ကျေးဇူးတင်စကားတွေ ပုံနှင့်တကွပြောနေကြလို့ ပြည်သူတွေ အတွက် စိတ်ပူပြီး သတိပေးစကားကို ပြောပြပေးလာတဲ့ နန်းစန္ဒာလှထွန်း

//s9.kh1.co/1c/1cbd07c47636713d01e0e13d28204f3598a64485.jpg
အနုပညာရှင်များ

 ၀၉-မတ်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင် မင်းသမီး နန်းစန္ဒာလှထွန်းကတော့ ဇာတ်လမ်းတွဲတွေများစွာကို ရိုက်ကူးထားတာ ဖြစ်ပြီး "ရီဝတီ" ဇာတ်ကောင်နဲ့ လူသိများလာကာ အခုနောက်ပိုင်းမှာတော့ ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့်အဝ ရရှိထားတဲ့ မင်းသမီးတစ်လက် ပဲဖြစ်ပါတယ်။နန်းစန္ဒာလှထွန်းက လက်ရှိအချိန်မှာဆိုရင် ပြည်သူပရိသတ်တွေနဲ့ တစ်သား တည်း ရပ်တည်ကာ လမ်းမပေါ်ထွက်ပြီး နေပူထဲတွင် မမောမပန်း တက်ကြွစွာ လူထုလှုပ်ရှားမှုတွေမှာ ပူပေါင်းပါဝင် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

Photo Credit - Nan Sandar Hla Htun FB page
Photo Credit - Nan Sandar Hla Htun FB page
Photo Credit - Nan Sandar Hla Htun FB page
Photo Credit - Nan Sandar Hla Htun FB page

သူမက စိတ်ဓာတ်ကြံခိုင်သူ တစ်ယောက်ဖြစ်ပြီး ရဲရင့်ပြတ်သားတဲ့ ခံယူချက်တွေနဲ့ တိုင်းပြည်ရဲ့ အနာဂတ်အတွက် တစ်တောင့်တစ်နေရာကနေ ကူညီအားဖြည့်ကာ ကြိုးစားလုပ်ဆောင်နေတာ ပဲဖြစ်ပါတယ်။ပြည်သူတွေကလည်း မိမိတတ် နိုင်တဲ့ဘက်ကနေ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေကြတာ ဖြစ်ပြီး တစ်ရက်နဲ့တစ်ရက် ပိုမို အားကောင်းလာကာ တစ်လကျော်ပေမယ့်လည်း ဇွဲမလျော့ပဲ ဆက်လက်ချီတတ် နေကြတုန်း ဖြစ်ပါတယ်။အလှူရှင်တွေကလည်း ပြည်သူတွေ အစားအသောက် မပူပင်ရအောင် တတ်နိုင်သလောက် လှူဒါန်းနေတာလည်း တွေ့ ပါတယ်။

Photo Credit - Nan Sandar Hla Htun FB page
Photo Credit - Nan Sandar Hla Htun FB page
Photo Credit - Nan Sandar Hla Htun FB page
Photo Credit - Nan Sandar Hla Htun FB page

မကြာသေးခင် နာရီပိုင်းလောက်က နန်းစန္ဒာလှထွန်းရဲ့ လူမူကွန်ယက်စာမျက်နှာထက်တွင် "အခုထိအမှတ်မရှိ ကျေးဇူးတင်စကားတွေ ပုံနှင့်တကွပြောနေကြ.. ပုံတင်ချင်ရင်တောင် မျက်နှာလေးဖျတ်ထားပေးလိုက်လေကွာ.. ဘယ်လိုလိမ်လိုက်လို့ ဘယ်လိုလွတ်လာပါတယ် တင်နေကြ.. နောက်တစ်ခေါက်မလွတ်ဘူးမှတ်.. ငါတို့ပဲ facebook သုံးေနတာမဟုတ်ဘူးဟ..edit _ တင်ချင်ဇောမများကြပါနဲ့... တင်ချင်ရင်လည်း friend only နဲ့တင်ကြပါ.. အခုကကိုယ်တိုင်ကြုံတာထက် ကျတော်ကျမရဲ့ဘယ်သူဘယ်ဝါကဆိုပြီး တင်ကြတာတွေကပိုများနေတာ ?"ဆိုပြီး ရေးသားကာ မနေ့ညက ဖြစ်သွားတဲ့ အပေါ်မှာ ပြည်သူတွေ အတွက် စိတ်ပူလို့ သတိပေးစကားကို ပြောဆိုလာတာ ဖြစ်တာကြောင့် ပရိသတ်တွေ အတွက် ယခုသတင်းကို ပြန်လည်ကူးယူ မျှဝေပေးလိုက်ပါတယ်။

Photo Credit - Nan Sandar Hla Htun FB page
Photo Credit - Nan Sandar Hla Htun FB page
Photo Credit - Nan Sandar Hla Htun FB page
Photo Credit - Nan Sandar Hla Htun FB page

သတင်း အရင်းအမြစ်Nan Sandar Hla Htun FB Page

Yamin Kay Khine
Yamin Kay Khine

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T