ညကဖြစ်ပွားခဲ့တဲ့စမ်းချောင်းအခြေအနေနဲ့ပက်သက်ပြီး Twitterကနေတဆင့်သတင်းအ‌ကြောင်းအရာတွေဖော်ပြပေးခဲ့ကြတဲ့နိုင်ငံတကာသတင်းထောက်များ

//s9.kh1.co/8a/8a1f8728b7d892b3950f94d7bedfda8f4a1938ae.jpg
နေ့စဉ်သတင်းများ

 ၀၉-မတ်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

မြန်မာနိုင်ငံမှာလက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်ကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ လူထုလှုပ်ရှားမှုတွေကို ပြုလုပ်နေကြတာဖြစ်ပြီး ရက်ပေါင်း (၃၀)ကျော်ခန့်ကြာမြင့်နေပြီလည်းဖြစ်ပါတယ်။ အခုလို လူထုလှုပ်ရှားမှုတွေများပြားလာတာနဲ့အမျှ ဖြိုခွင်းမှုတွေကိုလည်းဆက်တိုက်လုပ်ဆောင်လာကြတာဖြစ်ပြီး သေဆုံးသူတွေနဲ့ ထိခိုက်ဒဏ်ရာရသူတွေလည်း ပေါ်ပေါက်နေတာကိုတွေ့ရပါတယ်။ ယမန်နေ့ည(၈.၃.၂၀၂၁)ရက်နေ့က စမ်းချောင်းမှာဖြစ်ပေါ်ခဲ့တဲ့ အခြေအနေအရပ်ရပ်နဲ့ပက်သက်ပြီး ပြည်သူတွေအနေနဲ့စိုးရိမ်ပူပန်မှုတွေနဲ့ရင်ဆိုင်ကြုံတွေ့ခဲ့ကြရတာဖြစ်ပါတယ်။

Photo credit-Myanmarload TV
Photo credit-Myanmarload TV
Photo credit-Myanmarload TV
Photo credit-Myanmarload TV

စမ်းချောင်းမှာဖြစ်ပေါ်ခဲ့တဲ့ အခြေအနေအချို့ကြောင့် ယမန်နေ့ညကရန်ကုန်မြို့ရှိ မြို့နယ်တိုင်းလိုလိုမှာလဲ လူထုလှုပ်ရှားမှုတွေပေါ်ပေါက်လာခဲ့တာလည်းဖြစ်ပါတယ်။ စမ်းချောင်းကိစ္စနဲ့ပက်သက်ပြီးလည်း Embassyအတော်များများကလည်း Statementsတွေထုတ်ခဲ့ကြတာဖြစ်ပြီး နိုင်ငံတကာသတင်းထောက်‌တွေအနေနဲ့လည်း Twitterကနေတစ်ဆင့် သတင်းအကြောင်းအရာတွေတင်ပေးလာကြတာလည်း တွေ့ရပါတယ်။

Photo credit-Myanmarload TV
Photo credit-Myanmarload TV
Photo credit-Myanmarload TV
Photo credit-Myanmarload TV

ဖော်ပြပေးချင်တဲ့ စာရင်းအနေနဲ့ လတ်တလောမှာ UN Special Rapporteur Tom Andrews, Freya Cole(Broadcast journalist from BBC), Matthew Tostevin (Southeast Asia Editor, Reuters),Poppy McPherson( Journalist from Reuters) တို့ပဲဖြစ်ကြပါတယ်နော်။ နောက်ထပ်လည်း သိရှိရသမျှကိုပရိသတ်တွေအတွက် ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

Photo credit-Twitter acc
Photo credit-Twitter acc

သတင်း အရင်းအမြစ်Myanmarload

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T