စမ်းချောင်းမှာ ပိတ်မိနေတဲ့ ပြည်သူတွေ ဘေးအန္တရယ်ကင်းဝေးစေဖို့ ဘုရားစာရွတ်ကာ ဆုတောင်းပေးနေတဲ့ ခင်စန်းဝင်း

//s9.kh1.co/be/be1f88bbcfcb335b664aecddab7b3b3b023127e7.jpg
အနုပညာရှင်များ

 ၀၉-မတ်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

မိတ်ကပ်ဖန်တီးရှင် ခင်စန်းဝင်းက စမ်းချောင်းမှာ ပိတ်မိနေတဲ့ ပြည်သူတွေအတွက် အိမ်ကနေ ဘုရားစာရွတ်ကာ ဘေးအန္တရယ် ကင်းဝေးစေဖို့ ဆုတောင်းပေးနေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ လူထုလှုပ်ရှားမှုမှာလည်း သူမကိုယ်တိုင်လည်း လမ်းပေါ်ထွက်ကာ ပါဝင်ခဲ့တဲ့ ခင်စန်းဝင်းက ပြည်သူတွေနဲ့ တစ်သားတည်းရပ်တည်​​နေတဲ့ သူပါ။ ဒါ့အပြင် နေပူထဲမှာ အပင်ပန်းခံကာ လူထုလှုပ်ရှားမှုပြုလုပ်နေတဲ့ ပြည်သူတွေကိုလည်း မုန့်တွေနဲ့ အလှူဒါနပြုလုပ်ခဲ့ပါသေးတယ်။

Photo Credit - Khin San Win's FB account
Photo Credit - Khin San Win's FB account

မကြီး ခင်စန်းဝင်းက သူမကိုယ်တိုင် အသုံးပြုတဲ့ ဆိုရှယ်မီဒီယာထက်မှာလည်း လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို အများသိအောင် ဝေမျှလေ့ရှိတာပါ။ မနေ့ညက ဖြစ်ပေါ်ခဲ့တဲ့ စမ်းချောင်းမြို့က အခြေအနေတွေကြောင့် ရန်ကုန်မြို့က လူထုတွေ စိုးရိမ်ပူပန်ခဲ့ရတာဖြစ်ပြီး မကြီး ခင်စန်းဝင်းကတော့ ဘုရားစာရွတ်ကာ အဆင်ပြေကြဖို့ ဆုတောင်းပေးနေခဲ့ပါတယ်။ အခုလို ဆုတောင်းပေးနေခဲ့တဲ့ အကြောင်းကို သူမရဲ့ ဖေ့ဘွတ်စာမျက်နှာထက်မှာလည်း ပိုစ့်တစ်ခု တင်ပေးခဲ့တာပါ။

Photo Credit - Khin San Win's FB account
Photo Credit - Khin San Win's FB account
Photo Credit - Khin San Win's FB account
Photo Credit - Khin San Win's FB account

ဒါကတော့ မကြီး ခင်စန်းဝင်းက " ဘုရားတပည့်တော်သည် မေတ္တာသုတ်၉ခေါက်မောရသုတ်၈ခေါက်ကို ယုံကြည်စွာဖြင့်ရှိခိုးရွတ်ဖတ်ပူဇော်ပြီးပါပြီဘုရား ဤကဲ့သို့ယုံကြည်စွာဖြင့်ရွတ်ဖတ်ပူဇော်ရသောအကျိုးအားကြောင့် စမ်းချောင်းမြို့နယ်တွင်ပိတ်မိနေသော ၇နေ့နာမ်ဖွား၈ရက်သားသမီးလူငယ်လူရွယ်များအားလုံး ဘေးရန်ခပ်သိမ်းငြိမ်းကြပါစေ ချမ်းသာကိုယ်စိတ်မြဲကြပါစေ ​ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ " ဆိုတဲ့ စာသားပဲ ဖြစ်ပါတယ်။ ပြည်သူတွေတစ်ခုခုဖြစ်မှာ စိုးရိမ်တာကြောင့် ဘုရားစာရွတ်ပြီး ဆုတောင်းနေခဲ့တဲ့ မကြီးခင်စန်းဝင်းရဲ့ ပုံတွေကို ပရိသတ်တွေထံ ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။ 

Photo Credit - Khin San Win's FB account
Photo Credit - Khin San Win's FB account
Photo Credit - Khin San Win's FB account
Photo Credit - Khin San Win's FB account

သတင်း အရင်းအမြစ်Source - Khin San Win's FB account

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T