ဒန့်ဒလွန်သီးတွေပွေ့ပိုက်ပြီး လူထုလှုပ်ရှားမှုမှာ အားကြိုးမာန်တက်ပါဝင်နေလို့ ပြည်သူတွေက ဂုဏ်ယူစွာနဲ့စနောက်နေတဲ့ အမျိုးသားတစ်ဦးရဲ့ ပုံရိပ်များ

//s9.kh1.co/6c/6c62e455f28281bd077e4612d6228db3d87f95bf.jpeg
နေ့စဉ်သတင်းများ

 ၀၉-မတ်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

ဒန့်ဒလွန်သီးတွေပွေ့ပိုက်ပြီး လူထုလှုပ်ရှားမှုမှာ အားကြိုးမာန်တက်ပါဝင်နေလို့ ပြည်သူတွေက ဂုဏ်ယူစွာနဲ့စနောက်နေတဲ့ အမျိုးသားတစ်ဦးရဲ့ ပုံရိပ်များ

ဖေဖော်ဝါရီလ(၁)ရက်နေ့ကတည်းက ဖြစ်ပျက်သွားတဲ့ အခြေအနေကြောင့် မြန်မာပြည်သူ၊ပြည်သားတွေက ထင်ထားတာထက်ကို ပိုပြီးစည်းလုံးသွားကြပြီး အမှန်တရားအတွက် ရဲရဲရင့်ရင့် ရင်ဆိုင်နေကြတာဖြစ်ပါတယ်။ပြည်သူလူထုကတော့ လက်ရှိအခြေအနေကို နည်းမှန်၊လမ်းမှန်နဲ့  ဆက်လက်လှုပ်ရှားနေကြဆဲဖြစ်ပြီး တစ်လကျော်ကြာသွားသည့်တိုင်အောင် အားမာန်အပြည့်ရှိနေကြဆဲဖြစ်ပါတယ်။အမြို့မြို့၊အနယ်နယ်မှာရှိတဲ့ ပြည်သူလူထုကလည်း မိမိနိုင်ရာဝန်ကိုထမ်းပြီး လူထုလှုပ်ရှားမှုတွေမှာ အားတက်သရောပါဝင်နေကြတာပဲဖြစ်ပါတယ်။

Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV

လွန်ခဲ့တဲ့ရက်ပိုင်းအတွင်းမှာဆိုရင် အမျိုးသားတစ်ဦးက ဒန့်ဒလွန်သီးတွေပွေ့ပိုက်ပြီး လူထုလှုပ်ရှားမှုအတွင်းမှာအားမာန်အပြည့်နဲ့ပါဝင်နေတဲ့ပုံကို တွေ့လိုက်ရပါတယ်။ဒန့်ဒလွန်သီးတွေပိုက်ထားပြီး လက်တစ်ဖက်ကိုအားနဲ့မာန်နဲ့မြှောက်ကာ ဟစ်ကြွေးနေတဲ့ အဲ့ဒီလူရဲ့ပုံကတော့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ နာမည်ကြီးနေတာဖြစ်ပါတယ်။ပြည်သူလူထုကလည်း အဲ့ဒီအမျိုးသားကို “မိန်းမက ဒန့်ဒလွန်သီးဝယ်ခိုင်းလိုက်သော်လည်း လမ်းထိပ်မှာ လူထုလှုပ်ရှားမှုတွေ့ပြီး အားမပေးဘဲမနေနိုင်သောအခါ”ဆိုပြီး စာသားအမျိုးမျိုးနဲ့ စနောက်ထားကြတာဖြစ်ပါတယ်။

Photo By Myanmarload TV
Photo By Myanmarload TV
Photo Credit:Original Uploder 
Photo Credit:Original Uploder 

အဲ့ဒီအမျိုးသားရဲ့ပုံစံကလည်း ဇာတိသွေး၊ဇာတိမာန်တွေထက်သန်နေလို့ အမှန်တရားအတွက် ပြတ်ပြတ်သားသားရင်ဆိုင်နေတဲ့ပုံပေါ်ပါတယ်။အခုလိုကာလမျိုးမှာ ပြည်သူလူထုကလည်း အချင်းချင်းကူညီဖေးမကြပြီး တစ်ထောင့်တစ်နေရာမှာပါဝင်အားဖြည့်နေကြတာဖြစ်ပါတယ်။ဒန့်ဒလွန်သီးတွေပွေ့ပိုက်ထားတဲ့ အမျိုးသားရဲ့စိတ်ဓာတ်ကိုပြည်သူတွေကလည်း လေးစားပြီးချစ်နေကြတာဖြစ်ပါတယ်။လူထုလှုပ်ရှားမှုမှာ အခုလိုမျိုး တစ်တပ်တစ်အားပါဝင်နေတဲ့ အဲ့ဒီအမျိုးသားရဲ့ပုံရိပ်လေးကို လေးစားစွာနဲ့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Original Uploder 
Photo Credit:Original Uploder 
Photo Credit:Original Uploder 
Photo Credit:Original Uploder 

Source&Photo Credit:Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T