ပရိသတ်ကြီးရေ......ဒါရိုက်တာ ဏကြီးကတော့ ဖေဖော်ဝါရီလ (၁)ရက်နေ့တည်းကစပြီး မြန်မာ နိုင်ငံအတွင်းမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပက်သက်ပြီး ပြည်သူလူထုနဲ့အတူ အမှန်တရား ဘက်ကနေ ရဲရဲဝံဝံ ရင်ထဲက ဆန္ဒအမှန်တွေကို ဖော်ထုတ်နေတာ ပဲဖြစ်ပါတယ်။ဒါရိုက်တာ ဏကြီးက သူရဲ့ချစ်ဇနီး ပိုင်ဖြိုးသုနဲ့အတူ ပြည်သူတွေနဲ့တစ်သားတည်း ရပ်တည်ကာ လမ်းမထက်တွင် ငြိမ်းချမ်းစွာ လုပ်ဆောင်နေကြတာ ဖြစ်ပြီး ပရိသတ်တွေကလည်း ချစ်ခင်အားပေးရကျိုး နပ်လို့ ချီးကျူးနေကြတာ ဖြစ်ပါတယ်။


အခုလိုအခြေအနေမျိုးတွင် အနုပညာရှင်တော်တော်များများက စည်းလုံညီညွှတ်စွာ ပြည်သူတွေကို တတ်နိုင်သလောက် အားပေးကူညီဖေးမ ကာ အလှူအတန်းတွေ များစွာကိုလည်း ပြုလုပ်နေကြတာ ပဲဖြစ်ပါတယ်။ဒါရိုက်တာ ဏကြီးက လက်ရှိအချိန်မှာတော့ လမ်းမပေါ်တွင် လူထုလှုပ်ရှားမှုမှာ မပါဝင်နိုင်တော့ပေမယ့်လည်း သူရဲ့ Facebook စာမျက်နှာထက်တွင် ပြည်သူတွေ အတွက် သတင်းအချက်အလက်များနဲ့ လုပ်နိုင်သလောက် ဆက်လက်လုပ်ဆောင် ကြဖို့ကို ပြောကြားပေးနေတာ ဖြစ်ပါတယ်။


ဒီနေ့မှာဆိုရင်လည်း ဒါရိုက်တာ ဏကြီးက သူရဲ့ လူမူကွန်ယက်စာမျက်နှာထက်တွင် "ကျွန်တော်တို့ လုပ်နိုင်တာတွေကို နိုင်သလောက် လုပ်ကြရအောင်ဗျာ။CDM တွေအားလျော့ မသွားအောင် ဝိုင်းကြီးချုပ်ပုံစံနဲ့ ကူညီကြရအောင်။ (ရပ်ကွက်အလိုက်၊ မြို့နယ်အလိုက် နီးစပ်ရာ)ပြည်သူ့ CDM ကတော့ Social Punishment ပါ။ အရမ်းထိရောက်ပါတယ်။ ကျွန်တော်တို့ အဖက်မလုပ်ဘဲ နေကြရအောင်။တပ်ပိုင် ထုတ်ကုန်မှန်သမျှ မသုံးပါနဲ့။ MyTel မသုံးပါနဲ့။ ဖုန်းထဲမှာရှိနေတဲ့ MyTel နံပါတ်တွေ (သူငယ်ချင်းတွေ ဖြစ်နေပါစေ) Block ပြစ်ပါ။ တစ်ပြားတစ်ချပ်မှ မပေးမိပါစေနဲ့။ တရုတ်ပစ္စည်းတွေ မသုံးပါနဲ့။ (တရုတ်ကလာတဲ့ အသီးပါ မစားပါနဲ့) ကျွန်တော်တို့တွေ စည်းလုံးနေဖို့လိုပါတယ်။ (ရန်တွေနောက်မှ ဖြစ်ရအောင်ဗျာ။) ခုချိန်မှာ အားလုံးရဲ့ အားကို လိုပါတယ်။"ဆိုပြီး ရေးသားဖော်ပြပေးလာတာ ဖြစ်ပါတယ်။ဒါရိုက်တာ ဏကြီးရဲ့စာသားလေးကို တစ်ဆင့် ပြန်လည်ကူးယူ ဝေမျှပေးလိုက်ပါတယ်။


သတင်းအရင်းမြစ်: Na Gyi FB Account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။