အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုင်တက်အသင်း၏ ဗဟိုနောက်ခံလူ ဘိုင်လီသည် စပိန်လာလီဂါကလပ် ရီးရဲမက်ဒရစ်အသင်းနှင့် ကစားမည့် စူပါဖလားပွဲတွင် ပါဝင်ကစားခွင့်ရမည်မဟုတ်ပေ။

မန်ချက်စတာယူနိုင်တက်အသင်း၏ ဗဟိုနောက်ခံလူ ဘိုင်လီသည် ပြီးခဲ့သည့် ယူရိုပါလိဂ်ဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့တွင် ဆယ်တာဗီဂိုနှင့် ပွဲတွင် အနီကတ်ပြခံခဲ့ရသောကြောင့် ဥရောပပွဲစဉ် ၃ပွဲတွင် ပါဝင်ခွင့်ရမည်မဟုတ်ပေ။

ဗဟိုနောက်ခံလူ ဘိုင်လီသည် ယမန်နှစ်က ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုင်တက်အသင်းအတွက် ပြိုင်ပွဲစုံ ၃၈ပွဲပါဝင်ကစားကာ အကောင်းဆုံးခြေစွမ်းပြထားနိုင်ခဲ့သည်။

Hein

သတင်းအရင်းမြစ် Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။