နယ်အသီးသီးမှာကျဆုံးသွားတဲ့ သူရဲကောင်းတွေအတွက်ကောက်ခံရရှိထားတဲ့စုပေါင်းအလှူငွေတွေ ဆက်သွယ်လှူဒါန်းဖို့စီစဉ်နေတဲ့ ခင်ဝင့်ဝါ

//s9.kh1.co/dd/ddc56b82f2918d2152a82beb7e396bbecd29e789.jpeg
အနုပညာရှင်များ

 ၀၈-မတ်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင်  မင်းသမီး ခင်ဝင့်ဝါကတော့  လူထုလှုပ်ရှားမှုတွေမှာလည်း  တက်ကြွစွာ  ပူးပေါင်းပါဝင်နေတဲ့  အနုပညာရှင်တစ်ဦးပဲ  ဖြစ်ပါတယ်။  လမ်းပေါ်ထွက်ကာ  ပြည်သူတွေနဲ့အတူ  သူမရဲ့ ရင်တွင်းဆန္ဒအမှန်တရားတွေအား ထုတ်ဖော်ပြသနေပြီး  အလှူတွေလည်း  တောက်လျှောက်လုပ်ဆောင်နေတာလည်း  ဖြစ်ပါတယ်။  လတ်တလောမှာလည်း  လူထုလှုပ်ရှားမှုကာလအတွင်း  မမျှော်လင့်ဘဲ  ကွယ်လွန်သွားခဲ့ကြတဲ့  သူရဲကောင်းတွေအတွက်လည်း  သူမရဲ့ သူငယ်ချင်းတွေနဲ့အတူ  စုပေါင်းလှူဒါန်းမှုတွေ ပြုလုပ်နေတာပဲ  ဖြစ်ပါတယ်။

Photo Crd-Khin Wint Wah’s Facebook Page 
Photo Crd-Khin Wint Wah’s Facebook Page 
Photo Crd-Khin Wint Wah’s Facebook Page 
Photo Crd-Khin Wint Wah’s Facebook Page 
Photo Crd-Khin Wint Wah’s Facebook Page 
Photo Crd-Khin Wint Wah’s Facebook Page 

လက်ရှိရန်ကုန်မြို့တွင်  ကွယ်လွန်သွားတဲ့  သူရဲကောင်း  (၈) ဦးနှင့်  ကျည်ထိလူနာ (၃၄) ဦးတို့အတွက် အလှူငွေတွေ  လှူဒါန်းထားပြီး  ကျန်ရှိနေသေးတဲ့  နယ်အသီးသီးမှ  ကျဆုံးသွားတဲ့  သူရဲကောင်းတွေကိုလည်း  လှူဖို့အတွက်  ဆက်သွယ်စုံစမ်းနေတာပဲ  ဖြစ်ပါတယ်။  ခင်ဝင့်ဝါရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်လည်း  " ကျွန်မ တို့ သူငယ်ချင်းမိတ်ဆွေများ ၊ စေတနာရှင်ပြည်သူများ နှင့် ပရိသတ်များ ရဲ့ စုပေါင်း လှူဒါန်းငွေများ 

မတ်လ ၃ ရက်နေ့ မှ ယနေ့ ထိ စုစုပေါင်း သိန်း ၂၆,၈၂၂,၀၀၀ ကျပ် ရရှိပြီး ဖြစ်ပါတယ်။ 

ထို လှူဒါန်း ငွေ များထဲ မှ သိန်း ၁၈,၇၀၀,၀၀၀ ကျပ် ကို 

ကျဆုံးသွားတဲ့ အာဇာနည် စုစု ပေါင်း ၈ ဦး 

ကျည်ထိလူနာ စုစုပေါင်း (၃၄ ) ဦး အတွက် 

ဆက်သွယ်ကူညီ ပေးအပ်ခဲ့ပါသည် ။

Photo Crd-Khin Wint Wah’s Facebook Page 
Photo Crd-Khin Wint Wah’s Facebook Page 
Photo Crd-Khin Wint Wah’s Facebook Page 
Photo Crd-Khin Wint Wah’s Facebook Page 

နောက်ရက်တွေမှာလည်း ရန်ကုန် နဲ့ နယ်အသီးသီးရှိ မလှူရသေးသောသူများထံ ဆက်သွယ်လှူဒါန်းသွားမှာ ဖြစ်ပါတယ်။

သွားရေး လာရေး အခက်အခဲ နဲ့ ဆက်သွယ်ရေးအခက်အခဲများကြောင့် အနည်းငယ်ကြန့်ကြာနေရခြင်းကိုလည်းနားလည်ခွင့်လွှတ်ပေးပါရှင်။

တတ်အားသရွေ့ ပါဝင်လှူဒါန်းလိုသူများလည်း ဆက်သွယ်နိုင်ပါတယ်။

ပါဝင်လှူဒါန်းကြသူ အားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ ??

#supportheros

#RejectMilitaryCoup " ဆိုပြီး ရေးသားထားတာပဲ  ဖြစ်ပြီး  ပရိသတ်တွေအတွက်  ဒီသတင်းလေးကို  တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Khin Wint Wah’s Facebook Page 

Photo Crd-Khin Wint Wah’s Facebook Page 
Photo Crd-Khin Wint Wah’s Facebook Page 
Photo Crd-Khin Wint Wah’s Facebook Page 
Photo Crd-Khin Wint Wah’s Facebook Page 
Photo Crd-Khin Wint Wah’s Facebook Page 
Photo Crd-Khin Wint Wah’s Facebook Page 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T