လတ်တလောဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အတူ အနုပညာရှင်များစွာကလည်း ပူပေါင်းပါဝင်ရပ်တည်ပေးခဲ့ပါတယ်။ ယင်း အနုပညာရှင်တွေထဲမှာ အဆိုတော် ဖြူဖြူကျော်သိန်း ကလည်း လူငယ်တွေရဲ့အနာဂတ်အိမ်မက်တွေ မပျောက်အောင် တာဝန်သိပြည်သူတစ်ယောက်အနဲ့ တတ်နိုင်တဲ့ဘက်ကနေ ပါဝင်လုပ်ဆောင်ပေးခဲ့ပါတယ်။ ဒါ့အပြင် ပြည်သူတွေအတွက် စိတ်ခွန်အားဖြစ်စေမယ့် သတင်းကောင်းလေးတွေကိုလည်း လူမှုကွန်ယက်မှာ ဖော်ပြပေးတာ တွေ့ရပါတယ်။


ယခုမှာတော့ ဖြူဖြူကျော်သိန်း က မြန်မာ့ဒီမိုကရေစီတိုက်ပွဲမှာ အသက်နဲ့ ဘဝပေးဆပ်ကြတဲ့ သူရဲကောင်းတွေအတွက် အမြဲဦးညွှတ်သတိရပေးဖို့ ပြောလာခဲ့ပါတယ်။ "၈၈ မှာ ကျဆုံးခဲ့တဲ့ သူရဲကောင်းတွေကို နှစ် ၃၀ ကျော်ကြာတဲ့အခါ လွန်ခဲ့တဲ့ သုံးလေးနှစ်လောက်ကစပြီး ပုံဖျက်ပြောဆိုလာတာတွေ တွေ့ရတိုင်း နာကျင်ခံစားရတယ်......၈၈ မှာ နှစ်ရှည်ထောင်ချခံခဲ့ရတဲ့ ကျောင်းသားဟောင်းတွေကို ပညာမတတ်ထောင်ထွက်တွေလို့ လှောင်ပြောင်တာတွေလိုင်းပေါ်မှာ မြင်ရတဲ့အခါတိုင်း စိတ်ပျက်ဝမ်းနည်းမိတယ်.......တကယ်တော့ နှစ် ၃၀ ဆိုတာ သမိုင်းတစ်ခုအတွက် သိပ်ကြာလှသေးတဲ့အချိန်မှမဟုတ်တာလေ...


အခု နွေဦးတော်လှန်ရေးမှာလည်း အသက်ပေး၊ ဘဝပေး ကြတဲ့ သူရဲကောင်းတွေကို မမေ့မပျောက် အမှတ်သည်းခြေကြီးကြီး နဲ့ သူတို့ပေးဆပ်ခဲ့တဲ့ဂုဏ်ပုဒ်အတိုင်း ဦးညွှတ်သတိရပေးကြလိမ့်မယ်လို့ ဆုတောင်းမိပါတယ်။မြန်မာ့ဒီမိုကရေစီတိုက်ပွဲအဆင့်ဆင့်မှာ အသက်ပေး၊ဘဝပေးသွားခဲ့ကြတဲ့ လူသိ၊ လူမသိ သူရဲကောင်းများ အားလုံးအား အစဉ် ဦးညွှတ်လျက်....." ဆိုပြီး ရေးသားတောင်းဆိုထားခဲ့ပါတယ်။ ကဲ..ပရိသတ်တွေလည်း ဒီမိုကရေစီတိုက်ပွဲအဆင့်ဆင့်မှာ အသက်ပေး ၊ ဘဝပေးလိုက်တဲ့ သူရဲကောင်းတွေကို အစဥ်အမြဲ ဦညွှတ်ပေးကြပါဦး။
သတင်းအရင်းမြစ်: Source - Phyu Phyu Kyaw Thein fb page
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။