ဆန်ဖရန်စ္စကိုမှာ မြန်မာ့အရေးအတွက်လမ်းပေါ်ထွက်တောင်းဆိုပေးကြတဲ့ နိုင်ငံခြားသားတွေကို ကျေးဇူးတင်စကားဆိုလိုက်တဲ့ နှိုင်းယှဉ်မြင့်မိုရ်

//s9.kh1.co/69/699387885e4cd14b983c709272d5e386b0418dd7.jpg
အနုပညာရှင်များ

 ၀၉-မတ်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. သရုပ်ဆောင်ကောင်းမှုတွေနဲ့ ဇာတ်ကားတွေများစွာရိုက်ကူးထားကြတဲ့ ဇာတ်ပို့သရုပ်ဆောင်ကိုဘင်းနဲ့ နှိုင်းယှဉ်မြင့်မိုရ်တို့စုံတွဲလေးကလည်း ပရိသတ်အခိုင်အမာနဲ့အောင်မြင်မှုတွေများစွာရရှိထားကြတဲ့ အနုပညာရှင်တွေပဲ ဖြစ်ပါတယ်..။

နှိုင်းယှဉ်တို့ဇနီးမောင်နှံစုံတွဲကတော့ လက်ရှိအခြေအနေတွေမှာလည်း ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်နေပြီး လူထုလှုပ်ရှားမှုတွေမှာ ကိုယ်တိုင်အပင်ပန်းခံကာ ပြည်သူတွေနဲ့ပူးပေါင်းပါဝင် လုပ်ဆောင်နေကြတာ တွေ့ရပါတယ်..။

Photo Credit - Nhying Shin's Fb Acc
Photo Credit - Nhying Shin's Fb Acc
Photo Credit - Nhying Shin's Fb Acc
Photo Credit - Nhying Shin's Fb Acc
Photo Credit - Nhying Shin's Fb Acc
Photo Credit - Nhying Shin's Fb Acc

လမ်းပေါ်ထွက်လှုပ်ရှားမှုတွေမှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့အပြင် လှူဒါန်းမှုတွေကိုလည်း တက်နိုင်သလောက်ပြုလုပ်နေပြီး အခုတစ်ခါမှာလည်း ဆန်ဖရန်စ္စကိုမှာ မြန်မာ့အရေးအတွက်လမ်းပေါ်ထွက်တောင်းဆိုပေးကြတဲ့ နိုင်ငံခြားသားတွေကို ကျေးဇူးတင်စကားဆိုလိုက်ပါတယ်နော်..။

ဆန်ဖရန်စ္စကိုမှာ "မြန်မာပြည်ကိုကယ်တင်ပါ "ဆိုတဲ့ အမည်နဲ့ ကမ္ဘာကျော်ဂိုးဒင်းဂိတ်တံတားကြီးကိုဆန္ဒပြ ဖြတ်လျှောက်ချီတက်ပြီးတောင်းဆိုပေးခဲ့ကြသူတွေကို လေးစားကြောင်းပြသကာ သူမရဲ့လူမှုကွန်ယက်စာမျက်နှာကနေ မျှဝေထားတာပါ..။

Photo Credit - Nhying Shin's Fb Acc
Photo Credit - Nhying Shin's Fb Acc
Photo Credit - Nhying Shin's Fb Acc
Photo Credit - Nhying Shin's Fb Acc
Photo Credit - Nhying Shin's Fb Acc
Photo Credit - Nhying Shin's Fb Acc
Photo Credit - Nhying Shin's Fb Acc
Photo Credit - Nhying Shin's Fb Acc

"ဒို့ သွေးလည်းမဟုတ် ဒို့သားလည်းမဟုတ်

ဒို့အမျိုးလည်းမဟုတ် ဒို့တိုင်းပြည်မှာနေတဲ့သူတွေလည်း

မဟုတ်....သူတို့ခုလို မြန်မာပြည်အတွက်တောင်းဆိုပေးနေတာ တစ်ခုပဲ လူကမွေးပြီး လူစိတ်ရှိနေလို့?.." ဆိုပြီး နှိုင်းယှဉ်က ရေးသားထားတာ ဖြစ်ပါတယ်..။

ပရိသတ်တွေကလည်း နှိုင်းယှဉ်နဲ့အတူ ချီးကျူးစကားလေးတွေနဲ့ ကျေးဇူးတင်စကားလေးတွေကိုလည်း Comment လေးတွေမှာ အသီးသီးပြောထားကြတာ တွေ့ရပါတယ်..။

Photo Credit - Nhying Shin's Fb Acc
Photo Credit - Nhying Shin's Fb Acc
Photo Credit - Nhying Shin's Fb Acc
Photo Credit - Nhying Shin's Fb Acc
Photo Credit - Nhying Shin's Fb Acc
Photo Credit - Nhying Shin's Fb Acc
Photo Credit - Nhying Shin's Fb Acc
Photo Credit - Nhying Shin's Fb Acc
Photo Credit - Nhying Shin's Fb Acc
Photo Credit - Nhying Shin's Fb Acc

သတင်း အရင်းအမြစ်Nhying Shin's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T