ခန္ဓာကိုယ်ပေါ်က အနာတွေကို အကျက်မြန်စေတဲ့ အစားအစာ (၁၁) မျိုး

//s9.kh1.co/2e/2e4f09b7bbb6f3f29688fb78dd963339926d9fd4.jpg
ဗဟုသုတအဖြာဖြာ

 ၀၉-မတ်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

အကြောင်းအမျိုးမျိုးကြောင့် ခန္ဓာကိုယ်မှာ ဒဏ်ရာရယ်လို့ဖြစ်လာတဲ့အခါ အဲဒီဒဏ်ရာကို ဘယ်လိုမျိုး စောင့်ရှောက်မှုတွေလုပ်မလဲဆိုတာနဲ့ အနာကျက်မြန်အောင် ဘယ်လိုနေထိုင် စားသောက်မလဲဆိုတာက သိထားသင့်ပါတယ်။ ဘာကြောင့်ပဲ ထိခိုက်ဒဏ်ရာဖြစ်ဖြစ် ရရှိလာတဲ့ဒဏ်ရာကို အမှုမဲ့အမှတ်မဲ့ထားလိုက်လို့မရပါဘူး။ အနာကျက်မြန်အောင်၊ မှန်ကန်ပြီး ကျန်းမာရေးနဲ့ညီညွတ်အောင် စားသောက်နေထိုင်ဖို့လိုအပ်ပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/2e/2e4f09b7bbb6f3f29688fb78dd963339926d9fd4.jpg

ထိခိုက်ဒဏ်ရာတစ်ခုရထားတဲ့အခါ ပုံမှန်စားနေကျအတိုင်း စားချင်တာမှန်သမျှကိုစားနေ လို့မဖြစ်ပါဘူး။ စားသုံးတဲ့အစားအစာတွေထဲမှာ အနာကျက်မြန်စေပြီး ရောဂါကာကွယ်စေတဲ့ ကိုယ်ခံအားကိုတက်စေမယ့် ဗီတာမင် နဲ့ သတ္တုဓာတ်တွေပါဝင်တဲ့ အစားအသောက်တွေ ကို စားသုံးဖို့ကတော်တော်လေးအရေးပါပါတယ်။ အောက်မှာတော့ အနာကျက်တာကို လျင်မြန်စေမယ့် အစားအသောက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

နနွင်း

https://s9.kh1.co/__image/w=650,h=407,q=100/4b/4b932ca7f280ec06759b68586a1afbac82205b85.jpg

ဟင်းချက်ရာမှာသုံးလေ့ရှိကြတဲ့ အရာတစ်မျိုးပါ။ နနွင်းကတော်တော်ေလေးဆေးဖက်ဝင်တယ်လို့လည်းသိထားကြပြီးဖြစ်မှာပါ။ နနွင်းမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးက ရောင်ရမ်းမှုကို သက်သာစေပြီး အနာကျက်မြန်စေနိုင်စွမ်းရှိပါတယ်။ ရှေးလူကြီးတွေဆိုရင် အနာပေါ်မှာ နနွင်းသိပ်တာ၊ နနွင်းရေဖျော်ပြီးလူးတာမျိုးတွေလုပ်ကြပါတယ်။ နနွင်းနဲ့ ကြပ်ထုတ်ထိုးတာမျိုးလည်းရှိပါတယ်။

ပျားရည်

https://s9.kh1.co/__image/w=600,h=404,q=100/77/77399a2992a093bf7ed35388caaa311206b34698.jpg

ပျားရည်ကို သဘာဝအာဟာရတစ်မျိုးအဖြစ်နဲ့ နေ့စဉ် ဆေးဖြစ်ဝါးဖြစ်သောက်သုံး တာမျိုးလည်း ရှိပါတယ်။ ပျားရည်မှာ ဗီတာမင်နဲ့ မိုင်နိုအက်ဆစ်ဓာတ်တွေက အချိုဓာတ်ထက်ပိုမိုပါဝင် နေတတ်ပါတယ်။ ပျားရည်ကို အနာပေါ်လူးပေးရင်လည်း ရောင်ရမ်းတာ၊နာကျင်တာ နဲ့ အနာတဝိုက်နီမြန်းနာကျင်တာတွေကို သက်သာစေနိုင်ပါတယ်။ ပျားရည်မှာပါတဲ့ ပိုးသေစေနိုင်တဲ့ အာနိသင်တွေက အနာထဲကို ပိုးမဝင်အောင် တားဆီးပေးပါတယ်။

နို့ထွက်ပစ္စည်းတွေ

https://s9.kh1.co/__image/w=600,h=360,q=100/5b/5b74dd10cdf9752d993d5f29cfe99760bf769bd3.jpg

