မြန်မာပြည်သူပြည်သားတွေကတော့ ဖြိုခွင်းခံရတဲ့အခက်အခဲတွေအပြင် တစ်ခြားသောအခက်အခဲတွေများစွာရှိကြပေမယ့်လည်း ဇွဲမလျော့ကြဘဲ အားမာန်အပြည့်နဲ့ နွေဦးတော်လှန်ရေးကို ဆင်နွှဲနေကြတာပဲဖြစ်ပါတယ်။ ပြည်သူလူထုကတော့ ချစ်ချစ်ခင်ခင်၊စည်းစည်းလုံးလုံးနဲ့ လူထူလှုပ်ရှားမှုတွေကို ပြုလုပ်ကြတဲ့အပြင် နွေဦးတော်လှန်ရေးမှာ ကျဆုံးသွားတဲ့ သူရဲကောင်းတွေအတွက်လည်း အလှူငွေတွေပေးအပ်လှူဒါန်းပြီး ကူညီဖေးမလျက်ရှိနေခဲ့ပါတယ်။


နာမည်ကြီးအနုပညာရှင်တွေများစွာကလည်း အမှန်တရားဘက်ကနေ ရပ်တည်ကြရင်း ပြည်သူတွေကို တတ်နိုင်သလောက်အကူအညီတွေပေးနေကြပါတယ်။ အဆိုတော်အောင်လကလည်း နွေဦးတော်လှန်ရေးမှာ ကိုယ်တိုင်ပါဝင်လျက်ရှိနေခဲ့ပြီး ပြည်သူတွေနဲ့အတူ ရပ်တည်ကြောင်းပြသခဲ့ပါတယ် ။ယခုမှာအောင်လတစ်ယောက်ဟာ အသက်၁၈၊၁၉နဲ့ ပြည်သူတွေကို ရှေ့ကနေကာကွယ်ပေးရဲတဲ့ Gen Zလူငယ်တွေရဲ့ သတ္တိကို ချီးကျူးစကားဆိုလိုက်ပါတယ်။


သူကတော့ " ငယ်ငယ် က သေရမှာ ကို မကြောက်တာ အခု နည်းနည်းကြောက်တတ်နေပြီလူဆိုတာ အသက်ကြီးလေး သေရမှာ ကြောက်လေလားမသိဘူးGeneration z ကို လေးစားတယ် ၁၈၊၁၉ နှစ် နဲ့ နေ့တိုင်းလမ်းပေါ်မှာ ရှေ့ကနေ ပြည်သူ့ အတွက်ကာကွယ်ရဲတဲ့သတ္တိ မနည်းဘူး " ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးပြုလုပ်နေကြတဲ့ မြန်မာပြည်သူပြည်သားတွေအားလုံးဘေးဒုက္ခတွေများစွာမှ ကင်းဝေးပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
Source: reodineius aung la ' s facebook acc


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။