သူငယ်ချင်း မိတ်ဆွေတွေနဲ့အတူ စုပေါင်းပြီး ပြည်သူ့ဝန်ထမ်း အယောက်၅၀ကို ထမင်းဗူးလှူဒါန်းခဲ့တဲ့ ခေးဆက်သွင်

//s9.kh1.co/e4/e44a99db4f2e2051f7d305857a06a85fb7ed35e6.jpg
အနုပညာရှင်များ

 ၀၉-မတ်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင် မင်းသမီးချောလေး ခေးဆက်သွင်ကတော့ အရေးတော်ပုံမှာ တက်ကြွစွာ ပါဝင်လှုပ်ရှားနေတဲ့ အနုပညာရှင်တစ်ယောက်ပါ။ ဖေဖော်ဝါရီလ ၁ရက်နေ့ကတည်း ပြောင်းလဲခဲ့တဲ့ နိုင်ငံရေးအခြေအနေတွေမှာလည်း ပြည်သူတွေဘက်ကနေ တစ်သားတည်းရပ်တည်ပေးခဲ့တာလည်း ဖြစ်ပါတယ်။ ခေးဆက်သွင်က သူမကိုယ်တိုင်လည်း လမ်းပေါ်ထွက်ကာ လူထုလှုပ်ရှားမှုမှာ ပါဝင်နေသလို နေပူထဲမှာ အပင်ပန်းခံကာ တရားမျှတမှု့အတွက် တောင်းဆိုနေတဲ့ ပြည်သူတွေကိုလည်း ချွေးနည်းစာထဲကနေ အလှူဒါနတွေ ပြုလုပ်လေ့ရှိတာပဲ ဖြစ်ပါတယ်။ 

Photo credit - Khay Satt Thwin's FB account
Photo credit - Khay Satt Thwin's FB account
Photo credit - Khay Satt Thwin's FB account
Photo credit - Khay Satt Thwin's FB account

ဒါ့အပြင် ခေးဆက်သွင်က လူထုလှုပ်ရှားမှုမှာ ပါဝင်နေတဲ့ ပြည်သူ့ဝန်ထမ်းတွေအတွက်လည်း သူငယ်ချင်း မိတ်ဆွေတွေနဲ့ စုပေါင်းကာ ထမင်းဗူးအလှူပြုလုပ်နေခဲ့ပါတယ်။ ခေးဆက်သွင်က ထမင်းဗူး အလှူနဲ့ ပတ်သတ်ပြီး " သူရဲကောင်း အယောက်(၅၀)စာ ထမင်းပို့တာ ၁၂ရက်ရှိပါပြီ အစက တစ်ယောက်တည်း လှူဖို့တာဝန်ယူထားပေမယ့် ပါဝင်လှူဒါန်းပေးကြတဲ့ သူငယ်ချင်းမိတ်ဆွေများကြောင့်လည်း ဆက်လက် လှူဒါန်းနိုင်တာပါ ရတဲ့ဘက်က တိုက်ရမှာပဲ အရေးတော်ပုံ အောင်ရမည် " ဆိုပြီး လူမှုကွန်ယက် ဖေ့ဘွတ်စာမျက်နှာထက်မှာ ရေးသားတင်ပေးလာခဲ့ပါတယ်။

Photo credit - Khay Satt Thwin's FB account
Photo credit - Khay Satt Thwin's FB account
Photo credit - Khay Satt Thwin's FB account
Photo credit - Khay Satt Thwin's FB account

အခုလို အလှူအတန်းတွေကို စိတ်အားထက်သန်စွာ ပြုလုပ်နေတဲ့ ခေးဆက်သွင်ရဲ့ ပုံရိပ်တွေနဲ့ စာသားတွေကို ပရိသတ်တွေထံ ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

လိုအပ်တဲ့ နေရာတွေမှာ လှူဒါန်းရုံသာမကပဲ အရေးတော်ပုံကြီးမှာလည်း တစ်တပ်တစ်အားအနေနဲ့ ပါဝင်နေတဲ့ သရုပ်ဆောင် ခေးဆက်သွင်အတွက် ပရိသတ်တွေက ကောမန့်မှာ အားပေးစကားတွေရေးပေးခဲ့ဖို့ တောင်းဆိုလိုက်ပါတယ်။ 

Photo credit - Khay Satt Thwin's FB account
Photo credit - Khay Satt Thwin's FB account
Photo credit - Khay Satt Thwin's FB account
Photo credit - Khay Satt Thwin's FB account

သတင်း အရင်းအမြစ်Source - Khay Satt Thwin's FB account

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T