ပြည်သူတွေရဲ့လက်ရှိဘဝက ရေမျောကမ်းတင်ဆိုတဲ့စကားနဲ့ဆင်တူနေတာကြောင့် သူ့ရဲ့အတွေးအမြင်လေးကိုရေးသားထားတဲ့ ပိုင်တံခွန်

//s9.kh1.co/fb/fb71d8ec947b9a129f8cdfb6f7c0570b45d89a73.jpeg
အနုပညာရှင်များ

 ၀၈-မတ်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

ပြည်သူတွေရဲ့လက်ရှိဘဝက ရေမျောကမ်းတင်ဆိုတဲ့စကားနဲ့ဆင်တူနေတာကြောင့် သူ့ရဲ့အတွေးအမြင်လေးကိုရေးသားထားတဲ့ ပိုင်တံခွန်

အနုပညာလောကမှာ အောင်မြင်မှုတွေနဲ့ရပ်တည်နေတဲ့ ပိုင်တံခွန်ကတော့ ပြည်သူတွေနဲ့ တစ်စိတ်တစ်ဝမ်းတည်းရှိတဲ့ မင်းသားတစ်လက်ဖြစ်ပါတယ်။ပိုင်တံခွန်က လက်ရှိအခြေ​အနေတွေမှာဆိုရင် ပြည်သူတွေရဲ့ရှေ့ကနေမားမားမတ်မတ်ရပ်တည်ပေးပြီး လူထုလှုပ်ရှားမှုတွေမှာ ပါဝင်နေတာဖြစ်ပါတယ်။ပိုင်တံခွန်ရဲ့ အားကြိုးမာန်တက်လှုပ်ရှားမှုတွေကြောင့် ပြည်သူလူထုကလည်း လေးစားနေကြတာဖြစ်ပါတယ်။ပိုင်တံခွန်က လူထုချီတက်ရာနေရာအနှံ့ကို သွားရောက်ပြီး နောက်မှာမနေဘဲ ရှေ့ဆုံးကနေ အမှန်တရားအတွက် ရင်ဆိုင်နေတာဖြစ်ပါတယ်။

Photo Credit:Paing Takhon’s Facebook page 
Photo Credit:Paing Takhon’s Facebook page 
Photo Credit:Paing Takhon’s Facebook page 
Photo Credit:Paing Takhon’s Facebook page 

ပိုင်တံခွန်က အခုလတ်တလောမှာဆိုရင်တော့ သူ့ရဲ့လုံခြုံရေးအတွက် ခဏရှောင်တိမ်းနေထိုင်နေတာဖြစ်ပါတယ်။ပြည်သူလူထုကလည်း ပိုင်တံခွန်ဘေးကင်းဖို့အတွက် ဝိုင်းဝန်းဆုတောင်းပေးနေကြတာဖြစ်ပါတယ်။ပိုင်တံခွန်ရဲ့စိတ်ဓာတ်က ရဲရင့်ပြတ်သားတာကြောင့် လက်ရှိအခြေအနေမှာ ကြောက်ရွံ့တုန်လှုပ်ခြင်းမရှိဘဲအေးအေးဆေးဆေးဖြတ်သန်းနေတာဖြစ်ပါတယ်။ပိုင်တံခွန်ကတော့ သူ့ရဲ့ပရိသတ်တွေနဲ့အဆက်အသွယ်မပြတ်သွားအောင်လို့ အွန်လိုင်းပေါ်မှာအမြဲရှိနေတာဖြစ်ပါတယ်။

Photo Credit:Paing Takhon’s Facebook page 
Photo Credit:Paing Takhon’s Facebook page 
Photo Credit:Paing Takhon’s Facebook page 
Photo Credit:Paing Takhon’s Facebook page 
Photo Credit:Paing Takhon’s Facebook page 
Photo Credit:Paing Takhon’s Facebook page 

အခုဆိုရင်လည်း ပိုင်တံခွန်က”ကျွန်တော်တို့ရဲ့လက်ရှိဘဝဟာရေမျောကမ်းတင် ဆိုတဲ့စကားနဲ့ ဆင်တူပါတယ်။ရေမျောကမ်းတင် ဆိုတာကို သေးသိမ်တဲ့ စကားလို့ထင်ခဲ့ဖူးတယ်။တကယ်တော့ မျောပါလာတဲ့ ပစ္စည်းရဲ့ တန်ဖိုးပေါ်မှာ မူတည်တယ်ဆိုတာကိုနားလည်လာခဲ့တယ်။ဘယ်ရေမှာ ဘယ်လိုမျောမျော ဘယ်ကမ်းမှာ ဘယ်လိုတင်တင်တန်ဖိုးရှိတဲ့ အရာဆိုရင် ရောက်တတ်ရာရာမှာ တန်ဖိုးရှိစမြဲပါ”ဆိုပြီး သူ့ရဲ့ထင်မြင်ချက်ကိုရေးသားထားတာဖြစ်ပါတယ်။လက်ရှိအခြေအနေမှာ ပြည်သူလူထုကတော့ တစ်သွေးတည်း၊တစ်သားတည်းရှိပြီး အမှန်တရားအတွက်ဆက်လက်အကောင်အထည်ဖော်နေကြဆဲပဲဖြစ်ပါတယ်။

Photo Credit:Paing Takhon’s Facebook page 
Photo Credit:Paing Takhon’s Facebook page 
Photo Credit:Paing Takhon’s Facebook page 
Photo Credit:Paing Takhon’s Facebook page 

Source&Photo Credit:Paing Takhon’s Facebook page 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T