စမ်းချောင်းမှာ ပိတ်မိနေတဲ့ လူငယ်လေးတွေ အိမ်ပြန်ခွင့်ရအောင် ကူညီပေးနေကြတဲ့ ပြည်သူများကို ကျေးဇူးတင်စကားပြောလာခဲ့တဲ့ ခါရာ

//s9.kh1.co/ca/ca545a1adf2f68b434514544601d668da533386d.jpg
အနုပညာရှင်များ

 ၀၉-မတ်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

ဒီမီုကရေစီအရေးကို ပြန်လည်တည်ဆောက်ဖို့ တက်တက်ကြွကြွ ကြိုးပမ်းဆောင်ရွက်နေတဲ့ အနုပညာရှင်တွေထဲမှာ မော်လ်ဒယ်သရုပ်ဆောင် ခါရာလည်း အပါအဝင်ပဲ ဖြစ်ပါတယ်။ ခါရာ ကတော့ တိုင်းပြည်ရဲ့အနာဂတ်လှပအောင် တစ်ထောင့်တစ်နေရာကနေ ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်ပေးခဲ့ပါတယ်။ ဒါ့အပြင် နေ့စဥ်အမျှဆိုသလို လမ်းမပေါ်ထွက်ပြီး အမှန်တရားကို လိုလားကြတဲ့လူထုရှားမှုတွေမှာ သံပြိုင်ဟစ်ကြွေးပြီး အားမာန်အပြည့် ပါဝင်ခဲ့ပါတယ်။

Photo Credit - Khar Ra fb page
Photo Credit - Khar Ra fb page
Photo Credit - Khar Ra fb page
Photo Credit - Khar Ra fb page

ယခုမှာတော့ မတ်လ (၈) ရက်နေ့ညနေပိုင်းလောက်က ရန်ကုန်မြို့စမ်းချောင်းမှာ အတားအဆီးတွေကြောင့် ရှေ့တန်းက​နေ တိုက်ပွဲဝင်နေကြတဲ့ ကျောင်းသားလူငယ်တွေဟာ အတားအဆီးတွေကြောင့် ပိတ်မိနေခဲ့တဲ့ ဖြစ်စဥ်မှာ အိမ်ပြန်ခွင့်ရအောင် အနီးအနားက ကူညီပေးကြတဲ့ ပြည်သူတွေကို သရုပ်ဆောင်ခါရာက လူမှုကွန်ယက်မှာ ကျေးဇူးတင်စကား ပြောလာခဲ့ပါတယ်။ " စမ်းချောင်းမှာ ပိတ်မိနေတဲ့ လူငယ်လေးတွေဟာ သူတို့အနာဂတ်အတွက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေခဲ့ကြတဲ့ နိုင်ငံရဲ့တန်ဖိုးရှိတဲ့မျိုးဆက်သစ်တွေပါ ......

Photo Credit - Khar Ra fb page
Photo Credit - Khar Ra fb page
Photo Credit - Khar Ra fb page
Photo Credit - Khar Ra fb page

အပြစ်မဲ့တဲ့ သူတို့လေးတွေကို အခုလိုတွေမလုပ်ကြပါနဲ့ဗျာ ..... အားလုံးကို ဘေးအန္တရာယ်ကင်းကင်းနဲ့ အိမ်ပြန်ခွင့်ပေးလိုက်ကြပါ ...စမ်းချောင်းမှာ ပိတ်မိနေကြတဲ့ လူငယ်လေးတွေအားလုံးကို ကူညီပေးနေကြတဲ့ မိဘပြည်သူများအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်..... သူတို့လေးတွေကို ကိုယ့်မိသားစုဝင်လိုပဲ ဆက်ပြီးစောင့်ရှောက်ပေးကြပါဦးဗျာ " ဆိုပြီး ရေးသားဖော်ပြထားပါတယ်။ ပရိသတ်တွေလည်း အမှန်တရားကို လိုလားကြတဲ့ ပြည်သူတွေနဲ့ တစ်သားတည်းရပ်တည်ပေးခဲ့တဲ့ ခါရာကိုလည်း အားပေးစကားလေးပြောပေးခဲ့ပါဦး။

သတင်း အရင်းအမြစ်Source - Khar Ra fb page

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T