ပရိသတ်ကြီးရေ.. အနုပညာလောကမှာ အသံချိုချိုလေးနဲ့ သီချင်းကောင်းလေးတွေသီဆိုတတ်မှုတွေကြောင့် ပရိသတ်တွေရဲ့တစ်ခဲနက်အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားသူကတော့ အဆိုတော်မေမဒီပဲ ဖြစ်ပါတယ်..။

မေမဒီကတော့ အနုပညာလမ်းကြောင်းမှာ အောင်မြင်စွာရပ်တည်လျှောက်လှမ်းနေသလို လက်ရှိတော်လှန်ရေးတိုက်ပွဲကြီးမှာလည်း ပြည်သူပရိသတ်တွေနဲ့အတူ လူထုလှုပ်ရှားမှုတွေမှာ ပူးပေါင်းပါဝင်လုပ်ဆောင်နေတာလည်း တွေ့ရပါတယ်..။

Photo Credit - May Madi's Fb Acc
Photo Credit - May Madi's Fb Acc

နေ့ရက်တိုင်းလိုလို တော်လှန်ရေးလူထုလှုပ်ရှားမှုတွေပြုလုပ်နေတဲ့ မေမဒီကတော့ ဒီကနေ့လေးမှာလည်း ရှိသမျှအင်အားတွေနဲ့ အင်တိုက်အားတိုက်အစွမ်းကုန်ပါဝင်လှုပ်ရှားမှုနေတာတွေကိုလည်း ပရိသတ်တွေမြင်တွေ့ကြရဦးမှာပါ..။

အဓမ္မကိုမလိုအားလို့လမ်းထွက်ရတာဖြစ်ပြီး လမ်းပေါ်ထွက်သူရဲကောင်းပြည်သူတွေအပြင် သူမတို့အနုပညာမောင်နှမတွေနဲ့အတူ ပူပေါင်းပါဝင်ကာ လူထုလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွနဲ့ အင်တိုက်အားတိုက်ပါဝင်နေတာပဲ ဖြစ်ပါတယ်..။

Photo Credit - May Madi's Fb Acc
Photo Credit - May Madi's Fb Acc
Photo Credit - May Madi's Fb Acc

"ဖိရင်ကြွမယ် ထိရင်ချမယ် ✌🏻

ကျမသည် အဓမ္မအားမလိုလား

သေမှာမကြောက်လို့ ပေတရာလျှောက်နေတာ 🙂

သို့သော်....

သူတို့ကသေစေချင်နေလို့ကို ကျမတို့က သေပေးလို့မဖြစ်တာ

အရေးတော်ပုံအောင်ရမည်

savemyanmar2021

northokalar. ." ဆိုပြီး လှုပ်ရှားမှုတွေမှာပါဝင်ခဲ့တဲ့ ပုံရိပ်လေးတွေကို ဝေမျှထားတာပါ..။

လူထုလှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အတူ ရပ်တည်ကာအားကြိုးမာန်တက်ပါဝင်နွှဲနေတဲ့ အဆိုတော်မေမဒီနဲ့ သူငယ်ချင်းတွေရဲ့ ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအားလုံးအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - May Madi's Fb Acc
Photo Credit - May Madi's Fb Acc

သတင်းအရင်းမြစ်: May Madi's Fb Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။