အထပ်သားပြားကိုဒိုင်းလုပ်ပြီး အသက်အန္တရာယ်ကိုကာကွယ်နေရတဲ့ Gen Zလေးကိုကြည့်ပြီး စိတ်မကောင်းဖြစ်ကြောင်း ရင်ဖွင့်လာတဲ့ ပြည်သူတစ်ဦး

//s9.kh1.co/ae/aeb2f1ce2cf388a0237aa84e1d879931f18f2d0e.jpg
နေ့စဉ်သတင်းများ

 ၀၉-မတ်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

အထပ်သားပြားကိုဒိုင်းလုပ်ပြီး အသက်အန္တရာယ်ကိုကာကွယ်နေရတဲ့ Gen Zလေးကိုကြည့်ပြီး စိတ်မကောင်းဖြစ်ကြောင်း ရင်ဖွင့်လာတဲ့ ပြည်သူတစ်ဦး

မြန်မာတစ်နိုင်ငံလုံးမှာ ပြုလုပ်နေတဲ့ လူထုလှုပ်ရှားမှုပွဲတွေမှာ ရှေ့ဆုံးကနေဦးဆောင်ပြီး တက်တက်ကြွကြွ ပါဝင်နေတဲ့သူအများစုကတော့ လူငယ်တွေပဲ ဖြစ်ကြပါတယ်။ အထူးသဖြင့် Generation Z လို့ခေါ်တဲ့ မျိုးဆက်သစ်လူငယ်လေးတွေက မထင်မှတ်ထားတဲ့ အိုင်ဒီယာတွေ၊ နည်းလမ်းတွေကို အသုံးပြုပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေကြတာ ဖြစ်ပါတယ် ။ Gen Z တွေက ပြည်သူတွေရဲ့အရှေ့ကနေ နေရာယူပြီး မားမားမတ်မတ် ရပ်တည်ကာကွယ်ပေးနေတာလည်း ဖြစ်ပါတယ် ။

Photo by Myanmarload TV
Photo by Myanmarload TV
Photo by Myanmarload TV
Photo by Myanmarload TV

အခုလည်း လူမှုကွန်ယက်စာမျက်နှာထက်မှာ ပြည်သူတစ်ဦးတင်ထားတဲ့ ရင်ဖွင့်စာသားအချို့က အရမ်းကို ရေပန်းစားနေတာပဲ ဖြစ်ပါတယ်။ ပြည်သူတစ်ယောက်က သူ့ဆီကို ဒိုင်းခဏလာအပ်တဲ့ Gen Z လူငယ်လေးကို မြင်တွေ့ရပြီးနောက် စိတ်မကောင်းဖြစ်ခဲ့ရတဲ့ သူ့ရဲ့ခံစားချက်တွေကို ဖော်ပြထားတာ ဖြစ်ပါတယ် ။ သူရေးသားထားတာကတော့ "အိမ်ရှေ့က bell တီးလို့ လှမ်းကြည့်လိုက်တော့ protester ညီလေးတစ်ယောက်.. shield လေးကိုင်လို့..ကိုယ်လည်း ထွက်မေးရော..“ကိုကြီး အိမ်ပြန်မလို့ ဒီဒိုင်းလေး ကျွန်တော်ထားခဲ့လို့ရမလားခင်ဗျာ” တဲ့ရတာပေါ့ဆိုပြီး အအေးဘူးတစ်ဘူး ရေခဲသေတ္တာထဲက ထုတ်တိုက်ပြီး shield လေးကိုယူထားပေးလိုက်တယ်နောက်နေ့အေးဆေးလာယူလို့ လိုတာရှိလည်းပြောဆိုတော့ ဟုတ်တဲ့..ပြီးတော့ သူကတော့ အအေးဘူးလေးဖောက်သောက်ပြီး ပြန်သွားရှာတယ်.."

Photo by Myanmarload TV
Photo by Myanmarload TV
Photo by Myanmarload TV
Photo by Myanmarload TV

"သူပြန်သွားတော့ သူ့ shield လေးကို ကြည့်မိတယ်.. အတော်စိတ်မကောင်းဖြစ်သွားတယ်..အထပ်သားပြားလေးတွေကို ကပ်ထားပြီး ကော်ပိုက်လေးကိုဖြတ်ပြီး လက်စွပ်လို့ရရုံလေးတင်..ငါတို့ကလေးတွေများ သစ်သားပြားလေးတွေနဲ့ ဝင်ရိုက်တဲ့ဒဏ် ရာဘာကျည်ဒဏ် ကျည်အစစ်ဒဏ်တွေကိုကာဖို့လုပ်ပေးရှာတယ်.. ငယ်ငယ်ရွယ်ရွယ်နဲ့ သတ္တိရှိရှာတယ်..မင်း ငါတို့ ကလေးတွေအပေါ် မိုက်ရိုင်းလိုက်တာ..မင်းတို့တွေက ငါတို့ကလေးတွေလောက်တောင် သတ္တိမရှိဘူး..ငါတို့အရေးတော်ပုံအောင်ရမည်" ဆိုတာပဲဖြစ်ပါတယ် ။အနာဂတ်အတွက် ကြိုးစားနေကြတဲ့ လူငယ်လေးတွေရဲ့ဘဝကို မြင်တွေ့ရတဲ့အတိုင်းပြန်ပြောပြလာတဲ့ ပြည်သူတစ်ဦးရဲ့ရင်ဖွင့်စာသားတွေကတော့ ဖတ်ကြည့်တဲ့သူတွေကိုပါ ထပ်တူထပ်မျှခံစားစေနိုင်ခဲ့တာ ဖြစ်ပါတယ် ။ ဒါ့အပြင် Gen Z လူငယ်လေးပြုလုပ်ထားတဲ့ သစ်သားဒိုင်းရဲ့ပုံရိပ်တွေကလည်း ပြည်သူတွေကိုစိတ်မကောင်းဖြစ်စေခဲ့တာပဲ ဖြစ်ပါတယ် ။

Source & Photo Credit-Original Uploader

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T