အမျိုးသမီးတစ်ယောက်အနေနဲ့ International Woman’s Day မှာ ထဘီကို အလံပြုလုပ်ပြီး အရေးတော်ပုံမှာ ပါဝင်ခဲ့တဲ့ သန္တာလှိုင်

//s9.kh1.co/47/47834b7b8138d6150f38f762b9db23f11ac2d9d3.jpg
အနုပညာရှင်များ

 ၀၈-မတ်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

မော်ဒယ်လ် သန္တာလှိုင်ကတော့ အမှန်တရားကို ချစ်မြတ်နိုးသူဖြစ်တာကြောင့် ဖေဖော်ဝါရီလ ၁ရက်နေ့ကတည်းက ပြည်သူတွေနဲ့အတူ ပူးပေါင်းခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပါ။ ယနေ့ကျရောက်တဲ့ ကမ္ဘာ့အမျိုးသမီးများနေ့မှာလည်း သိကျွမ်းတဲ့ အမျိုးသမီးမိတ်ဆွေများနဲ့ ပူးပေါင်းပြီး လူထုလှုပ်ရှားမှုမှာ ပါဝင်အားဖြည့်ပေးခဲ့ပါသေးတယ်။ အရင်​နေ့တွေက လူထုလှုပ်ရှားမှုတွေထက် ထူးခြားစွာ ယနေ့မှာတော့ ထဘီကို အလံပြုလုပ်ပြီး ရန်ကုန်မြို့ရဲ့ လမ်းမထက်မှာ တရားမျှတမှုရရှိဖို့အတွက် အပင်ပန်းခံကာ သွားရောက် တောင်းဆိုခဲ့တာပဲ ဖြစ်ပါတယ်။

Photo credit - Thandar Hlaing's FB account
Photo credit - Thandar Hlaing's FB account
Photo credit - Thandar Hlaing's FB account
Photo credit - Thandar Hlaing's FB account

ထဘီကို အလံပြုလုပ်ပြီး လူထုလှုပ်ရှားမှုမှာ ပါဝင်နေတဲ့ ပုံတွေအပြင် " စစ်အာဏာရူးဖြုတ်ချဖို့ ငါတို့ထဘီ ငါတို့အလံ ငါတို့အောင်ပွဲနဲ့ တိုက်ကြစို့ အမျိုးသမီးတွေရဲ့ ထဘီဟာ လူတစ်ယောက်ရဲ့ ဘုန်းကံကို မြှင့်တင်မပေးနိုင်သလို့ နိမ့်ကျအောင်လဲ လုပ်နိုင်စွမ်းမရှိပါဘူး။ မိမိတို့ဘုန်းကံဆိုတာ မိမိတို့ရဲ့လုပ်ရပ်၊ စိတ်ဓါတ်တွေနဲ့ပဲ ဆိုင်ပါတယ်။ မဟုတ်တာလုပ်တဲ့သူတွေကတော့ ထဘီကိုလဲကြောက်ရ မိန်းမအင်္ကျီလဲကြောက်ရ ငရဲအိုးနဲ့ ဝဠ်လည်မှာလဲ ကြောက်နေရမှာပါ။ ဒီနေ့တွေ့လိုက်တဲ့ ပုံတစ်ပုံမှာ ဘုန်းဘုန်းတစ်ပါးဟာ မိမိသိက္ခာတရားနဲ့ ဘုန်းကံကို ယုံကြည်စွာနဲ့ ထဘီကို လမ်းမတစ်လျောက် လှန်းထားတဲ့ ထဘီအောက်မှာ အေးဆေးတည်ငြိမ်စွာ လျောက်လှမ်းဆွမ်းခံကြွနေတဲ့ ပုံလေးကိုတွေ့မိတော့ သူ့ရဲ့ သိက္ခာယုံကြည်ချက်နဲ့ မြင့်မားတဲ့ စိတ်ဓါတ်ကို လေးစားကြည်ညိုမိပါတယ်။ 

Photo credit - Thandar Hlaing's FB account
Photo credit - Thandar Hlaing's FB account
Photo credit - Thandar Hlaing's FB account
Photo credit - Thandar Hlaing's FB account

ထဘီဟာ ဒီနေ့ International Woman’s Day မှာ ဘာဖြစ်လို့ အလံဖြစ်လာသလဲဆိုတာ့ ပြည်သူတွေကို ရက်စက်စွာ သတ်ဖြတ်အကြမ်းဖက်နေတဲ့ မိစ္ဆာစစ်သူပုန်တွေဟာ ထဘီကို အင်မတန်ကြောက်တဲ့ အတွက် အကြမ်းဖက်စစ်သူပြန်တွေဆီကနေ ကာကွယ်တဲ့ လက်နက်အဖြစ် အသုံးပြုရလောက်အောင် အသုံးဝင်လာလို့ပါပဲ။ ဒီစစ်သူပုန်တွေကြောင့် မိန်းမထဘီတွေရဲ့ အစွမ်းဟာ ရပ်ရွာကို အေးချမ်းဖို့ ကာကွယ်ပေးနိုင်တဲ့ အစွမ်းသတတ္တိရှိတယ်ဆိုတာကို ကျွန်မတို့တွေ အခုသိရပြီ။ အရေးတော်ပုံ အောင်ရမည် " ဆိုတဲ့ စာသားကိုလည်း ရေးသားထားတာပါ။ အရေးတော်ပုံမှာ တစ်ထောင့်တစ်နေရာကနေ ပါဝင်လှုပ်ရှားခဲ့တဲ့ မော်ဒယ်လ် သန္တာလှိုင်ရဲ့ ပုံနဲ့ စာသားတွေကိ ပရိသတ်တွေထံ ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Photo credit - Thandar Hlaing's FB account
Photo credit - Thandar Hlaing's FB account
Photo credit - Thandar Hlaing's FB account
Photo credit - Thandar Hlaing's FB account
Photo credit - Thandar Hlaing's FB account
Photo credit - Thandar Hlaing's FB account

သတင်း အရင်းအမြစ်Source- Thandar Hlaing's FB account

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T