နွားနို့ နဲ့ ဒိန်ချဉ်တို့လိုမျိုး နို့ထွက်ပစ္စည်းတွေမှာ ပရိုတင်းနဲ့ ဇင့်ဓာတ်ပါဝင်မှုများတာကြောင့် အနာကျက်စေဖို့အထောက်အကူပြုပေးပါတယ်။ သိပ္ပံနည်းကျအထောက်အထားတွေအရ နို့မှာပါတဲ့ ပရိုတင်းဓာတ်က အနာကျက်မြန်စေနိုင်တယ်လို့ သိရပါတယ်။

အဆီမပါတဲ့ အသား

https://s9.kh1.co/__image/w=600,h=337,q=100/7a/7a86f0bfbd11dce7a956e162c3d4bddc26c1eb10.jpg

နို့ထွက်ပစ္စည်းတွေလိုပဲ အသားမှာလည်း အနာကျက်မြန်စေတဲ့ ပရိုတင်းနဲ့ ဇင့်ဓာတ်တွေ ပါဝင်နေပါတယ်။ အနာကျက်စေနိုင်ဖို့အတွက် နေ့စဉ်စားသုံးတဲ့အစားအသောက်တွေထဲမှာ အသားတစ်တုံးလောက်ထည့်ပြီးစားပေးမယ်ဆိုရင် အနာကျက်မြန်စေမှာဖြစ်ပါတယ်။

ကန်စွန်းဥ

https://s9.kh1.co/__image/w=600,h=379,q=100/f3/f3f6ded8f560aded7c125c1da25feced39b185b8.jpg

ကန်စွန်းဥမှာလည်း အနာကျက်မြန်စေတယ်လို့သိထားကြတဲ့ ဗီတာမင် A၊ B နဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေပိုင်ဆိုင်ထားတဲ့ ဗီတာမင် C တွေပါဝင်နေပါတယ်။ ဒါကြောင့် အနာကျက်မြန်စေဖို့ဆိုရင် ကန်စွန်းဥကလည်း မေ့မထားသင့်တဲ့အစားအသောက်တစ်မျိုးပါ။

အခွံမာသီးနဲ့အစေ့အဆန်များ

https://s9.kh1.co/__image/w=600,h=400,q=100/22/22caf576accb0350987f9d253af50d77e754dcb9.jpg

ဖရုံစေ့နဲ့နှမ်းတို့လိုမျိုး အစေ့အဆန်တွေမှာ ဇင့်ဓာတ်ကြွယ်ဝစွာပါဝင်နေပါတယ်။ ဇင့်က ကိုယ်ခံအားစနစ်ကောင်းမွန်စေဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ဓာတ်တစ်မျိုးပါ။ ဇင့်က အနာ ကျက်စေဖို့အတွက် နဲ့ ဆဲလ်ကြီးထွားဖို့အတွက်လိုအပ်တဲ့ သတ္တုဓာတ်တစ်မျိုးလည်းဖြစ်ပါတယ်။

ခရမ်းချဉ်သီး

https://s9.kh1.co/__image/w=600,h=398,q=100/ad/ad12d8e24f93f4f027166b4cf1140e39b6e78f05.jpg

ခရမ်းချဉ်သီးက အနာထဲကို ပိုးမဝင်ရောက် ကာကွယ်ပေးနိုင်သလို အနာကျက်မြန်စေအောင် လည်းလုပ်ဆောင်ပေးပါတယ်။ ခရမ်းချဉ်သီးက ဆဲလ်တွေထိခိုက်ပျက်စီးတာမျိုးမဖြစ်အောင် ကာကွယ်ပေးသလို ကိုယ်ခံအားစနစ်ကိုလည်း အားဖြည့်ပေးပါတယ်။ နေ့စဉ်စားသုံးတဲ့အစား အ သောက် တွေထဲမှာ ခရမ်းချဉ်သီးတစ်ကွင်းလောက်ထည့်စားတာမျိုးပဲဖြစ်ဖြစ်၊ ခရမ်းချဉ်သီးကို ဟင်းအနှစ်ချက်ပြီးစားတာ၊ သုတ်စားတာမျိုးဖြစ်ဖြစ်လုပ်ပြီးစားမယ်ဆိုရင် အနာကျက်မြန်စေမှာ အသေအချာပါပဲ။

ပန်းဂေါ်ဖီစိမ်း

https://s9.kh1.co/__image/w=600,h=398,q=100/a9/a922bba4deb7f8c5c34c634f40251a4b1a7958cb.jpg

