ကျဆုံးသွားတဲ့သူရဲကောင်းတွေရဲ့နာရေးကို ကိုယ်တိုင်သွားရောက်ကာဖေးမကူညီရင်း ရင်ထဲစို့နေအောင်ခံစားရတယ်ဆိုပြီးပြောပြလာတဲ့ အိန်ဂျယ်လမုန်

//s9.kh1.co/8b/8b93622c3f79aaa18ef22b7e8424d71cf91c36a7.jpg
အနုပညာရှင်များ

 ၀၈-မတ်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. အိန်ဂျယ်လို့အားလုံးက ချစ်စနိုးခေါ်ကြတဲ့ မော်လ်ဒယ်သရုပ်ဆောင်မင်းသမီးချောလေး အိန်ဂျယ်လမုန်ကတော့ နိုင်ငံခြားသူလေးတစ်ယောက်လို ဆွဲဆောင်မှုရှိသလို ချစ်စရာကောင်းတဲ့စိတ်ထားလေးကိုလည်း ပိုင်ဆိုင်ထားသူလေးပါ..။

စိတ်ထားလေးကောင်းမွန်တဲ့ အိန်ဂျယ်လေးကတော့ ပြည်သူအားလုံးကြိုးစားလုပ်ဆောင်နေတဲ့ နွေဦးတော်လှန်ရေးတိုက်ပွဲကြီးမှာ အားလုံးနဲ့အတူလူထုလှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အတူ ပါဝင်ရပ်နေတာလည်း တွေ့ရပါတယ်..။

Photo Credit - Angel Lamung's Fb Acc
Photo Credit - Angel Lamung's Fb Acc
Photo Credit - Angel Lamung's Fb Acc
Photo Credit - Angel Lamung's Fb Acc
Photo Credit - Angel Lamung's Fb Acc
Photo Credit - Angel Lamung's Fb Acc
Photo Credit - Angel Lamung's Fb Acc
Photo Credit - Angel Lamung's Fb Acc

တော်လှန်ရေးတိုက်ပွဲကြီးမှာ အသက်ပေးသွားကြသူတွေအပြင် မသေရုံတမယ်ဒဏ်ရာရရှိခဲ့ကြတဲ့ သူရဲကောင်းပြည်သူတွေအတွက် လှူဒါန်းမှုတွေပြုလုပ်နေပြီး နာရေးတွေကိုလည်း ကိုယ်တိုင်သွားရောက်ကာဖေးမကူညီရင်း ရင်ထဲစို့နေအောင်ခံစားရတာလေးကို အိန်ဂျယ်လေးကပြောပြလာပါတယ်..။

အိန်ဂျယ်လေးကတော့ အခက်အခဲတွေနဲ့ တကယ်လိုအပ်နေတဲ့နေရာလေးတွေကို ကိုယ်တိုင်ကိုယ်ကျသွားရောက်ကူညီလှူဒါန်းနေပြီး နစ်နာသူမိသားစုတွေအတွက်လည်း ဝမ်းနည်းစိတ်မကောင်းဖြစ်ရတဲ့အကြောင်းလေးတွေကိုလည်း ပြောပြထားပါသေးတယ်..။

Photo Credit - Angel Lamung's Fb Acc
Photo Credit - Angel Lamung's Fb Acc
Photo Credit - Angel Lamung's Fb Acc
Photo Credit - Angel Lamung's Fb Acc
Photo Credit - Angel Lamung's Fb Acc
Photo Credit - Angel Lamung's Fb Acc
Photo Credit - Angel Lamung's Fb Acc
Photo Credit - Angel Lamung's Fb Acc

"နွေဦးရဲ့ဝမ်းနည်းကြေကွဲခြင်း ❗️

ဒီနေ့မှာ အိန်ဂျယ်တို့သူငယ်ချင်းတွေနဲ့ နေရာအသီးသီးကနေ လှူဒါန်းကြတဲ့ အလှူရှင်များရဲ့ အလှူငွေတွေကို တကယ်ခက်ခဲပြီး လိုအပ်တဲ့နေရာတွေမှာသွားရောက်လှူဒါန်းခဲ့ပါတယ်ရှင်??

၁-ကိုဇွဲထက်စိုး အသက်(၂၆)နှစ်

အသက်၄နှစ်အရွယ်သမီးလေးရဲ့ငိုကြွေးသံတွေကရင်ထဲစို့နေအောင်ခံစားရပါတယ်..social media မှာသိပ်မသိတဲ့အတွက်ဒီနေ့သွားရောက်ကြည့်တာတကယ်ကို ခက်ခဲပြီးအလှူငွေများလည်း လိုအပ်နေပါသေးတယ်ရှင်?

??

၂-မောင်မင်းသူရ (ရာဘာကျည်ကြောင့်မျက်လုံး၂လုံးထိမှန် ) ခွဲစိတ်စရိတ်လိုအပ်နေ❗️

မောင်နှမ၃ယောက်အနက် သားအလတ်

အသက်၂၃နှစ် ?

သူငယ်ချင်းထိမှန်လို့သွားရောက်ကူညီရာမှ ရာဘာကျည်ထိပီး ခုခွဲစိတ်နေပါတယ် မျက်လုံး ပြန်ကောင်းမကောင်းမသေချာသေးပါ! အမေကြီးမှာ အိမ်ရှေ့နားလေးထိုင်ပီးနေလေရဲ့ ?

ကိုယ့်မှာကြည့်ပီး ရင်နာခဲ့ရတယ်

လက်နက်မရှိအပြစ်မရှိကြတဲ့လူငယ်လေးတွေ ပါ?

၃-ကိုဖိုးချစ် အသက်(၂၂)နှစ်

အကိုရဲ့မိန်းမဟာဆိုရင်လည်းငိုလိုက်တာမှ ?

ကိုယိတွေရောက်တော့သူ့မှာ အသံသဲ့သဲ့ပဲကျန်တော့တယ် ? နေရတဲ့နေရာဆိုတာလဲ ဘေးအကာကလွဲလို့မရှိပါဘူး?

နောက်ထပ်လူသိပ်မသိသေးတဲ့နေရာတွေ/ကျဆုံးသွားသော သူရဲကောင်းကြယ်ပွင့်လေးများအတွက်ကိုလည်း အလှူငွေတွေ ခွဲပြီး “နေရာတွေမထပ်”ပဲ အားလုံးအတွက် အဆင်ပြေအောင် တတ်နိုင်သလောက် လှူဒါန်းပေးချင်ပါသေးတယ်ရှင်?? နီးစပ်ရာ ခက်ခဲတဲ့သူများပြောပေးကြပါဦး

အလှူငွေများပါဝင်လှူဒါန်းချင်ရင် Angel Lamung official account မှာ ပြောပေးပါရှင် ??.." ဆိုပြီး အိန်ဂျယ်လမုန်က စိတ်မကောင်းစွာရေးသားပြောပြထားတာပါ..။

Photo Credit - Angel Lamung's Fb Acc
Photo Credit - Angel Lamung's Fb Acc
Photo Credit - Angel Lamung's Fb Acc
Photo Credit - Angel Lamung's Fb Acc
Photo Credit - Angel Lamung's Fb Acc
Photo Credit - Angel Lamung's Fb Acc
Photo Credit - Angel Lamung's Fb Acc
Photo Credit - Angel Lamung's Fb Acc
Photo Credit - Angel Lamung's Fb Acc
Photo Credit - Angel Lamung's Fb Acc

သတင်း အရင်းအမြစ်Angel Lamung's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T