နွေဦးတော်လှန်ရေးအောင်မြင်ဖို့ စည်းလုံးညီညွှတ်မှု၊သည်းခံမှုနဲ့ မတရားမှုကို ဒူးမထောက်တဲ့ စိတ်ဓာတ်တွေရှိဖို့လိုကြောင်း ​ဖွင့်ဟလာတဲ့ ပိုပို

//s9.kh1.co/8a/8a23fcaa945d2d4a3702f5f528d57980e09a4b16.jpg
အနုပညာရှင်များ

 ၀၉-မတ်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

နွေဦးတော်လှန်ရေးအောင်မြင်ဖို့ စည်းလုံးညီညွှတ်မှု၊သည်းခံမှုနဲ့ မတရားမှုကို ဒူးမထောက်တဲ့ စိတ်ဓာတ်တွေရှိဖို့လိုကြောင်း ​ဖွင့်ဟလာတဲ့ ပိုပို

မြန်မာပြည်သူပြည်သားတွေကတော့ တစ်ယောက်ကိုတစ်ယောက်ကူညီဖေးမကြရင်း နွေဦးတော်လှန်ရေးကို စိတ်ခွန်အားအပြည့်နဲ့ ဆင်နွှဲလျက်ရှိနေခဲ့တာပဲဖြစ်ပါတယ်။ ထိခိုက်ဒဏ်ရာတွေအပြင် ကျဆုံးမှုတွေပါရှိပေမယ့် ပြည်သူတွေကတော့ လူထုလှုပ်ရှားမှုကို ဆက်လက်ပြုလုပ်နေခဲ့ကြပါတယ်။ အမှန်တရားဘက်ကနေ ပြည်သူတွေနဲ့အတူ ရပ်တည်လျက်ရှိနေတဲ့ ပိုပိုကတော့ နွေဦးတော်လှန်ရေးမှာ ကျဆုံးသွားတဲ့သူရဲကောင်းတွေအတွက်လည်း တတ်နိုင်သလောက်အလှူငွေတွေကို လှူဒါန်းပေးလေ့ရှိပါတယ်။

Photo Credit: ပိုပို  ' s Facebook page 
Photo Credit: ပိုပို ' s Facebook page 
Photo Credit: ပိုပို  ' s Facebook page 
Photo Credit: ပိုပို ' s Facebook page 

ယခုမှာတော့ ပိုပိုတစ်ယောက်ဟာ နွေဦးတော်လှန်ရေးအောင်မြင်ဖို့အတွက် စည်းလုံးညီညွှတ်မှု  ၊သည်းခံမှုနဲ့ မတရားမှုကို ဒူးမထောက်တဲ့ စိတ်ဓာတ်တွေရှိဖို့လိုကြောင်း ပြောပြလာခဲ့ပါတယ်။ပိုပိုက " ဆဲ နေလို့ တော်လှန်ရေး အောင်မှာမဟုတ်(ဘုန်းကြီးတွေကိုဆဲတာပိုဆိုးပါတယ် )ခံနိုင်ရည်နဲ့ တွန်းလှန်နိုင်စွမ်း ဥာဏ်နဲ့ ယှဉ်တိုက် အနာခံနိုင်စွမ်း အကြောက်တရားကို တွန်းလှန်နိုင်စိတ် စည်းလုံးညီညွှတ်မှုသည်းခံမှု မတရားမှုကို ဒူးမထောက်တဲ့ ခိုင်မာသော စိတ်ဓါတ်လိုချင်တာကို မရရ အောင် ယူမယ်ဆိုတဲ့ စိတ်ဓါတ်ကသာ လျှင် တော်လှန်ရေး အောင်မြင်မည် ဖြစ်သည် "ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့ပါတယ်။

Photo Credit: ပိုပို  ' s Facebook page 
Photo Credit: ပိုပို ' s Facebook page 
Photo Credit: ပိုပို  ' s Facebook page 
Photo Credit: ပိုပို  ' s Facebook page 
Photo Credit: ပိုပို  ' s Facebook page 
Photo Credit: ပိုပို ' s Facebook page 

ပိုပိုကတော့ " ဆဲလို့ နိုင်မည်ဆို ဆဲပါ ပို့ အနေနဲ့ အကုသိုလ်တွေ ယူနေသည်ဟုထင်လို့ ပို ချစ်တဲ့သူတွေ အကုသိုလ် မရစေချင်သော စေတနာဖြစ်ပါသဖြင့် သဘောမကျရင် ပို့ကို Unfri unfollow လုပ်နိုင်ပါတယ် " ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးကို အားမာန်အပြည့်နဲ့ ဆင်နွှဲနေတဲ့ မြန်မာပြည်သူပြည်သားတွေအားလုံး ဘေးရန်အသွယ်သွယ်မှ ကင်းဝေးကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။

Source:ဝတ်ရည်မိုး ' s facebook acc

Photo Credit: ပိုပို  ' s Facebook page 
Photo Credit: ပိုပို ' s Facebook page 
Photo Credit: ပိုပို  ' s Facebook page 
Photo Credit: ပိုပို ' s Facebook page 
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T