အလှူငွေနဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုနေကြတဲ့အပေါ် ပြန်လည်ရှင်းပြလာခဲ့တဲ့ ချယ်ရီသင်း

//s9.kh1.co/a4/a4802fed894538bd11cc6d58ec90bfeaa171345c.jpg
အနုပညာရှင်များ

 ၀၉-မတ်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

လတ်တလော လူထုလှုပ်ရှားမှုတွေမှာပါဝင်ရင်း အသက်ပေးလိုက်ရတဲ့ သူရဲကောင်းတွေကိုရော ဒဏ်ရာအနာတရ ရရှိတဲ့ သူတွေကို အမှန်တရားကို လိုလားကြတဲ့ ပြည်သူတွေနဲ့ အနုပညာရှင်တွေက တတ်နိုင်သလောက် အလှူငွေကူညီထောက်ပံ့လှူဒါန်းမှုတွေ ရှိပါတယ်။ သူရဲကောင်းတွေကို ကူညီလှူဒါန်းပေးနေတဲ့ အထဲမှာ အဆိုတော် ​ချယ်ရီသင်း တစ်ယောက်လည်း အပါအဝင်ပဲ ဖြစ်ပါတယ်။ ချယ်ရီသင်းက စေတနာရှင်တွေနဲ့ စုပေါင်းပြီး ရပ်ဝေးရပ်နီးက အာဇာနည်သူရဲကောင်းတွေကို တတ်နိုင်သလောက် အလှူငွေလှူဒါန်းပေးနေတာ ဖြစ်ပါတယ်။

Photo Credit - Cherry Thin fb page
Photo Credit - Cherry Thin fb page
Photo Credit - Cherry Thin fb page
Photo Credit - Cherry Thin fb page

ဒီလိုကူညီလှူဒါန်းပေးနေတဲ့ အချိန်လေးမှာ တချို့သူတွေရဲ့ ဝေဖန်ပြောဆိုနေတာနဲ့ ပတ်သက်ပြီး ယခုမှာ ချယ်ရီသင်းက လူမှုကွန်ယက်မှာ ပြန်လည်ရှင်းပြလာခဲ့ပါတယ်။ " ဒီလို Comment တွေမန့်တဲ့လူတွေရဲ့စိတ်ထဲဝင်ကြည့်ချင်တယ်......ချယ်လည်းမချမ်းသာပါဘူး ဒါပေမဲ့ အလှူငွေကို စားရလောက်သည်အထိအသိဉာဏ်ကင်းမဲ့မနေဘူး.....ချယ့်နေရာ လာဝင်ပြီးလုပ်ကြည့် ဘယ်လောက်စိတ်ရှည်ပေးရလဲ ...ဖုန်းဆိုည ၂နာရီအထိဆက်တဲ့ လူတွေရှိတယ်မနက်ဆို အစောကြီး ဆက်တယ် စိတ်မညစ်ပဲကိုင်ပေးတယ်.....

Photo Credit - Cherry Thin fb page
Photo Credit - Cherry Thin fb page
Photo Credit - Cherry Thin fb page
Photo Credit - Cherry Thin fb page

ဒါတောင်လှူတာ မဟုတ်ပဲ ဒီတိုင်းနှောက်ယှက်ဖို့ဆက်တဲ့ သူတွေပါသေးတယ်.......လိုအပ်တဲ့လူတွေကိုရစေချင်လို့ ကျွန်မ(၁)ကျပ်တောင်မစားဘူး ဒီနေ့ဆို အရမ်းနေမကောင်းဖြစ်နေတာတောင် ရအောင်နိူင်သလောက်လုပ်ပေးတယ်....ထပ်ပြောမယ်ကိုယ့်စိတ်နဲ့မနှိုင်းပါနဲ့ငွေမြင်ရင်ငမ်းငမ်းတတ်ဖြစ်သွားတတ်တဲ့ အထဲကျွန်မမပါဘူး" ဆိုပြီး ရေးသားဖော်ပြထားပါတယ်။ ကဲ..ပရိသတ်ကြီးရေ တစ်ထောင့်တစ်နေရာကနေအမှန်တရားကိုလိုလားကြတဲ့ ပြည်သူတွေအတွက် မွန်မြတ်တဲ့ပရဟိတလေးကို လုပ်ကိုင်ပေးနေတဲ့ ချယ်ရီသင်းကို အားပေးစကား ပြောပေးခဲ့ပါဦး။

Photo Credit - Cherry Thin fb page
Photo Credit - Cherry Thin fb page
Photo Credit - Cherry Thin fb page
Photo Credit - Cherry Thin fb page

သတင်း အရင်းအမြစ်Source - Cherry Thin fb page



Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T