များပြားလွန်းတဲ့ပြည်သူတွေနဲ့အတူ လူထုလှုပ်ရှားမှုတွေမှာတက်တက်ကြွကြွပါဝင်ပြီး ခွန်အားအပြည့်ကြွေးကြော်နေတဲ့မြင့်မြတ်ရဲ့ဗီဒီယို

//s9.kh1.co/08/084415d08818de53ab7015a139271730eb183f16.jpg
အနုပညာရှင်များ

 ၀၉-မတ်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. သဘာဝမင်းသားလို့ အားလုံးကတင်စားထားရလောက်အောင် သရုပ်ဆောင်ပီပြင်ပိုင်နိုင်ပြီး ပရိသတ်တွေရဲ့အသိအမှတ်ပြုအားပေးချစ်ခင်မှုတွေကို အများဆုံးရရှိထားသူကတော့ အကယ်ဒမီသရုပ်ဆောင်မင်းသားချော မြင့်မြတ်ပါပဲ..။

နာမည်ကျော်ဒိတ်ဒိတ်ကြဲအနုပညာရှင်တစ်ယောက်ဖြစ်ပေမယ့်လည်း ပကာသနကင်းစွာနေထိုင်တတ်တဲ့ မြင့်မြတ်ကတော့ လက်ရှိအခြေအနေတွေမှာ ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်နေတာကြောင့် အများရဲ့ချစ်ခင်လေးစားမှုတွေကိုလည်း ရရှိထားသူပါ..။

Photo Credit - Htoo Charr's Fb Acc
Photo Credit - Htoo Charr's Fb Acc
Photo Credit - Htoo Charr's Fb Acc
Photo Credit - Htoo Charr's Fb Acc

မြင့်မြတ်ကတော့ လတ်တလောမှာလည်း ပြည်သူတွေနဲ့အတူ ပူးပေါင်းပြီး ကိုယ်တိုင်ကိုယ်ကျလမ်းပေါ်ထွက် လူထုလှုပ်ရှားမှုတွေပြုလုပ်ကာ တော်လှန်ရေးတိုက်ပွဲကြီးမှာ အင်တိုက်အားတိုက်ပါဝင်နေတာကိုလည်း မြင်တွေ့ကြရမှာပါ..။

မိတ်ဆွေသူငယ်ချင်းတွေနဲ့အတူ နေ့ရက်တိုင်းလိုလိုလမ်းပေါ်ထွက်လှုပ်ရှားမှုတွေကို ကိုယ်တိုင်အပင်ပန်းခံတက်ကြွစွာပါဝင်နေတာဖြစ်ပြီး သူ့ရဲ့ပုံရိပ်လေးတွေကိုတော့ လှုပ်ရှားမှုတွေအတူလုပ်နေကြတဲ့အခြားအနုပညာရှင်ညီအစ်ကိုတွေက ပရိသတ်တွေကို ပြန်လည်ဝေမျှထားတာပါ..။

Photo Credit - Htoo Charr's Fb Acc
Photo Credit - Htoo Charr's Fb Acc
Photo Credit - Htoo Charr's Fb Acc
Photo Credit - Htoo Charr's Fb Acc

အခုတစ်ခါမှာလည်း မြင့်မြတ်တစ်ယောက်အနုပညာရှင်ညီအစ်ကိုမောင်နှမတွေနဲ့အတူ တော်လှန်ရေးမှာ တက်တက်ကြွကြွပါဝင်အားဖြည့် လှုပ်ရှားနေတဲ့ ပုံရိပ်လေးတွေကိုဗီဒီယိုဖိုင်လေးနဲ့အတူ ပရိသတ်တွေမြင်တွေ့ရဦးမှာပါ..။

ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်နေတာတွေကြောင့် အားလုံးရဲ့တစ်ခဲနက်အားပေးချစ်ခင်မှုတွေကို ထပ်မံပြီးပိုမိုရရှိထားတဲ့ မြင့်မြတ်ရဲ့လှုပ်ရှားမှုပုံရိပ်လေးတွေနဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Htoo Charr's Fb Acc
Photo Credit - Htoo Charr's Fb Acc
Photo Credit - Htoo Charr's Fb Acc
Photo Credit - Htoo Charr's Fb Acc

သတင်း အရင်းအမြစ်Yarzar Naywin's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T