လူထုလှုပ်ရှားမှုမှာ လက်ထိခိုက်ခဲ့ရတဲ့ အကို မင်းသန့်ကိုထံ ဆက်သွယ်ကာVideo callနဲ့ အားပေးစကားပြောပြီး အလှူငွေ ပေးအပ်ခဲ့တဲ့ ချယ်ရီသင်း

//s9.kh1.co/9d/9d6f74920257906603bd721814795bcb35e603a2.jpg
အနုပညာရှင်များ

 ၀၉-မတ်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

အဆိုတော် ချယ်ရီသင်းကတော့ ပြည်တွင်းပြည်ပက စေတနာရှင်တွေနဲ့ ဆက်သွယ်ပြီး ရရှိတဲ့ အလှူငွေတွေကို လူထုလှုပ်ရှားမှုမှာ ကျဆုံးခဲ့ရတဲ့ ပြည်သူ့ သူရဲကောင်းတွေထံ ပေးအပ်လှူဒါန်းနေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ အသက်ပေးကာ တိုက်ပွဲဝင်ခဲ့တဲ့ သူရဲကောင်းတွေကိုသာမကပဲ လူထုလှုပ်ရှားမှုမှာ ထိခိုက်ခဲ့ရသူတွေကိုလည်း ဆက်သွယ်ကာ အလှူငွေပေးအပ်နေတာပဲ ဖြစ်ပါတယ်။

Photo credit - Cherry Thin's FB account
Photo credit - Cherry Thin's FB account
Photo credit - Cherry Thin's FB account
Photo credit - Cherry Thin's FB account

ဒီကနေ့မှာလည်း ချယ်ရီသင်းက လူထုလှုပ်ရှားမှုမှာ စိတ်အားထက်သန်စွာ ရှေ့ဆုံးကနေ ရပ်တည်တောင်းဆိုခဲ့လို့ လက်ထိခိုက်ခဲ့ရတဲ့ အကို မင်းသန့်ကိုအတွက် အလှူငွေကို ပေးအပ်ခဲ့ပါသေးတယ်။ ချယ်ရီသင်းက သူမကိုယ်တိုင် သွားရောက်လှူဒါန်းဖို့အခက်တွေ့နေတာကြောင့် Video callနဲ့ အားပေးစကားပြောခဲ့ပြီး အကျိုးဆောင်အဖွဲ့နဲ့ ဆက်သွယ်ကာ လှူဒါန်းခဲ့တာပါ။ အလှူဖြစ်မြောက်ခဲ့တဲ့ ပုံတွေကိုလည်း သူမရဲ့ ဖေ့ဘွတ်အကောင့်မှာ တင်ပေးလာခဲ့တာဖြစ်ပါတယ်။

Photo credit - Cherry Thin's FB account
Photo credit - Cherry Thin's FB account
Photo credit - Cherry Thin's FB account
Photo credit - Cherry Thin's FB account

ပုံတွေအပြင် " ဟိုနေ့ကဦးဆောင်ပေးရင်လက်ထိသွားတဲ့ အကို မင်းသန့်ကိုအတွက် ပြည်တွင်းပြည်ပစေတနာရှင်များ စုပေါင်းလှူဒါန်းထားတဲ့ အလှူငွေထဲမှ(၃)သိန်းကျပ်ကို မောင်လေးထံ ပို့ပေးပြီးပါပြီအိမ်အထိ အလှူငွေသွားရောက်ပို့ဆောင်ပေးတဲ့ YMBC (Yangon MotorBiker Communities) ညီအကိုများအဖွဲ့ကိုလည်း ကျေးဇူးတင်ပါသည် အမြန်နေကောင်းပါစေ ငါ့အကိုရေ " ဆိုတဲ့ ကြည်နူးစရာ အလှူစာသားကိုလည်း ရေးသားတင်ပေးခဲ့တာပါ။ ပရိသတ်တွေကြည့်ရှုပြီး သာဓုခေါ်ဆိုနိုင်ဖို့အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ 

Photo credit - Cherry Thin's FB account
Photo credit - Cherry Thin's FB account
Photo credit - Cherry Thin's FB account
Photo credit - Cherry Thin's FB account

သတင်း အရင်းအမြစ်Source - Cherry Thin's FB account

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T