မြစ်ကြီးနားလှုပ်ရှားမှုမှာ လက်မောင်းကျည်ထိပြီးဆေးရုံတက်နေရတဲ့ သူရဲကောင်းပြည်သူအတွက် အလှူငွေတွေပေးပို့လှူဒါန်းခဲ့တဲ့ ချယ်ရီသင်း

//s9.kh1.co/81/813dd8880209693a19e166fcff70c32a27fd420b.jpg
အနုပညာရှင်များ

 ၀၉-မတ်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. ချယ်ရီသင်းကတော့ ဂီတလောကမှာ သီချင်းကောင်းလေးတွေနဲ့အောင်မြင်မှုတွေရရှိထားသလို လက်ရှိအခြေအနေတွေမှာလည်း ပြည်သူတွေနဲ့အတူရပ်တည်ကာ လှူဒါန်းမှုတွေဆက်တိုက်ပြုလုပ်နေသူလေးပဲ ဖြစ်ပါတယ်..။

ချယ်လို့အားလုံးက ချစ်စနိုးခေါ်ကြတဲ့ သူမကတော့ ပြည်သူတွေနဲ့အတူလူထုလှုပ်ရှားမှုတွေလည်း ပြုလုပ်နေပြီး ချို့တဲ့ပြီးခက်ခဲနေကြတဲ့ သူရဲကောင်းပြည်သူတွေအတွက်လည်း လိုအပ်တဲ့နေရာတွေမှာ လိုအပ်သလို လှူဒါန်းနေတာပါ..။

Photo Credit - Cherry Thin's Fb Acc
Photo Credit - Cherry Thin's Fb Acc
Photo Credit - Cherry Thin's Fb Acc
Photo Credit - Cherry Thin's Fb Acc

ချယ်ကတော့ ပြည်သူတွင်းပြည်ပအလှူရှင်တွေ လှူဒါန်းထားတဲ့ အလှူငွေတွေနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းတွေကတည်းက ပြည်သူတွေအတွက် လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းနေသလို ဒီကနေ့လေးမှာလည်း မြစ်ကြီးနားလှုပ်ရှားမှုမှာ ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သူကို အလှူငွေတွေ ပေးပို့လှူဒါန်းခဲ့ပြန်ပါတယ်..။

မြစ်ကြီးနားလူထုလှုပ်ရှားမှုမှာ သေနတ်ပစ်အကြမ်းဖက်ဖြိုခွင်းခံရပြီး လက်မောင်းကို ကျည်အစစ်ထိမှန်ကာဒဏ်ရာရရှိခဲ့တဲ့ အမျိုးသမီးသူရဲကောင်းပြည်သူအတွက် အလှူငွေအဖြစ် (၄)သိန်းကို ပေးပို့လှူဒါန်းခဲ့တာ ဖြစ်ပါတယ်..။

Photo Credit - Cherry Thin's Fb Acc
Photo Credit - Cherry Thin's Fb Acc
Photo Credit - Cherry Thin's Fb Acc
Photo Credit - Cherry Thin's Fb Acc

"မနေ့ကမြစ်ကြီးနားမှာလက်မောင်းကျည်ထိပြီးဆေးရုံတတ်နေရတဲ့အမ ညိုညိုလှိုင် အတွက်ပြည်တွင်းပြည်ပမှစေတနာရှင်များစုပေါင်းလှူဒါန်းထားတဲ့အလှူငွေထဲမှ(၄)သိန်းကျပ်ကိုတာဝန်ရှိသူထံပို့ပေးပြီးပါပြီ?

သွားရောက်ပို့ပေးတဲ့ အမ Xian lee ကိုလည်းကျေးဇူးပါနော်?

အမြန်နေကောင်းပါစေမမရေ?

မြစ်ကြီးနားမြို့ကြီးလည်းအေးချမ်းပါစေ??

ချယ်ရီ သင်း.." ဆိုပြီး ချယ်ရီသင်းက အလှူလေးကို ဝေမျှပြောပြထားပါ..။

လိုအပ်နေကြတဲ့နေရာလေးတွေကို နေ့စဉ်ရက်ဆက်လှူဒါန်းမှုတွေပြုလုပ်နေတဲ့ ချယ်ရီသင်းတို့ရဲ့ အလှူလေးကိုလည်း ပရိသတ်တွေကလေးစားသာဓုခေါ်ကာ ဆုတောင်းစကားလေးတွေလည်း ပြောထားကြပါတယ်..။

Photo Credit - Cherry Thin's Fb Acc
Photo Credit - Cherry Thin's Fb Acc
Photo Credit - Cherry Thin's Fb Acc
Photo Credit - Cherry Thin's Fb Acc

သတင်း အရင်းအမြစ်Cherry Thin's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T