စိတ်ကောင်းရှိတဲ့ပြည်သူတွေ လူ့အခွင့်အရေးချိုးဖောက်ခံနေရတာ မြင်တွေ့ရတိုင်း ဝမ်းနည်းနေရတဲ့ ပက်ထရစ်ရှာ

//s9.kh1.co/54/54047e35b716d42d34aa0ffc86672ec123235e0f.jpeg
အနုပညာရှင်များ

 ၀၉-မတ်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင်  မင်းသမီး  ပက်ထရစ်ရှာကတော့  ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားတော်တော်များများမှာ  သရုပ်ဆောင်ရင်း  ပရိသတ်တွေရဲ့  ချစ်ခင် အားပေးမှုတွေကို  သိမ်းပိုက်ရရှိထားတာပဲ  ဖြစ်ပါတယ်။  လူထုလှုပ်ရှားမှုတွေမှာလည်း  ပြည်သူတွေထဲက  ပြည်သူတစ်ယောက်ဖြစ်တာကြောင့်  အိမ်ကလူတွေစိတ်ပူပြီး  မလွှတ်တဲ့ကြားထဲက  မရရအောင်  ကြိုးစားပါဝင်ခဲ့တာလည်း  ဖြစ်ပါတယ်။  မြန်မာနိုင်ငံက  လက်ရှိအခြေအနေတွေကိုလည်း  နိုင်ငံတကာမှသိရှိနိုင်အောင်လည်း  ဆိုရှယ်မီဒီယာတွေမှတစ်ဆင့်  ဗီဒီယိုဖိုင်တွေ  ဝေမျှ လုပ်ဆောင်နေတာလည်း  ဖြစ်ပါတယ်။  

Photo Crd-Sue Sha Naing’s Facebook Page 
Photo Crd-Sue Sha Naing’s Facebook Page 
Photo Crd-Sue Sha Naing’s Facebook Page 
Photo Crd-Sue Sha Naing’s Facebook Page 

မနေ့ညကလည်း  ရန်ကုန်တစ်မြို့လုံးသာမကဘဲ  အနယ်နယ်အရပ်ရပ်က  လူထုလှုပ်ရှားမှုတွင်  ပါဝင်နေကြတဲ့  ပြည်သူများက  စမ်းချောင်းမှာ  ပိတ်မိနေတဲ့  လူငယ်တွေအတွက်  စိုးရိမ်ပူပန်နေကြတာပါ။   တစ်ခြားမြို့နယ်က  ပြည်သူတွေကလည်း  သူတို့နေထိုင်ရာနေရာများမှ  ညပိုင်းလူထုလှုပ်ရှားမှုတွေလုပ်ကာ  စမ်းချောင်းမြို့နယ်အတွက်  တတ်နိုင်တဲ့ ဘက်ကနေ  ကူညီပေးခဲ့ကြတာပါ။  ပက်ထရစ်ရှာကလည်း  စိတ်ကောင်းရှိတဲ့ပြည်သူတွေ  လူ့အခွင့်အရေးချိုးဖောက်ခံနေရတာမြင်တွေ့တိုင်း ဝမ်းနည်းနေရကြောင်းကို  သူမရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်  အခုလိုပဲ  ရေးသားထားတာပဲ ဖြစ်ပါတယ်။

Photo Crd-Sue Sha Naing’s Facebook Page 
Photo Crd-Sue Sha Naing’s Facebook Page 
Photo Crd-Sue Sha Naing’s Facebook Page 
Photo Crd-Sue Sha Naing’s Facebook Page 

" အိမ်ရှင်တွေဖမ်းခံရမှာစိုးလို့ ကျွန်တော်တို့ ဆန္ဒပြလူငယ်တွေက လှေကားပေါ်မှာထွက်ထိုင်နေကြပါတယ်တဲ့ 

အိမ်ရှင်အချို့က ဖမ်းရင်လည်းခံပါ့မယ်

အိမ်ထဲမှာပဲနေပါဆိုပြီး ငိုယိုပြီး ပြန်ခေါ်တယ်တဲ့ 

လက်နက်မဲ့တဲ့ ကျွန်တော်တို့ ပြည်သူတွေကို လက်နက်နဲ့ အကြမ်းဖက်အနိုင်ကျင့်နေတဲ့အပေါ် အပြင်းအထန် ရှုံ့ချပါတယ်

ဒီလောက်စိတ်ကောင်းရှိတဲ့ကျနော်တို့ ပြည်သူတွေ 

လူ့အခွင့်ရေးတွေ ချိုးဖောက်ခံနေရတာ အင်မတန်မှစိတ်မကောင်းဖြစ်ရပါတယ် ???

ပြည်သူ့မျက်ရည်တွေအမြန်ဆုံးတိတ်ပါစေ  ??

#HearTheVoiceOfMyanmar

#rejectmilitarydictatorship

#SaveSanChaung

#SaveMyanmar " ဆိုပြီး  ရေးသားထားတာပဲ  ဖြစ်ပြီး  ပရိသတ်တွေအတွက်  ဒီသတင်းလေးကို  တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ရပါတယ်နော်။

Source and Photo Crd-Sue Sha Naing’s Facebook Page 

Photo Crd-Sue Sha Naing’s Facebook Page 
Photo Crd-Sue Sha Naing’s Facebook Page 
Photo Crd-Sue Sha Naing’s Facebook Page 
Photo Crd-Sue Sha Naing’s Facebook Page 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T