အရေးတော်ပုံအောင်ဖို့လက်တစ်ကမ်းသာလိုတော့တာကြောင့် အချင်းချင်းသွေးမကွဲကြဘဲ စည်းလုံးညီညွတ်ကြဖို့ တိုက်တွန်းလာတဲ့ ကိုပေါက်

//s9.kh1.co/79/791a37cc78083926b34413d096599e90929a364c.jpeg
အနုပညာရှင်များ

 ၀၉-မတ်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

 ကိုပေါက်ကတော့  နှစ်တွေအတော်ကြာတဲ့အထိ  သရုပ်ဆောင်အဖြစ်နဲ့  ဗီဒီယိုဇာတ်ကားများတွင်  ပါဝင်ရိုက်ကူးခဲ့ပြီး  လက်ရှိအချိန်မှာလည်း  ဒါရိုက်တာအဖြစ်နဲ့  ရုပ်ရှင်ဇာတ်ကားတွေကို  ဖန်တီးတင်ဆက်နေသူလည်း  ဖြစ်ပါတယ်။   အရေးကြုံတဲ့အခါတိုင်း  မြန်မာပြည်သူပြည်သားများနဲ့အတူ  လူထုလှုပ်ရှားမှုတွေမှာ  အတူတူပူးပေါင်းဆောင်ရွက်ခဲ့တာလည်း  ဖြစ်ပါတယ်။  အခြေအနေအရပ်ရပ်ကြောင့်  ထွက်ပြေးတိမ်းရှောင်နေရပေမယ့်လည်း  အရေးကြီးတဲ့ သတင်းအချက်အလက်တွေကိုတော့  အချိန်ရရင် ရသလို  သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားဝေမျှပေးနေတာလည်း  ဖြစ်ပါတယ်။

Photo Crd-Aung Min Naing’s Facebook Account 
Photo Crd-Aung Min Naing’s Facebook Account 
Photo Crd-Aung Min Naing’s Facebook Account 
Photo Crd-Aung Min Naing’s Facebook Account 

လတ်တလောအခြေအနေတွေ  ပြင်းထန်နေတာကြောင့်  ပြည်သူတွေစိုးရိမ်ကာ အချင်းချင်းသွေးကွဲနေရမယ့်အချိန်မဟုတ်ဘဲ  အရေးတော်ပုံအောင်နိုင်ဖို့အတွက်  တတ်နိုင်တဲ့ဘက်ကနေ  ကြိုးစားသင့်ကြောင်းကို  အခုလိုပဲ  ရေးသားဝေမျှပေးထားတာပဲ  ဖြစ်ပါတယ်။  " “ထရံကာ၊ဓနိမိုးအိမ်ဆောက်နေတာမဟုတ်ဘူး”

??CRPHနဲ့ဒေါက်တာဆာဆာ၊ဦးကျော်မိုးထွန်း

တို့သံတမန်လုပ်ဆောင်ချက်တွေကို နှေးတယ်၊စာပဲထုတ်နေကြတော့၊တခါးပိတ်စည်းအဝေးပြီးရင်

တံခါးဟစိဟစိ တွေထပ်လုပ်မယ်ဆိုပြီး ဟဟပေးနေတဲ့သူတွေကို မေတ္တာရပ်ခံချင်ပါတယ်???

ဒီအချိန်က တစ်ယောက်နဲ့တစ်ယောက် အပြစ်ပြောရမယ့်အချိန်မဟုတ်ပါဘူး။

Xတွေ

Yတွေ

Zတွေ ဆိုပြီးသွေးခွဲရမယ့်အချိန်မဟုတ်ဘူး။

စဉ်းစားကြည့်ပါ။

CRPHရဲ့အသက်ဟာဆိုရင် ရက်သားပဲရှိပါသေးတယ်။ဒီရက်သားလေးရဲ့လုပ်ဆောင်ချက်က  ခရီးပေါက်ပြီးအားကောင်းတယ်ဆိုတာ သိထားရပါမယ်။

ဓနိမိုး ထရံကာအိမ်တစ်လုံးကို ဆောက်မယ်ဆိုရင်တောင် တစ်ပတ် နှစ်ပတ်တော့အချိန်ယူဆောက်ရပါတယ်။အခုတည်ဆောက်နေတာက ထရံအိမ်မဟုတ်ဘူး။

