နွေဦးတော်လှန်ရေးမှာ နောက်မျိုးဆက်တွေ အတွက် ဇွဲမလျော့ပဲ နေ့စဉ် အားသွန်ခွန်စိုက် ကြိုးစား လုပ်ဆောင်နေတဲ့ ပိုပို

//s9.kh1.co/17/1765e16abb7e5c868606b8eca2cee635ec3b701c.jpg
အနုပညာရှင်များ

 ၀၈-မတ်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ.....အမျိုးသမီးတေးသံရှင် ပိုပိုကတော့ ဆွဲဆောင်မှုရှိတဲ့ အသံချိုချိုလေးနဲ့ သီချင်းကောင်းများစွာကို သီဆိုထားတဲ့ အပြင် သူမရဲ့ သီချင်းခွေတွေကလည်း လူငယ်ပရိသတ်တွေကြားမှာ ရေပန်းစားအောင်မြင်နေတာ ပဲဖြစ်ပါတယ်။ပိုပိုဟာ သီချင်းအသစ်တွေကို ဆက်လက်ဖန်တီးနေတာ ဖြစ်ပြီး ဂီတလောကမှာ နာမည်တစ်လုံးနဲ့ ကျော်ကြားနေတဲ့ အဆိုတော် တစ်ဦးဖြစ်ပါတယ်။လက်ရှိအချိန်မှာတော့ သူမက ပြည်သူထဲက ပြည်သူတစ်ယောက် ပဲမို့ လူထုလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွနဲ့ ပူးပေါင်းပါဝင် အားဖြည့်နေတာ ပဲဖြစ်ပါတယ်။

Photo Credit - Po Po FB Page
Photo Credit - Po Po FB Page
Photo Credit - Po Po FB Page
Photo Credit - Po Po FB Page
Photo Credit - Po Po FB Page
Photo Credit - Po Po FB Page
Photo Credit - Po Po FB Page
Photo Credit - Po Po FB Page

ပြည်သူတွေကလည်း မိမိတတ်နိုင်တဲ့ဘက်ကနေ နေ့တိုင်း လမ်းမပေါ်ထွက်ကာ အားကြိုးမာန်တတ်နဲ့ ငြိမ်းချမ်းစွာ ထုတ်ဖော် ပြသနေတာလည်း ဖြစ်ပါတယ်။အလှူရှင်တွေကလည်း တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာကာ ပြည်သူတွေကို လိုအပ်တဲ့ အစားအသောက်တွေနဲ့ ကာကွယ်ရေး ပစ္စည်းတွေကို လိုက်လံ လှူဒါန်းနေတာကိုလည်း တွေ့ရပါတယ်။အခုလို ဖြစ်နေတဲ့ အချိန်တွင် ပိုပိုကလည်း သူမတတ်နိုင်တဲ့ အားနဲ့ ကူညီစောင့်ရှောက်ပေးနေတဲ့ အပြင် အရေးကြီးတဲ့ သတင်းအချက်အလက်တွေကိုလည်း အချိန်နဲ့ တစ်ပြေးညီ မျှဝေပေးနေတာလည်း ဖြစ်ပါတယ်။

Photo Credit - Po Po FB Page
Photo Credit - Po Po FB Page
Photo Credit - Po Po FB Page
Photo Credit - Po Po FB Page
Photo Credit - Po Po FB Page
Photo Credit - Po Po FB Page
Photo Credit - Po Po FB Page
Photo Credit - Po Po FB Page

ဒီနေ့မှာတော့ ပိုပိုက သွေးမအေးပဲ လမ်းမပေါ်တွင် ပြည်သူပရိသတ်တွေနဲ့ အတူ ပါဝင်လုပ်ဆောင်နေတာကို သူမရဲ့ လူမူကွန်ယက် စာမျက်နှာထက်တွင် "နောက်မျိူးဆက်မှာ မတရားမှုကို မကြုံတွေ့စေချင်တော့"ဆိုတဲ့ စာသားနဲ့ အတူ ပုံရိပ်တွေကို ဖော်ပြပေးလာတာ ဖြစ်ပါတယ်။ချစ်ပရိသတ်တွေကလည်း ပိုပိုရဲ့ဇွဲမလျော့ပဲ ဆက်လက်ချီတတ်နေတဲ့ စိတ်ဓာတ်နဲ့ခွန်အားကို လေးစားဂုဏ်ယူလိမ့်မှာ အမှန်ပဲမို့ ပြန်လည်ကူးယူ တင်ဆက်ပေးလိုက်ပါတယ်။

Photo Credit - Po Po FB Page
Photo Credit - Po Po FB Page
Photo Credit - Po Po FB Page
Photo Credit - Po Po FB Page
Photo Credit - Po Po FB Page
Photo Credit - Po Po FB Page
Photo Credit - Po Po FB Page
Photo Credit - Po Po FB Page

သတင်း အရင်းအမြစ်Po Po FB Page

Yamin Kay Khine
Yamin Kay Khine

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T