အန္တရာယ်တွေကြားကနေ လမ်းပေါ်ထွက်လာပြီး အစွမ်းကုန်ကြိုးစားနေတဲ့ ပြည်သူတွေကို သူကိုယ်တိုင်သွားရောက်ဝန်းရံခဲ့တဲ့ လွင်မိုး

//s9.kh1.co/8d/8d2237706db83943a6a780d576fc1b8b9c5fb0ce.jpg
အနုပညာရှင်များ

 ၀၉-မတ်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

အန္တရာယ်တွေကြားကနေ လမ်းပေါ်ထွက်လာပြီး အစွမ်းကုန်ကြိုးစားနေတဲ့ ပြည်သူတွေကို သူကိုယ်တိုင်သွားရောက်ဝန်းရံခဲ့တဲ့ လွင်မိုး

မင်းသားကြီးလွင်မိုးကတော့ လူထုလှုပ်ရှားမှုတွေမှာ ထိပ်ဆုံးကနေ တက်တက်ကြွကြွပါဝင်ပြီး ကိုယ့်တိုင်းပြည်ရဲ့အကျိုးအတွက် တာဝန်ကျေပွန်နေတာ ဖြစ်ပါတယ် ။ အတွေ့အကြုံရှိတဲ့ ဇင်ဝိုင်းနဲ့လွင်မိုးတို့နှစ်ယောက်က လူငယ်တွေကို အန္တရာယ်ကင်းအောင် စောင့်ရှောက်ပေးပြီး သိသင့်သိထိုက်တာတွေကို မှာကြားပြောပြပေးခဲ့တာ ဖြစ်ပါတယ် ။ အထူးသဖြင့် လွင်မိုးက အနုပညာရှင်များအဖွဲ့မှာ ဦးဆောင်ပါဝင်ပြီး တစ်ရက်မှမနားဘဲ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Lwin Moe's FB Acc
Photo Credit-Lwin Moe's FB Acc
Photo Credit-Lwin Moe's FB Acc
Photo Credit-Lwin Moe's FB Acc

လွင်မိုးက သူကိုယ်တိုင်ပါဝင်တဲ့အပြင် ဒီကာလမှာ လမ်းပေါ်ထွက်ပြီး ကြိုးစားပေးနေတဲ့ လူငယ်လေးတွေအတွက်လည်း စားစရာနဲ့ ရေသန့်ဘူးတွေ ဝေငှပေးခဲ့တာ ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ရက်ကလည်း လွင်မိုးတို့မိသားစုက လူထုလှုပ်ရှားပြုလုပ်နေတဲ့ ပြည်သူတွေအတွက် သန့်ရှင်းလတ်ဆတ်တဲ့ Sandwich တွေကို ကိုယ်တိုင်ပြုလုပ်ပြီး လှူဒါန်းခဲ့တာ ဖြစ်ပါတယ် ။ အခုလည်း မင်းသားကြီး လွင်မိုးက အန္တရာယ်ရှိနေတဲ့ကြားကနေ လမ်းပေါ်ကိုရဲရဲဝင့်ဝင့်ထွက်လာပြီး လူငယ်တွေနဲ့အတူ ပါဝင်အားဖြည့်ပေးနေတာ ဖြစ်ပါတယ် ။

Photo Credit-Lwin Moe's FB Acc
Photo Credit-Lwin Moe's FB Acc
Photo Credit-May Thu's FB Acc
Photo Credit-May Thu's FB Acc
Photo Credit-Lwin Moe's FB Acc
Photo Credit-Lwin Moe's FB Acc

မနေ့ကဆိုရင် လွင်မိုးက ရန်ကုန်မြို့ရဲ့တစ်နေရာမှာ ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်ခဲ့ကြောင်း ပြသခဲ့တာ ဖြစ်ပါတယ် ။ လွင်မိုးက "ဘယ်နားလဲဆိုတာ မလိမ်ချင်ဘူးနော်" ဆိုပြီး သူ့ရဲ့မိတ်ဆွေတစ်ဦးရိုက်ကူးပေးထားတဲ့ ပုံရိပ်တွေကို မျှဝေခဲ့တာ ဖြစ်ပါတယ် ။ လွင်မိုးကတော့ ဖေဖော်ဝါရီလအစပိုင်းကတည်းက အနုပညာလောကသားတွေနဲ့အတူ ဆန္ဒထုတ်ဖော်ခဲ့သလို အခုချိန်မှာလည်း ပြည်သူတွေကိုရသလောက် ဝန်းရံပေးနေတာ ဖြစ်ပါတယ် ။ ကဲ လွင်မိုးရဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးရင်းနဲ့ အားလုံးဘေးကင်းကြပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။

Source & Photo Credit-Lwin Moe's FB Story

Photo Credit-Lwin Moe's FB Story
Photo Credit-Lwin Moe's FB Story
Photo Credit-Lwin Moe's FB Acc
Photo Credit-Lwin Moe's FB Acc
Photo Credit-Lwin Moe's FB Story
Photo Credit-Lwin Moe's FB Story
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T