လူသန်း၅၀ကျော်ကို လုံလုံခြုံခြုံအေးအေးချမ်းချမ်းနေလို့ရမယ့် ခံတပ်ကြီးဆောက်နေတာပါ။

ချက်ခြင်းတော့ဘယ်ရမလည်းဗျာ။

စိတ်ရှည်သည်းခံရမှာပေါ့။

မလောကြပါနဲ့။

ဒေါသရှေ့မထားပါနဲ့။

စနစ်တကျပြင်ဆင်ပြီး စနစ်တကျတော်လှန်ရမယ့်အခြေအနေမှာ လူကြီးတွေက ကလေးတွေကို

အကြံပေးပါ။ဝန်းရံပေးပါ။ကာကွယ်ပေးပါ။

ထောက်ပံ့ပေးပါ။မြှောက်ပေးနေတာမဟုတ်ဘူး။

ကလေးတွေကို တွေဝေစေမယ့်စကားအစား 

ခွန်အားဖြစ်မယ့်စကားတွေပြောပေးပါ။

သွေးမကွဲကြပါနဲ့။သွေးမခွဲကြပါနဲ့။

ကျွန်တော်တို့တွေရဲ့လုပ်ဆောင်ချက်တွေက 

နိုင်ငံအတွက်လိုအပ်တဲ့ အုပ်တစ်ချပ်

သဲတစ်ပွင့်ဖြစ်ခွင့်ရတယ်ဆိုတော်ပါပြီ။

ဒီလောက်ပါပဲ။အရေးကြီးတာ လူငယ်တွေရဲ့အနာဂတ်ကောင်းဖို့အတွက်လုပ်နေကြတာပဲမဟုတ်ဘူးလား။

ကျွန်တော့ရဲ့အခုလက်ရှိအခြေအနေအရ

ကျွန်တော်တို့အသက်အရွယ်အရ အတွေအကြုံတွေ

ချပြကြမယ်။အကြံပြုကြမယ်။အသက်မပေးရဘဲ ဆက်လက်တိုက်ပွဲဝင်လို့ရမယ့်နည်းတွေ 

ပြောပြကြမယ်။ဒါတွေလုပ်ပေးရမှာလေ။

မဟုတ်ဘူးလား။မတွေဝေကြပါနဲ့။

Photo Crd-Aung Min Naing’s Facebook Account 
Photo Crd-Aung Min Naing’s Facebook Account 
Photo Crd-Aung Min Naing’s Facebook Account 
Photo Crd-Aung Min Naing’s Facebook Account 

ဒီတ်ိုက်ပွဲက 

ခေတ်သစ်ဘုရင်နောင်ဖောင်ဖျက်တိုက်တဲ့ 

တိုက်ပွဲဖြစ်တယ်။

နောက်ပြန်လှည့်လို့မရဘူး။

အခုအချိန်ကအသက်ပေးတိုက်စရာမလိုတော့ပါဘူး၊

အင်အားကိုချွေတာပြီး ခံစစ်သုံးရမယ်။

အကြမ်းဖက်ပြီးတုံ့ပြန်ဖို့မစဉ်းစားပါနဲ့။

အကြမ်းဖက်ဖို့ မစည်းရုံးပါနဲ့။

အကြမ်းဖက်ဖို့မြှောက်မပေးပါနဲ့။

ကိုယ့်ဖက်က အကျအဆုံးနည်းပြီး သူတို့တွေ

ယုန်တောင်ပြေးခွေးမြောက်လိုက် ပုံမျ်ိုးဖြစ်အောင်

လှုပ်ရှားပါ။သူတို့တွေကို ပင်ပန်းအောင် ဆီကုန်အောင် စိတ်ပျက်အောင်လုပ်တဲ့လမ်းစဉ်ကိုစဉ်းစားပါ။

#အရေးတကြီးမှာချင်တာက သေနတ်တွေရလာခဲ့

ရင် ချက်ချင်း ရဲလက်အပ်ပါ။???

အောင်ပွဲရဲ့အလံက လက်တစ်ကမ်းမှာရောက်နေပါပြီ

မကြာမီအောင်ပွဲခံဖို့အတွက် ပွဲသိမ်းခရာသံစောင့်ဖို့ပဲလိုပါတော့တယ်။

အားမကုန်စေနဲ့ အားတင်းထား။

#အရေးတော်ပုံအောင်ရမည်။

(တော်လှန်ရေးအတွက်ကျဆုံးသွားသော

 သူရဲကောင်းများကိုအမြဲဦးညွှတ်လျှက်)

ကိုပေါက်(၉.၃.၂၀၂၁) " ဆိုပြီး ရေးသားထားတာပဲ  ဖြစ်ပါတယ်။  အားလုံးလည်း  ဒီအချိန်မှာ စိတ်ဝမ်းမကွဲကြဘဲ  လိုချင်တဲ့ပန်းတိုင်ကို  အမြန်ဆုံးရောက်အောင်  စည်းလုံးညီညွတ်မှုဖြင့်  အတူကြိုးစားကြရအောင်ပါနော်။

Source and Photo Crd-Aung Min Naing’s Facebook Account 

Photo Crd-Aung Min Naing’s Facebook Account 
Photo Crd-Aung Min Naing’s Facebook Account 
Photo Crd-Aung Min Naing’s Facebook Account 
Photo Crd-Aung Min Naing’s Facebook Account 
Photo Crd-Aung Min Naing’s Facebook Account 
Photo Crd-Aung Min Naing’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T