ကားနဲ့ လူထုလှုပ်ရှားမှုသွားတဲ့ အသိ ညီလေးတစ်ယောက် လမ်းမှာ ဖမ်းဆီး ထိန်းသိမ်းခံရတာနဲ့ ပတ်သက်ပြီး ပြောပြလာတဲ့ ရွှေထူး

//s9.kh1.co/06/0629431efe6a0155a552d79acef7cb105d7d332c.jpg
အနုပညာရှင်များ

 ၀၈-မတ်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

အဆိုတော် ရွှေထူးကတော့ လူထုလှုပ်ရှားမှုမှာ တစ်ထောင့်တစ်နေရာကနေ ပါဝင်အားဖြည့်နေတဲ့ အနုပညာရှင်တစ်​ယောက်ပါ။ ရန်ကုန်မြို့ရဲ့ စုရပ်နေရာတွေမှာ အထိုင်သပိတ်အနေနဲ့ ပြည်သူတွေနဲ့ တစ်သားတည်း ရပ်တည်နေတဲ့ ရွှေထူးက လူမှုကွန်ယက် ဆိုရှယ်မီဒီယာထက်မှာလည်း အတွေ့အကြုံတွေနဲ့ ရှောင်ရှားသင့်တဲ့ အရာတွေကို ပြောပြလေ့ရှိတာဖြစ်ပါတယ်။ မကြာသေးတဲ့ အချိန်ကလည်း လူထုလှုပ်ရှားမှုသွားရင်း လမ်းမှာ ဖမ်းဆီး ထိန်းသိမ်းခံရတဲ့ အသိညီလေးတစ်​ယောက်ရဲ့ အဖြစ်ကိုရေးသားတင်ပေးလာခဲ့ပါတယ်။

Photo credit - Htoo Khant's FB account
Photo credit - Htoo Khant's FB account
Photo credit - Htoo Khant's FB account
Photo credit - Htoo Khant's FB account

ရွှေထူးက " ဆန္ဒသွားပြတဲ့ ညီအကိုမောင်နှမမိတ်ဆွေများခင်ဗျာ ကားနဲ့သွားတာပဲဖြစ်ဖြစ်... ဟိုးအရှေ့ကိုအမြဲကျော်ကြည့်ပါ ... ပါလာတဲ့မိတ်ဆွေချင်း တူတူသွားကြတဲ့မိတ်ဆွေချင်းစကားပြောရင်း သူတို့ကို အမှတ်တမဲ့မမြင်မိလိုက်တဲ့အချိန် သူတို့ပိတ်စစ်တာနဲ့ တိုးရင် ကိုယ့်အတွက်အန္တရယ်ရှိနိုင်ပါတယ် ဆန္ဒပြတာနဲ့ပတ်သက်တဲ့ ပစ္စည်းတွေ ကို အလွယ်တစ်ကူလွှတ်ပစ်လို့ရနိုင်မယ့် အဆင်သင့်အနေအထား ထားထားပါ ... ခုနကလည်းတွေ့လိုက်ရတယ် ကားကိုတားစစ်ပြီး ကားနောက်မှာလည်း ဆန္ဒပြတာနဲ့ပတ်သက်တဲ့ ပစ္စည်းတွေကိုသူတို့တွေ့ပြီးဖမ်းခေါ်သွားတာတွေ့လိုက်လို့ဗျာ 

Photo credit - Htoo Khant's FB account
Photo credit - Htoo Khant's FB account
Photo credit - Htoo Khant's FB account
Photo credit - Htoo Khant's FB account

အားလုံးသိပြီးသားအခြေအနေဆိုတာသိပေမယ့် ... ကျွန်တော့် ညီလေးတစ်ယောက်ကြုံရတာနဲ့ပတ်သက်ပြီး စိတ်ပူလို့ရေးလိုက်တာဗျာ အားလုံးဘေးကင်းကြပါစေ ကျွန်တော့်အမြင်လိုအပ်ချက်ရှိရက် ဝိုင်းဖြည့်စွက်ပေးကြပါဦးဗျာ " ဆိုပြီး တင်ပေးလာခဲ့တာပဲ ဖြစ်ပါတယ်။ လူထုလှုပ်ရှားမှုမှာ ပါဝင်နေတဲ့ ပြည်သူတွေအနေနဲ့ အခုလိုမျိုး ရှောင်ရှားစေရန်နဲ့ သိရှိထားဖို့အတွက် အဆိုတော်ရွှေထူးက ပြောပြလာတာဖြစ်လို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။   

Photo credit - Htoo Khant's FB account
Photo credit - Htoo Khant's FB account
Photo credit - Htoo Khant's FB account
Photo credit - Htoo Khant's FB account
Photo credit - Htoo Khant's FB account
Photo credit - Htoo Khant's FB account

သတင်း အရင်းအမြစ်Source- Htoo Khant's FB account

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T