အသက်(၈၀)ကျော်အရွယ်ဖြစ်ပေမယ့်လည်း ရဲစွမ်းသတ္တိတွေက မလျော့သွားဘဲ အခုချိန်အထိ နိုင်ငံအတွက်ကြိုးစားပေးနေတဲ့ သူရဲကောင်းဓားစန်းရီ

//s9.kh1.co/20/209bda0df106155f20cdd6d80fa9054f1e70bb2c.jpg
နေ့စဉ်သတင်းများ

 ၀၉-မတ်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

အသက်(၈၀)ကျော်အရွယ်ဖြစ်ပေမယ့်လည်း ရဲစွမ်းသတ္တိတွေကမလျော့သွားဘဲ အခုချိန်အထိ နိုင်ငံအတွက်ကြိုးစားပေးနေတဲ့ သူရဲကောင်းဓားစန်းရီ

အခုလတ်တလော လူမှုကွန်ယက်စာမျက်နှာထက်မှာ ပျံ့နှံ့နေတဲ့သတင်းတွေထဲမှာတော့ ဓားစန်းရီရဲ့အကြောင်းကလည်း ပါဝင်နေတာ ဖြစ်ပါတယ်။ ဓားစန်းရီကတော့ နိုင်ငံတော်ကနေ ပေးအပ်ချီးမြှင့်တဲ့ ဂုဏ်ပြုမှတ်တမ်းလွှာကိုရရှိရတဲ့ သူရဲကောင်းအမျိုးသမီးတစ်ဦးလို့ ဆိုရမှာပဲ ဖြစ်ပါတယ်။ တစ်ချိန်က အာဇာနည်ဗိမ္မာန်ကို ဗုံးခွဲခဲ့တဲ့ တရားခံမြောက်ကိုရီးယားနိုင်ငံသားကို ဓားစန်းရီက ပုဇွန်တောင်ချောင်းထဲမှာလုံးထွေးသတ်ပုတ်ပြီး အရှင်ဖမ်းပေးခဲဲ့တာကြောင့် ဂုဏ်ပြုခြင်းခံခဲ့ရတာ ဖြစ်ပါတယ် ။

Photo Credit -"Han Htoo Zen ဟန်ထူးစျာန်" FB Page
Photo Credit -"Han Htoo Zen ဟန်ထူးစျာန်" FB Page
Photo Credit -"Han Htoo Zen ဟန်ထူးစျာန်" FB Page
Photo Credit -"Han Htoo Zen ဟန်ထူးစျာန်" FB Page

ဒါကြောင့်လည်း ဓားစန်းရီကို ပြည်သူတွေက "အညတရ သူရဲကောင်း" ၊ "အာဂအမျိုးသမီးကြီး" လို့ အထူးတလည်တင်စားပြီး ခေါ်ဝေါ်ကြတာ ဖြစ်ပါတယ် ။ အမှန်တကယ်ကို ချီးမြှင့်မြှောက်စားထိုက်တဲ့ သူရဲကောင်းတစ်ဦးဖြစ်တဲ့ ဓားစန်းရီက အခုချိန်မှာတော့ လမ်းပေါ်မှာ သူမရဲ့ဝမ်းရေးအတွက် ရှာဖွေစားသောက်နေရတာ ဖြစ်ပါတယ် ။ ဓားစန်းရီအနေနဲ့ အသက်အရွယ်သာ ပြောင်းလဲသွားပေမယ့်လည်း ရဲစွမ်းသတ္တိရှိတဲ့ သူမရဲ့စိတ်ဓာတ်ကတော့ မပြောင်းမလဲဘဲ တည်ရှိနေဆဲ ဖြစ်ပါတယ် ။

Photo Credit -Original Uploader
Photo Credit -Original Uploader
Photo Credit -michael78946's Tik Tok Acc
Photo Credit -michael78946's Tik Tok Acc

အခုဆိုရင် ဓားစန်းရီက လမ်းပေါ်ကပြည်သူတွေနဲ့အတူ ရပ်တည်ပြီး ခွန်အားရှိသလောက် ကြိုးစားနေတာပဲ ဖြစ်ပါတယ် ။ ပြည်သူတစ်ယောက်ကလည်း "အဘွားဓားစန်းရီကို နာမည်ပဲကြားဖူးကြ (တစ်ချို့ကြားတောင်မကြားဖူးကြသူတွေ)အတွက် ဓားစန်းရီဆိုတာ ဘယ်လိုအမျိုးသမီးလဲလို့သိအောင် တင်ပေးလိုက်ပါတယ်။ သူမဟာ အသက်(၈၀)ကျော်နေပြီဖြစ်ပေမယ့် နိုင်ငံအတွက် သူမလုပ်ပေးခဲ့တဲ့အရာတွေအတွက် ကဒ်တောင်လောင်းမထားတဲ့ ဂုဏ်ပြုမှတ်တမ်းလွှာလေးတစ်ခုရယ်၊ ရေဒီယိုလေးတစ်လုံးရယ်သာရခဲ့ပေမယ့် အခုအချိန်အထိသူမဟာ နိုင်ငံအတွက်တိုက်ပွဲဝင်နေဆဲ၊အနာဂတ်မျိုးဆက်တို့အတွက် ဓားစန်းရီဟာတိုက်ပွဲဝင်နေဆဲ။" ဆိုပြီး သူရဲကောင်းဓားစန်းရီရဲ့အကြောင်းကို ဖော်ပြထားတာ ဖြစ်ပါတယ်။ အရွယ်နဲ့မလိုက်အောင် ရဲရင့်တက်ကြွပြီး ဂုဏ်ပြုထိုက်တဲ့ သူရဲကောင်းအမျိုးသမီးကြီး ဓားစန်းရီကို ပရိသတ်တွေလည်း လမ်းမှာတွေ့ဆုံခဲ့ရင် တတ်နိုင်သလောက် ဖေးမကူညီပေးဖို့ မေတ္တာရပ်ခံလိုက်ပါရစေ။

Source & Photo Credit -Original Uploader & michael78946's Tik Tok Acc

Photo Credit -michael78946's Tik Tok Acc
Photo Credit -michael78946's Tik Tok Acc
Photo Credit -michael78946's Tik Tok Acc
Photo Credit -michael78946's Tik Tok Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T