မိန်းမထဘီတန်းအောက်ဖြတ်မိရင် ဘုန်းနိမ့်တယ်ဆိုတဲ့ အယူအဆအလွဲတွေကို ထဘီခေါင်းမှာပေါင်းပြီး ချေဖျက်ပြခဲ့ကြတဲ့ ယောက်ျားလေးများ

//s9.kh1.co/64/648e6250a90a14d3a11bf8ea22e199c315a07265.jpeg
နေ့စဉ်သတင်းများ

 ၀၉-မတ်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

မိန်းမထဘီတန်းအောက်ဖြတ်မိရင် ဘုန်းနိမ့်တယ်ဆိုတဲ့ အယူအဆအလွဲတွေကို ထဘီခေါင်းမှာပေါင်းပြီး ချေဖျက်ပြခဲ့ကြတဲ့ ယောက်ျားလေးများ

ရှေးမြန်မာလူမျိုးတွေကတော့ ထုံးတမ်းအစဉ်အလာတွေကို အရမ်းတန်ဖိုထားကြပြီး အယူဝါဒအမျိုးမျိုးကိုလည်းသေချာလိုက်နာ ကျင့်သုံးကြတာဖြစ်ပါတယ်။ရှေးယခင်တုန်းကဆိုရင် ယောကျာ်းတွေက မိန်းမတွေထက် ဘုန်းကံပိုရှိတယ်ဆိုတဲ့ အယူအဆတွေရှိခဲ့လို့ မိန်းမတွေက သားလေးမွေးရင် ပိုမြတ်တယ်လို့ ထင်မြင်ကြတာဖြစ်ပါတယ်။အခုခေတ်လူငယ်တွေကြားထဲမှာတော့ အဲ့ဒီအယူအဆတွေက သိပ်မရှိတော့ဘဲ မိန်းမသားတွေကလည်း ယောက်ျားတွေနဲ့ ရင်ဘောင်တန်းပြီး အရာအားလုံးကို စွမ်းဆောင်နေနိုင်ကြပြီပဲဖြစ်ပါတယ်။

Photo Credit:Original Uploder 
Photo Credit:Original Uploder 
Photo Credit:Original Uploder 
Photo Credit:Original Uploder 
Photo Credit:Original Uploder 
Photo Credit:Original Uploder 
Photo Credit:Original Uploder 
Photo Credit:Original Uploder 
Photo Credit:Original Uploder 
Photo Credit:Original Uploder 

လတ်တလောအခြေအနေတွေမှာဆိုရင်လည်း ပြည်သူလူထုက လူထုလှုပ်ရှားမှုတွေအဆင်ပြေချောမွေ့ဖို့အတွက်နေရာတိုင်းမှာ အတားအဆီးတွေ သေချာပြင်ဆင်ကြတာဖြစ်ပါတယ်။အခုရက်ပိုင်းအတွင်းမှာဆိုရင်လည်းပြည်သူလူထုက ထဘီတွေနဲ့ အမျိုးသမီးအသုံးအဆောင်ပစ္စည်းတချို့ကို ကြိုးတန်းပေါ်မှာ ချိတ်ဆွဲပြီးအတားအဆီးတွေပြုလုပ်ကြတာဖြစ်ပါတယ်။မိန်းမထဘီတန်းအောက်ဖြတ်မိရင် ယောက်ျားလေးတွေဘုန်းနိမ့်တယ်ဆိုတဲ့ အယူအဆကြောင့် ဒီလိုအတားအဆီးမျိုးကို ပြည်သူတွေဘက်က ပြင်ဆင်လိုက်တာပဲဖြစ်ပါတယ်။

Photo Credit:Original Uploder 
Photo Credit:Original Uploder 
Photo Credit:Original Uploder 
Photo Credit:Original Uploder 
Photo Credit:Original Uploder 
Photo Credit:Original Uploder 
Photo Credit:Original Uploder 
Photo Credit:Original Uploder 
Photo Credit:Original Uploder 
Photo Credit:Original Uploder 

မနေ့ကဆိုရင် International Women’s Day လည်းဖြစ်တာကြောင့် ယောက်ျားသားတချို့ကတော့ ခေါင်းမှာ ထဘီပေါင်းပြီး ဂုဏ်ပြုကြိုဆိုလိုက်တာပဲဖြစ်ပါတယ်။ယောက်ျားလေးတစ်ယောက်ရဲ့ ဘုန်းတန်ခိုးဆိုတာ အဝတ်စတစ်စက လာတာမဟုတ်ကြောင်းကို ဒီယောက်ျားလေးတွေက မီးမောင်းထိုးပြလိုက်ကြတာဖြစ်ပါတယ်။အခုခေတ်လူငယ်လေးတွေရဲ့ စိတ်အတွင်းမှာ ကျား၊မ တန်းတူရည်တူ ဆက်ဆံတာကြောင့် နောင်အနာဂတ်မှာတော့ မြန်မာပြည်ကြီးက ခေတ်မီလူ့ဘောင်ဝန်းကျင်အသစ်တစ်ခု ဖြစ်လာနိုင်ပါတယ်။ဒါ့ကြောင့် အခုလိုမျိုး ခေါင်းမှာ ထဘီပေါင်းတဲ့အပြင် ခန္ဓာကိုယ်ပေါ်မှာပါ ခြုံလွှားကြတဲ့ လူငယ်တွေရဲ့ လေးစားစရာပုံရိပ်တွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit:Original Uploder 
Photo Credit:Original Uploder 
Photo Credit:Original Uploder 
Photo Credit:Original Uploder 
Photo Credit:Original Uploder 
Photo Credit:Original Uploder 
Photo Credit:Original Uploder 
Photo Credit:Original Uploder 
Photo Credit:Original Uploder 
Photo Credit:Original Uploder 

Source&Photo Credit:Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T