မြန်မာပြည်သူ၊ပြည်သားတွေကတော့ ဖေဖော်ဝါရီလ(၁)ရက်နေ့ကတည်းကနေ ယနေ့အချိန်ထိတိုင် သောကအပူမီးတွေဝေနေရတာပဲဖြစ်ပါတယ်။လက်ရှိအခြေအနေကြီးက တစ်လကျော်ကြာသွားပေမယ့်လည်း ပြည်သူလူထုကတော့ အားမာန်အပြည့်နဲ့ဆက်လက်ချီတက်နေကြဆဲပဲဖြစ်ပါတယ်။လူထုလှုပ်ရှားမှုတွေမှာဆိုရင် နယ်ပယ်ပေါင်းစုံက ပြည်သူတွေက တစ်တပ်တစ်အားပါဝင်ကြတာဖြစ်ပါတယ်။ဒါ့ကြောင့်မှလို့ ဘုရားသားတော်တွေဖြစ်တဲ့ ဘုန်းဘုန်းတွေကပါ ပြည်သူတွေနဲ့အတူ သောကအပူမီးတွေမျှဝေခံစားပြီး တစ်ထောင့်တစ်နေရာကနေကူညီပေးနေကြတာဖြစ်ပါတယ်။




နဂိုကတည်းက မေတ္တာဓာတ်ခံကြီးမားကြတဲ့ မြန်မာလူမျိုးတွေကတော့ အခုလိုကာလမျိုးမှာ အခက်အခဲမှန်သမျှကို အပြန်အလှန်ဖေးမကူညီကြတာဖြစ်ပါတယ်။ဘုန်းဘုန်းတွေကလည်း လမ်းပေါ်မှာချီတက်နေကြတဲ့ ပြည်သူတွေရဲ့အဟာရအတွက်လည်း တတ်နိုင်သလောက် ပြန်လည်လှူဒါန်းကြတာဖြစ်ပါတယ်။အခုဆိုရင်လည်း မြို့နယ်အသီးသီးမှာရှိတဲ့ဘုန်းဘုန်းတွေကပါ ပြည်သူတွေနဲ့တစ်စိတ်တစ်ဝမ်းတည်းရှိတာကြောင့် လမ်းပေါ်အတူတူထွက်ကြပြီး လက်ရှိအခြေအနေကို ရင်ဆိုင်နေကြတာဖြစ်ပါတယ်။




ဆရာတော်တစ်ပါးကလည်း” အန္တရာယ်ဖြစ်မှာစိုးရိမ်ပြီးတားမြစ်သော ဒါယိကာ ဒါယိကာမတစ်ဦးချင်းစီတိုင်းရဲ့မေတ္တာတရားကို လေးစားစွာ နားလည်ပါတယ်။နိုင်ငံသူနိုင်ငံသားအားလုံးရဲ့သောကဟာ ဘုန်းဘုန်းတို့ရဲ့သောကလို့ခံယူထားလို့ စကားနားမထောင်သလိုဖြစ်ခဲ့ရင် တောင်းပန်ပါတယ်။တစ်နိုင်ငံလုံး လွတ်လပ်တဲ့နေ့ အားလုံးရဲ့စကားကို နားထောင်ပါ့မယ်။မြန်မာနိုင်ငံသူနိုင်ငံသားများ ဘေးကင်းအေးချမ်းပါစေ။(8.3.2021)”ဆိုပြီး ရေးသားမျှဝေလာတာဖြစ်ပါတယ်။အခုလိုကာလမှာ နယ်ပယ်ပေါင်းစုံကပြည်သူတွေက မိမိနိုင်ရာဝန်ကိုထမ်းကြပြီး စည်းလုံးနေကြတာပဲဖြစ်ပါတယ်။




Source&Photo Credit: Original Uploder
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။