တသ်နေကုန် အလုပ်ထဲမှာ ထိုင်လုပ်နေသူတွေကတော့ အထူးသတိထားသင့်ပါတယ်

● ကိုယ်နေဟန်ထားကို ဂရုစိုက်ခြင်း - မတ်တတ်ရပ်တဲ့အချိန်မှာ ခြေထောက်နှစ်ခုလုံးပေါ်မှာ ကိုယ်အလေးချိန်ကို ညီမျှအောင်ထားပါ။ ထိုင်နေစဉ် ပိုမိုအဆင်ပြေစေဖို့ ကျောရိုးတစ်လျှောက်ကို ထိန်းထားပေးနိုင်တဲ့ ကုလားထိုင်မျိုးကိုသာ ရွေးချယ်ပါ။ ထိုင်ခုံအမြင့်ကိုလည်း ကြမ်းပြင်ပေါ်မှာ ခြေဖဝါးချနိုင်၍ ပေါင်နှင့်ကြမ်း အပြိုင်ဖြစ်နေနိုင်မယ့် အနေအထားသို့ ပြောင်းလဲပါ။ ပိုက်ဆံအိတ် (သို့) လက်ကိုင်ဖုန်းတွေကို ကျောဘက်အိတ်မှ ဖယ်ရှားထားခြင်းဖြင့် ထိုင်တဲ့အခါမှာ တင်ပါး (သို့) ခါးပေါ်သို့ ဖိအားသက်ရောက်ခြင်းကို ကာကွယ်နိုင်ပါတယ်။

● ပစ္စည်းမတဲ့အချိန်မှာ အနေအထားမှန်ကန်အောင် ဂရုပြုခြင်း - အလေးအပင်မတဲ့အချိန်တွင် ခြေထောက်အားကိုသုံး၍ ကြွက်သားများကို ဆွဲဆန့်ထားပါ။ မ,မယ့်ပစ္စည်းကို တတ်နိုင်သမျှ ကိုယ်နဲ့ ကပ်ထားပါ။ ကျောဘက်နဲ့သဘာဝအကွေးကို ထိုအတိုင်း ရှိနေပါစေ။ ပစ္စည်းမတဲ့အချိန်မှာ မလိမ်မိပါစေနှင့်။ အကယ်၍ ပစ္စည်းက အတော်လေးပါက တစ်စုံတစ်ယောက်ကို အကူအညီတောင်းပါ။

● ထပ်ခါတလဲလဲ ပြုလုပ်ရမည့်အရာများအတွက် တစ်ခုခု စီစဉ်ပါ - ကုန်ပစ္စည်းတွေ မ,ဖို့အတွက် စက်ပစ္စည်းများရဲ့ အကူအညီကို ရယူပါ။ ခန္ဓာကိုယ်အင်အား သုံးရမယ့်အလုပ်တွေကို တတ်နိုင်သမျှ အားစိုက်ထုတ်စရာမလိုအောင် ကြိုးစားကြည့်ပါ။ ကွန်ပျူတာဖြင့် အလုပ်လုပ်မည်ဆိုပါက တီဗီဖန်သားပြင်၊ ကွန်ပျူတာကီးဘုတ်၊ ကွန်ပျူတာမောက်စ်၊ ထိုင်ခုံ စတာတွေကို နေရာကျအောင်ထားပါ။ ဖုန်းပြောနေတဲ့အချိန်မှာ စာရိုက်ဖို့လိုတယ်ဆိုပါက ဖုန်းကို စပီကာဖွင့်ထားခြင်း (သို့) နားကြပ်တပ်ထားခြင်းများကို ပြုလုပ်သင့်ပါတယ်။ မလိုအပ်ဘဲ ကုန်းခြင်း၊ ခါးချိုးခြင်း၊ လိမ်ခြင်းများကို ရှောင်ကြဉ်သင့်ပါတယ်။ လေးလံတဲ့ပိုက်ဆံအိတ်၊ လက်ဆွဲအိတ် စတာတွေ သယ်ဆောင်ခြင်းအတွက် အချိန်ကို တတ်နိုင်သမျှ ကန့်သတ်ထားပါ။ ဘီးပါတဲ့လက်ဆွဲအိတ်များကို သုံးစွဲဖို့ စဉ်းစားသင့်ပါတယ်။

● ခန္ဓာကိုယ်ရဲ့ တောင်းဆိုချက်များကို အမြဲမပြတ် သတိပြုပါ - အချိန်အကြာကြီး ထိုင်ရမယ်ဆိုပါက ကိုယ်နေဟန်ထားကို မကြာခဏ ပြောင်းလဲပေးပါ။ ထို့နောက် မကြာမကြာ လမ်းထလျှောက်ခြင်းနဲ့ ကြွက်သားများကို ဆွဲဆန့်ခြင်းဖြင့် ဖိအားသက်ရောက်ခြင်းကို သက်သာစေနိုင်ပါတယ်။

ခါးနာခြင်းဝေဒနာကြောင့် လုပ်ငန်းခွင်၌သာမက အားလပ်ချိန်များတွင်ပါ စိတ်ဒုက္ခရောက်စေနိုင်ပါတယ်။ ဒါကြောင့် လုပ်ငန်းခွင်အနေအထားကို ဆန်းစစ်၍ ခါးနာခြင်းကို ပိုဆိုးစေမယ့်အရာများကို တတ်နိုင်သမျှ ဖယ်ရှားခြင်းဖြင့် နာကျင်မှုဝေဒနာကို သက်သာစေနိုင်ပါတယ်။

သတင်းအရင်းမြစ် Dr. Thinzar Wynn

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။