ယခုရိုက်နေတဲ့ ဇာတ်လမ်းတွဲကရရှိမယ့် အနုပညာကြေးအကုန်လုံးကို ပြည်သူ့ဝန်ထမ်းတွေထံ လှူဒါန်းမှာဖြစ်တဲ့အကြောင်း ဖွင့်ဟလိုက်တဲ့ စိုပြေမြင့်

//s9.kh1.co/12/12b6ae3579e359d034baefb03111c92e0fc19090.jpg
အနုပညာရှင်များ

 ၀၉-မတ်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

ယခုရိုက်နေတဲ့ ဇာတ်လမ်းတွဲကရရှိမယ့် အနုပညာကြေးအကုန်လုံးကို ပြည်သူ့ဝန်ထမ်းတွေထံ လှူဒါန်းမှာဖြစ်တဲ့အကြောင်းဖွင့်ဟလိုက်တဲ့ စိုပြေမြင့်

မြန်မာပြည်သူပြည်သားကတော့ လူထုလှုပ်ရှားမှုတွေကို စိတ်အားထက်သန်မှုအပြည့်နဲ့ မမောနိုင်မပန်းနိုင်ပါဝင်လုပ်ဆောင်နေကြတာပဲဖြစ်ပါတယ်။အနုပညာရှင်တွေများစွာကလည်း ပြည်သူတွေနဲ့အတူ နွေဦးတော်လှန်ရေးမှာ သူတို့တတ်နိုင်သလောက်ပါဝင်နေကြတာဖြစ်ပြီး အလှူအတန်းတွေကိုလည်း ပြုလုပ်ပေးလေ့ရှိပါတယ်။ စိုပြေမြင့်ကတော့ လက်ရှိဖြစ်ပွားနေတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး သူရဲ့ခံစားချက်ကို လူမှုကွန်ယက်စာမျက်နှာထက်မှာ မကြာခဏမျှဝေပေးခဲ့တာပဲဖြစ်ပါတယ်။

Photo Credit: So Pyay Myint ' s Facebook Acc
Photo Credit: So Pyay Myint ' s Facebook Acc
Photo Credit: So Pyay Myint ' s Facebook Acc
Photo Credit: So Pyay Myint ' s Facebook Acc

သူကတော့ အမှန်တရားဘက်ကနေ ပြည်သူတွေနဲ့အတူ မားမားမတ်မတ်ရပ်တည်နေတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ယခုမှာတော့ စိုပြေမြင့်တစ်ယောက်ဟာ အခုရိုက်ကူးနေတဲ့ ဇာတ်လမ်းတွဲကရရှိတဲ့ အနုပညာကြေးအကုန်လုံးကို ပြည်သူ့ဝန်ထမ်းတွေထံ လှူဒါန်းမယ့်အကြောင်း ပြောပြလာခဲ့ပါတယ်။ စိုပြေမြင့်က ယခုကိစ္စတွေမဖြစ်ပွားမီရက်ပိုင်းကပဲ ဇာတ်လမ်းတွဲရိုက်ကူးဖို့အတွက် နယ်ဘက်ကို ကြိုတင်ရောက်ရှိနေခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: So Pyay Myint ' s Facebook Acc
Photo Credit: So Pyay Myint ' s Facebook Acc
Photo Credit: So Pyay Myint ' s Facebook Acc
Photo Credit: So Pyay Myint ' s Facebook Acc

" ကျွန်တော်စိုပြေမြင့်သည် စစ်အာဏာမသိမ်းခင်၁ရက်အလို ရိုက်ကူးရေးနှင့်နယ်ဘက်ကိုရောက်သွားပါ​သောကြောင့် ကျွန်တော်တက်နိုင်တဲ့ဘက်ကနေ အလှူငွေများလှူဒါန်းလျက်ရှိပါသည် အခုလည်း ကျွန်တော်ရိုက်နေသော ဇာတ်လမ်းတွဲမှရသည့် အနုပညာကြေးအကုန်လုံးကို CDM လုပ်သောတာဝန်သိပြည်သူများကို အကုန်လှူပါမယ် အရေးတော်ပုံအောင်ရမည် "ဆိုပြီး စိုပြေမြင့်က  ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ မြန်မာပြည်သူပြည်သားတွေအားလုံးစိတ်ချမ်းသာပြီး ပျော်ရွှင်ရတဲ့နေရက်တွေကို ပိုင်ဆိုင်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

Source: So Pyay Myint ' s Facebook Acc

Photo Credit: So Pyay Myint ' s Facebook Acc
Photo Credit: So Pyay Myint ' s Facebook Acc
Photo Credit: So Pyay Myint ' s Facebook Acc
Photo Credit: So Pyay Myint ' s Facebook Acc
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T