မနေ့ညကပစ်ဖောက်သံတွေကြောင့် အိမ်အပြင်ထွက်ပြီး နည်းလမ်းမျိုးစုံနဲ့ စူးစမ်းလေ့လာခဲ့ကြတဲ့ ပြည်သူတွေရဲ့ထူးထူးခြားခြား မြင်ကွင်းပုံရိပ်များ

//s9.kh1.co/46/46fdd76127b54161828cf89f51399147fdd1cab7.jpg
နေ့စဉ်သတင်းများ

 ၀၈-မတ်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

မနေ့ညကပစ်ဖောက်သံတွေကြောင့် အိမ်အပြင်ထွက်ပြီး နည်းလမ်းမျိုးစုံနဲ့ စူးစမ်းလေ့လာခဲ့ကြတဲ့ ပြည်သူတွေရဲ့ထူးထူးခြားခြား မြင်ကွင်းပုံရိပ်များ

ပြီးခဲ့တဲ့မတ်လ (၇)ရက်နေ့၊ ည (၁၀)နာရီဝန်းကျင်ခန့်မှာတော့ ရန်ကုန်မြို့ရှိ မြို့နယ်တော်တော်များများမှာ ပစ်ဖောက်သံတွေ ကြားခဲ့ရတာပဲ ဖြစ်ပါတယ် ။ ရန်ကုန်မြို့မှာနေထိုင်ကြတဲ့ ပြည်သူလူထုကလည်း ပစ်ဖောက်သံတွေကြားရတဲ့အကြောင်းကို သူတို့ရဲ့လူမှုကွန်ယက်စာမျက်နှာတွေတစ်ဆင့် အားလုံးသိအောင် ဖော်ပြခဲ့ကြတာ ဖြစ်ပါတယ် ။ ပြည်သူတွေရဲ့သတင်းစကားတွေကြောင့် မနေ့ညက ရန်ကုန်တစ်မြို့လုံးနီးပါးမှာ ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေတွေကို သိရှိခဲ့ရတာ ဖြစ်ပါတယ် ။

Photo Credit -Original Uploaders
Photo Credit -Original Uploaders

ညအချိန်မှာထွက်ပေါ်လာတဲ့ အသံတွေကြောင့် အိမ်ထဲမှာနေထိုင်ကြတဲ့ ပြည်သူတွေနဲ့ ရပ်ကွက်ကိုကင်းစောင့်ပေးနေတဲ့သူတွေအားလုံး အလန့်တကြားဖြစ်ခဲ့ရတာ ဖြစ်ပါတယ် ။ ပြည်သူတွေထဲက တစ်ချို့ကတော့ သူတို့နေထိုင်တဲ့နေရာအနီးကနေ အသံလာရာကိုသိရှိနိုင်ဖို့အတွက် အပြင်ထွက်ပြီး စူးစမ်းလေ့လာခဲ့ကြတာလည်း ဖြစ်ပါတယ် ။ မြေပြင်ပေါ်မှာဝပ်တွားပြီး အပြင်ကိုချောင်းကြည့်နေတဲ့ ပြည်သူတွေရဲ့လှုပ်ရှားမှုတွေကို အမိအရရိုက်ကူးထားနိုင်ခဲ့တဲ့သူတွေကလည်း ပုံတွေကိုမျှဝေခဲ့ကြတာ ဖြစ်ပါတယ် ။

Photo Credit -Original Uploaders
Photo Credit -Original Uploaders
Photo Credit -Original Uploaders
Photo Credit -Original Uploaders

အရေးကြီးနေတဲ့အခြေအနေမှာ အမှတ်မထင် ရိုက်ကူးခဲ့တဲ့ ပုံရိပ်လေးတွေကတော့ လူမှုကွန်ယက်စာမျက်နှာထက်မှာ အတော်လေးကိုရေပန်းစားသွားခဲ့တာပဲ ဖြစ်ပါတယ် ။ ဒီပုံလေးတွေမှာဆိုရင် ပြည်သူတွေက ပစ်ဖောက်သံကို နားစွင့်ဖို့အတွက် အကာအကွယ်တွေကိုယ်စီယူပြီး ပုံစံမျိုးစုံနဲ့ ချောင်းကြည့်နေခဲ့ကြတာ ဖြစ်ပါတယ် ။ လူမှုကွန်ယက်အသုံးပြုသူတွေကလည်း စိတ်ညစ်စရာအခြေအနေတွေကြားထဲကနေ ဒီပုံလေးတွေကိုကြည့်ပြီး ခဏတာရယ်မောခဲ့ရတာကြောင့် သဘောကျနေကြတာပဲ ဖြစ်ပါတယ် ။ ကဲ မနေ့ညကထွက်ပေါ်လာခဲ့တဲ့ ပြည်သူတွေရဲ့ထူးထူးခြားခြား လှုပ်ရှားမှုပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Source & Photo Credit -Original Uploaders

Photo Credit -Original Uploaders
Photo Credit -Original Uploaders
Photo Credit -Original Uploaders
Photo Credit -Original Uploaders
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T