သူမစံထားရသောပုဂ္ဂိုလ်နှစ်ဦးဖြစ်တဲ့ ဦးကျော်သူတို့ဇနီးမောင်နှံကို ဘေးရန်ကင်းဖို့အတွက် ဆုတောင်းပေးလိုက်တဲ့ချစ်ချစ်ဇော်

//s9.kh1.co/c5/c51bb6112fe3c22d540435235a36e0260144134b.jpeg
အနုပညာရှင်များ

 ၀၉-မတ်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

သူမစံထားရသောပုဂ္ဂိုလ်နှစ်ဦးဖြစ်တဲ့ ဦးကျော်သူတို့ဇနီးမောင်နှံကို ဘေးရန်ကင်းဖို့အတွက် ဆုတောင်းပေးလိုက်တဲ့ချစ်ချစ်ဇော်

သရုပ်ဆောင်လင်းဇာနည်ဇော်နဲ့ချစ်ချစ်ဇော်တို့ ညီအစ်မနှစ်ယောက်ကတော့ လူထုလှုပ်ရှားမှုတွေမှာလည်းတက်တက်ကြွကြွပါဝင်ရင်း အလှူအတန်းတွေပါလုပ်ဆောင်နေတာဖြစ်ပါတယ်။လင်းဇာနည်ဇော်တို့ညီအစ်မနှစ်ယောက်က  စားစရာတွေကို ကိုယ်တိုင်ပြင်ဆင်ပြီး ပြည်သူတွေအဟာရပြည့်ဖို့အတွက် လှူဒါန်းပေးနေတာဖြစ်ပါတယ်။လင်းဇာနည်ဇော်တို့မိသားစုကတော့ ပြည်သူတွေနဲ့ တစ်သားတည်းရပ်တည်ပြီး နေ့စဉ်ရက်ဆက် မမောမပန်းနိုင်ဘဲ လမ်းမပေါ်ထွက်နေကြတာဖြစ်ပါတယ်။

Photo Credit:Chit Chit Zaw’s Facebook Acc 
Photo Credit:Chit Chit Zaw’s Facebook Acc 
Photo Credit:Chit Chit Zaw’s Facebook Acc 
Photo Credit:Chit Chit Zaw’s Facebook Acc 

လင်းဇာနည်ဇော်တို့ အနုပညာရှင်အသိုင်းအဝိုင်းက ပြည်သူလူထုနဲ့အတူ ပူးပေါင်းပါဝင်ပြီး တတ်နိုင်တဲ့ဘက်ကနေကူညီပေးနေတာဖြစ်ပါတယ်။အခုလိုမျိုး အနုပညာရှင်တွေက ထိပ်ဆုံးကနေ တက်တက်ကြွကြွပါဝင်နေတာဖြစ်လို့သူတို့ရဲ့လုံခြုံရေးကိုလည်း အထူးဂရုစိုက်နေရတာဖြစ်ပါတယ်။လတ်တလောမှာဆိုရင် ဦးကျော်သူတို့ဇနီးမောင်နှံကလည်း သူတို့ရဲ့လုံခြုံရေးအတွက် ခဏရှောင်တိမ်းနေထိုင်နေတာဖြစ်ပါတယ်။ပြည်သူတွေကလည်း ဦးကျော်သူအတွက် တပ်ညီလက်ညီနဲ့ တတ်နိုင်သလောက်ဝန်းရံပေးနေကြတာဖြစ်ပါတယ်။

Photo Credit:Chit Chit Zaw’s Facebook Acc 
Photo Credit:Chit Chit Zaw’s Facebook Acc 
Photo Credit:Chit Chit Zaw’s Facebook Acc 
Photo Credit:Chit Chit Zaw’s Facebook Acc 
Photo Credit:Kyaw Thu’s Facebook Acc 
Photo Credit:Kyaw Thu’s Facebook Acc 

ချစ်ချစ်ဇော်ကတော့ သူမစံထားရတဲ့ပုဂ္ဂိုလ်တွေဖြစ်တဲ့ ဦးကျော်သူတို့ဇနီးမောင်နှံကို ဘေးအန္တရာယ်ကင်းဖို့အတွက်ဆုတောင်းပေးနေတာဖြစ်ပါတယ်။ဦးကျော်သူတို့ဇနီးမောင်နှံကလည်း လူသားအကျိုးပြုနေကြတဲ့ မေတ္တာရှင်၊စေတနာရှင်တွေဖြစ်ကြလို့ အခုလိုသူတို့ အန္တရာယ်နဲ့ကြုံနေရတဲ့အချိန်မှာလည်း ပြည်သူတွေက ပြန်လည်ကူညီကြတာဖြစ်ပါတယ်။အခုချိန်မှာတော့ ပြည်သူလူထုက အချင်းချင်းကာကွယ်စောင့်ရှောက်ကြပြီး ဖြစ်လာသမျှအခြေအနေကို စည်းစည်းလုံးလုံးနဲ့ဖြေရှင်းနေကြတာဖြစ်ပါတယ်။

Photo Credit:Kyaw Thu’s Facebook Acc 
Photo Credit:Kyaw Thu’s Facebook Acc 
Photo Credit:Kyaw Thu’s Facebook Acc 
Photo Credit:Kyaw Thu’s Facebook Acc 

Source&Photo Credit:Chit Chit Zaw’s Facebook Acc 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T