင့်ဟလိုက်တဲ့ ​မေမြင့်မိုရ်

//s9.kh1.co/37/3767584eaafa24ce2d631c2e2f71b9b6ea4d41ba.jpg
အနုပညာရှင်များ

 ၀၈-မတ်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

မနေ့ညက ဆူညံသံတွေများစွာကြားခဲ့ရအပြီး ဘဝမှာ လုံခြုံစွာနေထိုင်ရဖို့တစ်အားအရေးကြီးမှန်း နားလည်လာကြောင်း ဖွင့်ဟလိုက်တဲ့ ​မေမြင့်မိုရ်

ပြည်သူတွေကတော့ ဖြိုခွင်းခံရတဲ့ အခက်အခဲတွေများစွာရှိပေမယ့်လည်း နွေဦးတော်လှန်ရေးကို စိတ်ခွန်အား အပြည့်နဲ့ ပြုလုပ်နေကြတာပဲဖြစ်ပါတယ်။ ပြည်သူလူထုကတော့ ယနေ့မှာလည်း နွေဦးတော်လှန်ရေးကို နေရာဒေသကိုယ်စီမှာ ဆက်လက်ဆင်နွှဲလျက်ရှိနေခဲ့ပါတယ်။ မနေ့ညကတော့ ရန်ကုန်တစ်မြို့လုံးမှာ ပစ်ခတ်တဲ့အသံများစွာကြားခဲ့ရပြီး ပြည်သူတွေကတော့ မီးတွေပိတ်ကာ တိတ်တိတ်ဆိတ်ဆိတ်နေခဲ့ရတာပဲဖြစ်ပါတယ်။

Photo credit : may myint mo ' s facebook page
Photo credit : may myint mo ' s facebook page
Photo credit : may myint mo ' s facebook page
Photo credit : may myint mo ' s facebook page

အမှန်တရားဘက်ကနေ ပြည်သူတွေနဲ့အတူ ရဲရဲဝင့်ဝင့်ရပ်တည်လျက်ရှိနေတဲ့ မေမြင့်မိုရ်ကတော့ နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး သူရဲ့ခံစားချက်ကို လူမှုကွန်ယက်စာမျက်နှာထက်မှာ ပြန်လည်မျှဝေပေးလေ့ရှိသူတစ်ယောက်ပဲဖြစ်ပါတယ်။ မေမြင့်မိုရ်ကတော့ မနေ့ညကရန်ကုန်တစ်မြို့လုံးမှာဆူညံတွေကြားခဲ့ရအပြီး ဘဝမှာစိတ်အေးလက်အေးနဲ့လုံခြုံစွာနေထိုင်ရဖို့တစ်အားအရေးကြီးမှန်း နားလည်လာတဲ့အကြောင်း ဖွင့်ဟလိုက်ပါတယ်။

Photo credit : may myint mo ' s facebook page
Photo credit : may myint mo ' s facebook page
Photo credit : may myint mo ' s facebook page
Photo credit : may myint mo ' s facebook page

မေမြင့်မိုရ်ကတော့ " ဘဝမှာ လုံခြုံမှုရှိဖို့နဲ့ စိတ်​အေးလက်​အေး ​နေထိုင်ရဖို့ဆိုတာ တစ်အားအ​ရေးကြီးမှန်းပိုပြီးနားလည်လာတယ် ပြည်သူပြည်သားများ အားလုံး ​ဘေးအန္တရာယ်အမျိုးမျိုးမှ ကင်း​ဝေးပြီး လုံခြုံစိတ်​ချရတဲ့ ဘဝမျိုး အမြန်ဆုံး ပိုင်ဆိုင်နိုင်ကြပါ​​စေ "ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ။ ယနေ့ပြုလုပ်နေတဲ့ နွေဦးတော်လှန်ရေးမှာ ပါဝင်နေကြတဲ့ ပြည်သူပြည်သားတွေအားလုံး ဘေးရန်ကင်းရှင်းကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သပေးလိုက်ရပါတယ်။

Source: may myint mo ' s facebook page

Photo credit : may myint mo ' s facebook page
Photo credit : may myint mo ' s facebook page
Photo credit : may myint mo ' s facebook page
Photo credit : may myint mo ' s facebook page
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T