ပန်းဂေါ်ဖီစိမ်းမှာ phytonutrients တွေမြင့်မားစွာပါရှိပါတယ်။ အဆိုပါ ဓာတ်တိုးဆန့် ကျင်ပစ္စည်း တွေက ‌ေရာင်ရမ်းမှုတွေကို သက်သာစေနိုင်ပြီး ကိုယ်ခံအားစနစ်ကိုလည်း တိုးမြင့်စေပါတယ်။ ပန်းဂေါ်ဖီစိမ်းမှာပါတဲ့ ဗီတာမင် C ကအနာကျက်စေနိုင်သလို ပျက်စီး စုတ်ပြဲ သွားတဲ့ တစ်ရှုးတွေကို ပြုပြင်ပေးပြီး ကြီးထွားစေပါတယ်။ နေ့စဉ်စားသုံးတဲ့အစားအ သောက် တွေထဲမှာ ပန်းဂေါ်ဖီစိမ်းကြော်ကို နည်းနည်းထည့်စားပေးတာက အနာကျက်စေမှာဖြစ်ပါတယ်။

ပဲပိစပ်

https://s9.kh1.co/__image/w=600,h=401,q=100/fb/fb35f049582aa45b860a6f0a9336110debc1a0af.jpg

ပဲပိစပ်မှာ အစားခြေစနစ်ရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေနိုင်တဲ့ ဗီတာမင် A၊C၊D၊E နဲ့ K တို့လိုမျိုး ဗီတာမင် ဓာတ်တွေကြွယ် ဝစွာပါဝင်နေပါတယ်။ ပဲပိစပ်က ကိုယ်ခံ အား စနစ်ကောင်းမွန်အောင် အထောက်အကူပြုနိုင်သလို အရေပြားကျန်းမာအောင်လည်း အထောက်အကူပြုပေးပါတယ်။ နေ့စဉ်စားသုံးတဲ့ အစားအသောက်တွေထဲမှာ ပဲပိစပ်ကိုထည့်ပြီး စားသုံးပေးမယ် အနာကျက်မြန်စေမှာလည်းဖြစ်ပါတယ်။

ချောကလက်

https://s9.kh1.co/__image/w=600,h=337,q=100/db/db25d47bf7649bbc1688eaa4865bd6491a06ddbf.jpg

အချိုကြိုက်တဲ့သူတွေအတွက် သတင်းကောင်းတစ်ရပ်ပါ။ ချောကလက်ကကျန်းမာရေးကို ကောင်းမွန် အောင်လည်း အထောက်အကူပြု ပေးပါတယ်။ ချောကလက်ရဲ့နောက်ထပ် အာနိသင် တစ်ခုက အနာကျက်စေနိုင်တာပါ။ ကျန်းမာရေးဆိုင်ရာ အစီရင်ခံစာတွေမှာ အနက်ရောင် ချောကလက်က သွေးဖိအားကို ထိန်းညှိပေးနိုင်တယ်၊လို့လည်း ဖော်ပြထားပါ တယ်။ ချောကလက်က ခန္ဓာကိုယ်ရဲ့ အောက်ဆီဂျင်၊ အာဟာရဓာတ်တွေနဲ့ ဗီတာမင်တွေကို ထုတ်လွှတ်မှုမှာ အထောက်အကူပြုပေးပါတယ်။ ချောကလက်စားသုံးပေးမယ်ဆိုရင် အနာကို ပိုးမဝင်အောင်ကာကွယ်ပြီးရာရောက်မယ့်အပြင် အနာကိုကျက်စေနိုင်မှာ ဖြစ်ပါတယ်။

အရည်သောက်ပါ

https://s9.kh1.co/__image/w=600,h=401,q=100/e1/e1eedde1f85ef3d021929eb28c90de3a7483cc6a.jpg

နောက်ဆုံးတစ်ချက်အနေနဲ့ ပြောပြချင်တာက အနာကျက်အောင်အရည်များများသောက်ဖို့ပါ။ အရည်ဓာတ်လုံလောက်မှုကလည်း အနာကျက် အောင်အထောက်အကူပြုပေးပါတယ်။ အရည်သောက်ပါဆိုတဲ့နေရာမှာလည်း ကော်ဖီ၊လက်ဖက်ရည်နဲ့အရက်လိုမျိုးသောက်စရာ တွေကိုပြောချင်တာမဟုတ်ပါဘူး။ ကျန်းမာရေးနဲ့ အညီညွတ်ဆုံးသောက်စရာကတော့ ရေပါ။ လိမ္မော်သီးကိုဖျော်ထားတဲ့ သစ်သီးဖျော်ရည် နဲ့ အခြားကျန်းမာရေးနဲ့ညီညွတ်တဲ့ ဟင်းရည်တစ်မျိုးမျိုးကိုသောက်ပေးလို့ရပါတယ်။

သတင်း အရင်းအမြစ်Health and Care

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T