ပစ်ဖောက်သံတွေကြားကနေ Happy New Year လို့ထအော်ပြီး မီးရှူးမီးပန်းတွေဖောက်ပြခဲ့ကြလို့ အရမ်းလူကြည့်များသွားခဲ့တဲ့ ပြည်သူတွေရဲ့ဗီဒီယိုများ

//s9.kh1.co/70/706ae43baea539b1ed5c791c1b4fb595c713c48a.jpg
နေ့စဉ်သတင်းများ

 ၀၈-မတ်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

ပစ်ဖောက်သံတွေကြားကနေ Happy New Year လို့ထအော်ပြီး မီးရှူးမီးပန်းတွေဖောက်ပြခဲ့ကြလို့ အရမ်းလူကြည့်များသွားခဲ့တဲ့ ပြည်သူတွေရဲ့ဗီဒီယိုများ

ပြည်သူတွေတော်တော်များများကတော့ သူတို့လိုချင်တဲ့ပန်းတိုင်ကို ရောက်ရှိနိုင်ဖို့အတွက် ဇွဲမလျှော့ဘဲ အားသွန်ခွန်စိုက် ကြိုးစားနေကြတာ ဖြစ်ပါတယ် ။ ပြည်သူတွေက နေ့ဘက်မှာ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ကြသလို ညဘက်မှာလည်း (၈)နာရီထိုးတာနဲ့ သံပုံးတီးတဲ့လှုပ်ရှားမှုကို ပြုလုပ်ကြတာ ဖြစ်ပါတယ် ။ မနေ့ညကတော့ ရန်ကုန်တစ်မြို့လုံးနီးပါးက နေရာတော်တော်များများမှာ ပစ်ဖောက်သံတွေကြားခဲ့ရတယ်ဆိုတာကို အားလုံးလည်း သိပြီးသားဖြစ်ကြမယ် ထင်ပါတယ်။

Photo by Myanmarload TV
Photo by Myanmarload TV
Photo by Myanmarload TV
Photo by Myanmarload TV

ဒီအသံတွေကြောင့် ပြည်သူတွေတစ်ချို့က စိုးရိမ်ထိတ်လန့်ခဲ့ကြသလို တစ်ချို့ကလည်း အိမ်အပြင်ထွက်ပြီး ရတဲ့နည်းလမ်းနဲ့ စူးစမ်းလေ့လာခဲ့ကြတာ ဖြစ်ပါတယ် ။ ဒါ့အပြင် လူတစ်ချို့ကတော့ ပစ်ဖောက်သံတွေ ဆက်တိုက်ထွက်ပေါ်လာချိန်မှာပဲ အနောက်ကနေ "Happy New Year" ဆိုပြီး အားရပါးရ လိုက်အော်ခဲ့ကြတာ ဖြစ်ပါတယ် ။ ပြည်သူတွေကတော့ အန္တရာယ်ရှိပြီး ထိတ်လန့်စရာကောင်းတဲ့ အခြေအနေမျိုး ကြုံတွေ့ရတာကိုတောင် မကြောက်ရွံ့ကြဘဲ စနောက်ပြီး ပြန်အော်ပြခဲ့ကြတာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

မနေ့ညက "Happy New Year" လို့ထအော်တဲ့ ပြည်သူတွေအပြင် ဘယ်သူမှမထင်မှတ်ထားတဲ့ပုံစံမျိုး ထလုပ်ပြလိုက်တဲ့ ပြည်သူတစ်ချို့လည်း ရှိနေပြန်ပါသေးတယ်။ သူတို့ကတော့ တစ်ဖက်က ပစ်ဖောက်နေတဲ့ကြားကနေ မီးရှူးမီးပန်းတွေရအောင် ဖောက်ပြလိုက်ကြတာ ဖြစ်ပါတယ် ။ ဒီမြင်ကွင်းကို မြင်တွေ့ရတဲ့ ပြည်သူတစ်ယောက်ကတော့ သေသေချာချာရိုက်ကူးပြီး မှတ်တမ်းတင်ခဲ့တာ ဖြစ်ပါတယ် ။ အခုဆိုရင် "Happy New Year" လို့အော်တဲ့သူတွေနဲ့ မီးရှူးမီးပန်းတွေဖောက်ပြတဲ့သူတွေရဲ့ဗီဒီယိုက Social Media ထက်မှာပျံ့နှံ့ပြီး ကြည့်ရှူသူများပြားနေတာ ဖြစ်ပါတယ် ။ ကဲ စိတ်ပင်ပန်းမှုတွေကို ခဏတာပြေပျောက်သွားစေနိုင်တဲ့ ဗီဒီယိုလေးတွေကို ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source & Video Credit-Htet Wai Yan's FB Acc & Original Uploader

Photo Credit-Original Uploader
Photo Credit-Original Uploader
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T