လက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ သူ့ကိုမပါဝင်ဘူးလို့ ပြောနေကြသူတွေကို ပုံနဲ့တကွသက်သေပြပြီး ဖြေရှင်းလိုက်တဲ့ ကောင်းကောင်း

//s9.kh1.co/80/80db44000707b5ac01bdffa7a1a9f5c7aac790f6.jpeg
အနုပညာရှင်များ

 ၀၈-မတ်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

အဆိုတော်  ကောင်းကောင်းကတော့  မြန်မာနိုင်ငံတွင်  ဖြစ်ပေါ်နေတဲ့  လူထုလှုပ်ရှားမှုတွေမှာ  ဂီတအသိုင်းအဝိုင်းက  မိတ်ဆွေများနဲ့အတူ  တက်ကြွစွာ  ပါဝင်လှုပ်ရှားနေသူတစ်ဦးပဲ  ဖြစ်ပါတယ်။  ဒီလိုပါဝင်နေပေမယ့်လည်း  သူ့ရဲ့လှုပ်ရှားမှုတွေကို  လူမှုကွန်ယက်စာမျက်နှာပေါ်တွင်  အမြဲတင်လေ့ရှိသူမဟုတ်တာကြောင့်  တစ်ချို့လူတွေရဲ့ဝေဖန်ခြင်းတွေကို  ခံနေရတာလည်း  ဖြစ်ပါတယ်။  ဒီအကြောင်းအရာနဲ့ပတ်သတ်ပြီး သူ့ရဲ့ပါဝင်လှုပ်ရှားမှုတွေကို  ပုံနှင့်တကွ  သက်သေပြပြီး  ရှင်းပြလိုက်တာပဲ  ဖြစ်ပါတယ်။

Photo Crd-Myanmarload TV’s Facebook Page 
Photo Crd-Myanmarload TV’s Facebook Page 
Photo Crd-Kaung Kaung Vocalist’s Facebook Account 
Photo Crd-Kaung Kaung Vocalist’s Facebook Account 
Photo Crd-Kaung Kaung Vocalist’s Facebook Account 
Photo Crd-Kaung Kaung Vocalist’s Facebook Account 

" ဟုတ်ကဲ့ကျွန်တော်feb1ရက်နေ့ထဲက ဝမ်းနည်းခြင်း များစွာနဲ့ အိပ်ရာနိုးခဲ့တာပါ

ကျွန်တော်သီချင်းတွေနဲ့ လည်း တိုက်ပွဲဝင်သလို       အဘက်ဘက်ကလည်း ပါဝင်ပါတယ်ဗျာ.လူသိရှင်ကြား ကြွားရုံလည်း မလုပ်တတ်ပါဘူးဗျာ? အဲလိုလုပ်တာဘုရားလည်းမကြိုက်ပါဘူး?

ကျွန်တော့်ကိုနည်းနည်းမှစိတ်မဝင်စားတဲ့တစ်ချို့ကကျွန်တော်ပျောက်နေတယ်အသံမကြားလူလဲမတွေ့ဆိုတော့်?

ဖောင်းထုဖို့ပြင်နေပြီထင်တယ်....

ဟုတ်ကဲ့ကျွန်တော်အရှင်လတ်လတ်တိုက်ပွဲဝင်နေပါတယ်ဗျာ?

ညဆိုကင်းစောင့်နေရတယ်...

Photo Crd-Kaung Kaung Vocalist’s Facebook Account 
Photo Crd-Kaung Kaung Vocalist’s Facebook Account 
Photo Crd-Kaung Kaung Vocalist’s Facebook Account 
Photo Crd-Kaung Kaung Vocalist’s Facebook Account 


Photo Crd-Kaung Kaung Vocalist’s Facebook Account 
Photo Crd-Kaung Kaung Vocalist’s Facebook Account 

မနက်ဆိုမိသားစုစားဝတ်နေရေးအတွက်လုပ်ဆောင်ပြီးတာနဲ့ကျွန်တော်သွားနိုင်တဲ့အတိုင်းအတာထိသွားတိုက်ပွဲဝင်ပါတယ်ဗျာ....

အိမ်မှာအိမ်ထောင်ဦးစီးကကျွန်တော်  ကျွန်တော့်ကလေးတယောက်နဲ့ကိုယ်ဝန်သည်မိန်းမကိုအန္တရယ်ကင်းတဲ့နေရာထားပြီးတာနဲ့လုပ်ဆောင်စရာရှိတာတွေကိုကျွန်တော်လုပ်ဆောင်နေပါတယ်

ကျွန်တော့်အကြောင်းမသိဘဲနဲ့ကျွန်တော့်ကိုမတွေ့မိဘူးမကြားမိဘူး?

ကြောက်လို့ပုန်းနေတာလားဆိုတဲ့စကားတွေနဲ့လာမထိုးနှက်ကြပါနဲ့လို့ ပြောချင်ပါတယ်နော်?

ငါတို့ အနာဂါတ်အတွက် လိုင်းပေါ် လေပေါ် လောက်ပဲ

ဟစ်ရုံနဲ့ မပြီးဘူး   ...သူတစ်ပါးကိုလက်ညှိုးထိုးမယ့်အစား ကိုယ်တိုင်လည်း ရင်ဘတ်ကိုရင်းပြီး ပါဝင်ပါသူငယ်ချင်းရေ?

အရေးတော်ပုံအောင်မြင်ဖို့ မကောင်းရှုမြင်စိတ်လေးလျော့ပြီး ပါဝင်ပေးပါ သူငယ်ချင်းရေ???" ဆိုပြီးရေးသားထားတာဖြစ်လို့  ပရိသတ်တွေလည်း  သိရှိနိုင်အောင်  ဒီသတင်းလေးကို  တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ရပါတယ်။ လက်ရှိအချိန်မှာလည်း  ဂီတပညာရှင်များနဲ့အနုပညာရှင်များစွာကလည်း  ပြည်သူတွေနဲ့အတူ  လိုချင်တဲ့ပန်းတိုင်ကို  အမြန်ဆုံးရောက်ရှိအောင်  အစွမ်းကုန်ကြိုးစားနေကြတာဖြစ်လို့  တစ်ယောက်နဲ့တစ်ယောက်  အမြင်စောင်းမနေကြဘဲ  စည်းလုံးညီညွတ်စွာအတူလက်တွဲရင်ဆိုင်ကြပါလို့  တိုက်တွန်းလိုက်ပါရစေနော်။

Source and Photo Crd-Kaung Kaung Vocalist’s Facebook Account and Myanmarload TV’s Facebook Page 

Photo Crd-Kaung Kaung Vocalist’s Facebook Account 
Photo Crd-Kaung Kaung Vocalist’s Facebook Account 
Photo Crd-Kaung Kaung Vocalist’s Facebook Account 
Photo Crd-Kaung Kaung Vocalist’s Facebook Account 
Photo Crd-Kaung Kaung Vocalist’s Facebook Account 
Photo Crd-Kaung Kaung Vocalist’s Facebook Account 
Photo Crd-Kaung Kaung Vocalist’s Facebook Account 
Photo Crd-Kaung Kaung Vocalist’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T