မြောက်ဥက္ကလာက လူထုလှုပ်ရှားမှုမှာ အနုပညာရှင်ညီအစ်ကိုတွေနဲ့အတူ ပူးပေါင်းပြီး တက်တက်ကြွကြွ ပါဝင်အားဖြည့်ခဲ့တဲ့ အဆိုတော် အောင်ထက်

//s9.kh1.co/69/699533cc2b831b7d20b70604302d2538faa31f7e.jpg
အနုပညာရှင်များ

 ၀၈-မတ်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

တေးသံရှင် အဆိုတော် အောင်ထက်ကတော့ ဖေဖော်ဝါရီလ ၁ရက်နေ့ကတည်းက ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပါ။ လမ်းပေါ်ထွက်ပြီး တရားမျှတမှု့အတွက် တောင်းဆိုရတဲ့ ရက်တွေမှာလည်း တခြားသောအနုပညာရှင်တွေနဲ့အတူ သွားရောက်ဝန်းရံခဲ့တာကို ပရိသတ်တွေ အသိပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သူကိုယ်တိုင်အသုံးပြုတဲ့ ဆိုရှယ်မီဒီယာထက်မှာလည်း လက်ရှိအခြေအနေနဲ့ သက်ဆိုင်တဲ့ ပိုစ့်တွေကို တင်ပေးတာဖြစ်ပါတယ်။ 

Photo credit - Aung Htet's FB account
Photo credit - Aung Htet's FB account
Photo credit - Aung Htet's FB account
Photo credit - Aung Htet's FB account

ပြည်သူလူထုနဲ့အတူ တစ်သားတည်း ရပ်တည်ဝန်းရံနေခဲ့တဲ့ အဆိုတော် အောင်ထက်က ယနေ့မှာလည်း လူထုလှုပ်ရှားမှုကြီးကို သွားရောက်ခဲ့ပါတယ်။ ဒါကတော့ အောင်ထက်က ခင်မင်ရင်းနှီးရတဲ့ အနုပညာရှင် ညီအစ်ကိုတွေနဲ့အတူ သွားရောက်ပြီး မြောက်ဥက္ကလာက လူထုလှုပ်ရှားမှုကြီးမှာ ပြည်သူတွေနဲ့အတူ ပူးပေါင်းခဲ့တာပဲ ဖြစ်ပါတယ်။ အခုလို တက်တက်ကြွကြွ သွားရောက်ဝန်းရံခဲ့တဲ့ ပုံတွေကို သူရဲ့ လူမှုကွန်ယက် ဖေ့ဘွတ်စာမျက်နှာထက်မှာ တင်ပေးလာခဲ့ပါတယ်။

Photo credit - Aung Htet's FB account
Photo credit - Aung Htet's FB account
Photo credit - Aung Htet's FB account
Photo credit - Aung Htet's FB account

တက်ကြွစွာ ပါဝင်အားဖြည့်ခဲ့တဲ့ အောင်ထက်ရဲ့ ပုံတွေအပြင် " မြောက်ဥက္ကလာကို အားဖြည့်ခဲ့တယ် အနယ်နယ်အရပ်ရပ်မှာရှိကြသော ပြည်သူများနှင့်သူရဲကောင်းအားလုံးကို လေးစားစွာ အလေးပြုသည် " ဆိုတဲ့ စာသားကိုလည်း ရေးသားထားပါသေးတယ်။ အခုလို အခြေအနေမျိုးမှာ ပြည်သူတွေနဲ့အတူ ဝန်းရံရပ်တည်နေတဲ့ အဆိုတော် အောင်ထက်အတွက် ပရိသတ်တွေက ကောမန့်မှာ အားပေးစကားတွေပြောပေးခဲ့ဖို့ တောင်းဆိုလိုက်ပါတယ်။ 

Photo credit - Aung Htet's FB account
Photo credit - Aung Htet's FB account

သတင်း အရင်းအမြစ်Source - Aung Htet's FB account

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T