သရုပ်ဆောင် ခိုင်သင်းကြည်ကတော့ ဆယ်စုနှစ်တွေများစွာတိုင်အောင် ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုတွေကိုရရှိပိုင်ဆိုင်ထားတဲ့ မင်းသမီးတစ်ဦးလည်း ဖြစ်ပါတယ်။ အရေးကြုံတဲ့အခါတိုင်း ပြည်သူတွေနဲ့အတူ တစ်သွေးတည်း တစ်သားတည်း ရပ်တည်ပေးသူဖြစ်တာကြောင့် အားလုံးက လေးစားနေကြတာလည်း ဖြစ်ပါတယ်။ သူမကတော့ ဖေဖော်ဝါရီအစပိုင်းကနေ ယနေ့ချိန်အထိ လက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုများတွင် ပြည်သူတွေနဲ့အတူ အားဖြည့်ပါဝင်နေတာကိုလည်း မြင်တွေ့ရမှာဘဲ ဖြစ်ပါတယ်။


လမ်းပေါ်မထွက်ဖြစ်တဲ့ နေ့တွေမှာလည်း သတင်းအချက်အလက်တွေကို ပြည်သူတွေသိရှိနိုင်အောင် သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် အချိန်နဲ့တစ်ပြေးညီ ဝေမျှပေးနေတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာပြည်ကြီး အမြန်ဆုံး ငြိမ်းချမ်းမှုတွေ ရရှိအောင်လည်း မြတ်စွာဘုရားရှင်ထံ ဆုတောင်းမေတ္တာပို့သပေးနေတာလည်း ဖြစ်ပါတယ်။ နေ့စဉ်မပျက်မကွက် ပဌာန်းရွတ်ဖတ်ပူဇော်ကာ အသက်ပေးသွားခဲ့ကြရတဲ့ သူရဲကောင်းတွေအတွက် အမျှပေးဝေနေတာလည်း ဖြစ်ပါတယ်။



မကြာသေးခင် မိနစ်ပိုင်းလောက်လည်း ခိုင်သင်းကြည်ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် " ပဌာန်းရွတ်ဖတ်ပူဇော်🙏🙏🙏
အရပ်ဆယ်မျက်နှာနေအားလုံးသောသတ္တဝါတွေဘေးရန်ကင်းကြပါစေ🙏🙏🙏စိတ်ဆင်းရဲခြင်းကင်းကြပါစေ🙏🙏🙏ကိုယ်ဆင်းရဲကင်းကြပါစေ🙏🙏🙏ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ🙏🙏🙏ဓမ္မကအဓမ္မကိုအနိုင်ရရပါလို၏ဘုရား🙏🙏🙏ကျွန်မနှင့်အတူပြည်သူတွေဖြစ်ချင်တဲ့ဆန္ဒအမြန်ဆုံးပြည့်ဝရပါလို၏ဘုရား🙏🙏🙏ယနေ့ပြုသမျှကောင်းမှုကုသိုလ်နှင့်ပြုပြုသမျှကုသိုလ်တို့ကို တိုင်းပြည်အတွက်အသက်ပေးသွားကြသည့်သူရဲကောင်းတို့အားအမျှပေးဝေပါတယ်😭🙏ကုသိုလ်အမျှအမျှအမျှယူတော်မူကြပါ🙏🙏🙏" ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပါတယ်။ ခိုင်သင်းကြည်ကတော့ သူမတတ်နိုင်တဲ့ဘက်ကနေ နေ့ညမပြတ် ဆောင်ရွက်ပေးနေတာဖြစ်လို့ ပရိသတ်တွေလည်း သိရှိစေရန်အတွက် ဒီသတင်းလေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ရပါတယ်နော်။
Source and Photo Crd-Khine Thin Kyi’s Facebook Page



"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။