လူထုလှုပ်ရှားမှုမှာပါ၀င်ရင်း ခေါင်းပေါက်ငယ်ထိပ်ထိခဲ့တဲ့ ဘဘအတွက် အလှူငွေသွားရောက်လှူဒါန်းခဲ့တဲ့ သားဂန်းနဲ့ဘေဘီမောင်

//s9.kh1.co/aa/aaf4ef09625848a2383e0b58faa56754c11c49c3.jpg
အနုပညာရှင်များ

 ၀၉-မတ်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

.

လက်ရှိမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ အခြေအနေအတွင်းမှာ အနုပညာရှင်တွေအနေနဲ့လည်း ပြည်သူထဲကပြည်သူတွေပဲဖြစ်တာမလို့ တတ်နိုင်တဲ့ဘက်ကနေ ပရိသတ်တွေနဲ့တစ်သားတည်းရပ်တည်ကာ လှုပ်ရှားမှုတွေပြုလုပ်နေကြတာကို ပရိသတ်တွေအနေနဲ့လည်း တွေ့မြင်ကြမယ်ထင်ပါတယ်နော်။ အခုလိုမျိုးအားကြိုးမာန်တက်နဲ့ ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ပါ၀င်အားဖြည့်နေတဲ့သူတွေထဲမှာဆိုရင် ဘေဘီမောင်နဲ့သားဂန်းလည်းအပါအ၀င်ဖြစ်ပါတယ်.....။

https://s9.kh1.co/__image/w=650,h=488,q=100/e9/e997579def5def57c81b4358ac6548c18788c355.jpg
Photo credit-​ Baby Maung's Facebook acc
Photo credit-​ Baby Maung's Facebook acc

လူထုလှုပ်ရှားမှုတွေအားကောင်းလာတာနဲ့အမျှ တစ်ဖက်မှာလည်း ဖြိုခွင်းမှုတွေကိုဆက်တိုက်ဆိုသလို မြို့နယ်အနှံ့အပြားမှာပြင်းပြင်းထန်ထန်လုပ်ဆောင်လာကြတာကိုတွေ့မြင်ရပါတယ်။ ဖြိုခွင်းမှုတွေဆက်တိုက်လုပ်လာတာနဲ့အမျှ ပြည်သူတွေဘက်မှာလဲ ထိခိုက်ကျဆုံးမှုတွေဖြစ်ပေါ်နေတာကိုလည်း ပရိသတ်တွေသိမြင်ကြမယ်ထင်ပါတယ်နော်.....။

Photo credit-​ Baby Maung's Facebook acc
Photo credit-​ Baby Maung's Facebook acc
Photo credit-​ Baby Maung's Facebook acc
Photo credit-​ Baby Maung's Facebook acc

မကြာသေးမီကလည်း ဘေဘီမောင်ဟာ သူမရဲ့ Facebookစာမျက်နှာမှာ "၉.၃.၂၀၂၁ သာကေတမှာ ခေါင်းပေါက်ငယ်ထိပ်ထိခဲ့တဲ့ဦးကြီး ကို ဘေဘီ သားဂန်းနဲ့အတူ စေတနာရှင်များ၏ အလှူငွေများအားကိုယ်တိုင်ကိုယ်ကျသွားရောက်လှူပေးခဲ့ပါတယ်??စေတနာရှင်အလှူငွေ ၃၇၀၀၀၀ဘေဘီနဲ့သားဂန်း ၃၀၀၀၀ စုစုပေါင်း ၄၀၀၀၀၀တိတိလှူပေးခဲ့ပါတယ်ရှင့်??သာကေတ ၈ရပ်ကွက် နဝရတ် ၂လမ်းမှာပါ....." ဆိုပြီးရေးသားမျှဝေထားခဲ့တာဖြစ်ပါတယ်။ ကဲ.....ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Photo credit-​ Baby Maung's Facebook acc
Photo credit-​ Baby Maung's Facebook acc
Photo credit-​ Baby Maung's Facebook acc
Photo credit-​ Baby Maung's Facebook acc

သတင်း အရင်းအမြစ်Baby Maung's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T