တန်ဖိုးရှိတဲ့ပြည်သူတွေထပ်ပြီး အပါမခံနိုင်တော့တာကြောင့် အရေးကြုံလာတိုင်း သူတို့တွေနဲ့ထိပ်တိုက်ရင်ဆိုင်မတွေ့ကြဖို့ တောင်းဆိုလိုက်တဲ့ ဖွေးဖွေး

//s9.kh1.co/80/80ba0c619311cf5d9e7d7a230e704e794dc96eef.jpeg
အနုပညာရှင်များ

 ၀၉-မတ်-၂၀၂၁ ၈am · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင်  မင်းသမီး  ဖွေးဖွေးကတော့  ပရိသတ်တွေရဲ့  တစ်ခဲနက်  ဝန်းရံအားပေးမှုတွေနဲ့  အနုပညာလောကမှာ   ဆယ်စုနှစ်ကျော်တိုင်အောင်  ရပ်တည်လာခဲ့သူတစ်ဦးပဲ  ဖြစ်ပါတယ်။  သူမကတော့  မြန်မာနိုင်ငံတွင်   လက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ  ပြည်သူတွေနဲ့အတူ ရဲရဲဝံ့ဝံ့  ပူးပေါင်းပါဝင်နေတာလည်း  ဖြစ်ပါတယ်။  မြေပြင်မှာတွေ့ကြုံနေရတဲ့  သတင်းအချက်အလက်တွေကိုလည်း  သူမရဲ့  လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့်  ဝေမျှပေးနေတာလည်း  ဖြစ်ပါတယ်။

Photo Crd-Phway Phway’s Facebook Page 
Photo Crd-Phway Phway’s Facebook Page 
Photo Crd-Phway Phway’s Facebook Page 
Photo Crd-Phway Phway’s Facebook Page 

မနေ့ညကလည်း  ဖွေးဖွေးရဲ့ Facebook Page တွင်  တန်ဖိုးရှိတဲ့ပြည်သူတွေထပ်ပြီး အပါမခံနိုင်တော့တာကြောင့်  အရေးကြုံလာတိုင်း သူတို့တွေနဲ့ထိပ်တိုက်ရင်ဆိုင်မတွေ့ကြဖို့ တောင်းဆိုနေတာပဲ  ဖြစ်ပါတယ်။  သူမကလည်း " GEN Z ​ညီမ​လေး ​မောင်​လေးတို့ 

ရဲရဲ​တောက်သတ္တိ​တွေရှိတာ ကမ္ဘာက​ရော ​မဖွေးတို့ Gen Y ​တွေ ​ရော Gen X ​တွေအားလုံး​ကော မျက်ဝါးထင်ထင် ​တွေ့ခဲ့ရပြီးပါပြီ ... 

အားလုံးရဲ့ ​ပေးဆပ်မှု​တွေ​​ကြောင့် နိုင်​တော့မှာအ​သေအချာပါ!!! 

ဟိုဘက်ကနေ ဖြိုခွင်းပါတယ် အ​ကြောင်းပြပြီး ​သေ​စေတဲ့လက်နက်​တွေသုံး ပြည်သူ​တွေကိုအကြမ်းဖက် ​နေတာ​တောင် ဘာလက်နက်မှမပါဘဲ ရင်​ကော့ဆန္ဒပြခဲ့ကြ, အချင်းချင်းကာကွယ်ကူညီ ခဲ့ကြတာ ​တွေ့ရ​တော့ ရင်ထဲနင့်​နေ​အောင်​လေးစားရပါတယ်... 

But...တိုင်းပြည် အတွက် ဒီ​လောက်တန်ဖိုးမဖြတ်နိုင်တဲ့ စိတ်ဓာတ် နဲ့ ဒီလိုသတ္တိခဲ ​လေး​တွေ.. 

Gen X, Y, Z ဘယ် သူ့ကို မှ ထပ်မဆုံးရှုံးပါရ​စေနဲ့​တော့... 

​နောက်​နေ့ ဆန္ဒပြပါ။ ​ပြေးစရာရှိ အပီ​ပြန်ပြေး။ 

ကမ္ဘာကိုသိ​နေပြီးသား​ပေမယ့် ထပ်သိ​အောင်သာ Social  Media က ထပ် ပြဖို့ Footage ရရင်ရပါပြီ! 

Photo Crd-Phway Phway’s Facebook Page 
Photo Crd-Phway Phway’s Facebook Page 
Photo Crd-Phway Phway’s Facebook Page 
Photo Crd-Phway Phway’s Facebook Page 

တ​စ်နေကုန် အပြင်မှာ မ​နေပါနဲ့ ..! 

သုသု ​ပြော သလို သူတို့ကိုပဲ ​နေလှန်းထားလိုက်ပါ

I Don't want to discourage you coz I Respect each and everyone of  You out there! ?✨????

Only Pls do One thing for me if you can... 

နှလုံးသား​ကော ရှက်​ကြော​ရော, ဆင်ခြင်တုံတရားပါ ​မွေးထဲက ပါမလာတဲ့ အဲ့လူတွေနဲ့ တတ်နိုင်ရင်ထိပ်တိုက်အနီးကပ် မ​တွေ့ကြပါနဲ့​​တော့.. . မတန်လို့!

တန်ဖိုးရှိတဲ့ ​ဖွေးတို့ပြည်သူ တ​စ်ယောက်မှ ထပ်အပါမခံနိုင်​​တော့လို့... 

နိုင်ကို နိုင်​တော့မှာ မို့ အ​ရေး​တော်ပုံ​အောင်​တော့မှာမို့ ပိုပါးနပ်​ပေးကြပါ... 

ပါးပါးနပ်နပ် သတ္တိရှိရှိ ဆက်ရင်ဆိုင်မယ်! 

ဒါ​တွေအားလုံးပြီးတော့မှ ဟိုဘက်ကို တူတူ အားရပါးရ ဟားချင်​သေးလို့ ! 

With Much Love & Respect to BRAVER GEN Z ," ဆိုပြီး  ရေးသားထားတာဖြစ်လို့  ပရိသတ်တွေအတွက်  ဒီသတင်းလေးကို  တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်  ရပါတယ်နော်။

Source and Photo Crd-Phway Phway’s Facebook page 

88-Born-Gen-Y-Phway

Photo Crd-Phway Phway’s Facebook Page 
Photo Crd-Phway Phway’s Facebook Page 
Photo Crd-Phway Phway’s Facebook Page 
Photo Crd-Phway Phway’s Facebook Page 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T