လူထုလှုပ်ရှားမှုများတွင် နေ့စဉ် ပါဝင်နေရုံသာမက ပြည်သူတွေအတွက် အကာအကွယ်ဖြစ်စေရန် သဲအိတ်တွေ ကူသယ်ပေးနေတဲ့ အောင်လ

//s9.kh1.co/ce/ce9fc35d6da11f994825f4a4db4021defeea589f.jpeg
အနုပညာရှင်များ

 ၁၀-မတ်-၂၀၂၁ ၈am · လွန်ခဲ့သော ၃ နှစ် က

.

အဆိုတော် အောင်လကတော့  တေးသီချင်းတွေကို  ကိုယ်တိုင်ဖန်တီးရေးသားသီဆိုရင်းနဲ့  ပရိသတ်တွေရဲ့  အားပေးမှုတွေကို  တစ်ခဲနက်ရရှိပိုင်ဆိုင်ထားသူတစ်ယောက်လည်း  ဖြစ်ပါတယ်။ ပြည်သူထဲက  ပြည်သူတစ်ယောက်ဖြစ်တာကြောင့်  လူထုလှုပ်ရှားမှုများတွင်  ကျရာနေရာမှ အုတ်တစ်ချပ် သဲတစ်ပွင့်  ပါဝင်လုပ်ဆောင်ပေးနေတာလည်း  ဖြစ်ပါတယ်။  နေ့ဘက်တွင်  လမ်းပေါ်ထွက်ကာ  ပြည်သူတွေနဲ့အတူ  အမှန်တရားဘက်မှ  ရပ်တည်ကာ  ရင်တွင်းဆန္ဒတွေကို  ထုတ်ဖော်ပြသနေရုံတင်မဟုတ်ဘဲ  ညပိုင်းမှာလည်း  ရပ်ကွက်ထဲသို့  လူစိမ်းမဝင်ရအောင်  ကင်းစောင့်ပေးနေတာလည်း  ဖြစ်ပါတယ်။

Photo Crd-Aung La(Reason)‘s Facebook Page 

အောင်လရဲ့ လုပ်ဆောင်မှုတွေတိုင်းကိုလည်း  သူ့ပရိသတ်တွေအားလုံးက  လေးစားအားကျနေကြတာလည်း  ဖြစ်ပါတယ်။  ဒီလို  ကိုယ်တတ်နိုင်တဲ့ဘက်ကနေ  ပြည်သူတွေအတွက်  အားဖြည့်ပူးပေါင်းဆောင်ရွက်ပေးနေတဲ့  အောင်လကတော့  မကြာသေးခင်  နာရီပိုင်းလောက်က  လူမှုကွန်ယက်စာမျက်နှာတွင်  သူ့ရဲ့တစ်နေ့တာလုပ်ဆောင်မှုအစီအစဉ်တွေအား  ရေးသားထားတာပဲ  ဖြစ်ပါတယ်။  ဒါကတော့  လူထုလှုပ်ရှားမှုများတွင် နေ့စဉ်ပါဝင်နေရုံသာမက အကာအကွယ်ဖြစ်စေရန် လူငယ်တွေနဲ့အတူသဲအိတ်တွေပါ ကူသယ်ပေးနေတဲ့ အကြောင်းပဲ  ဖြစ်ပါတယ်။

Photo Crd-Aung La(Reason)‘s Facebook Page 
Photo Crd-Aung La(Reason)‘s Facebook Page 
Photo Crd-Aung La(Reason)‘s Facebook Page 
Photo Crd-Aung La(Reason)‘s Facebook Page 

အောင်လကလည်း  " ကျွန်တော် နေ့တိုင်း ထွက်တယ်

ညတိုင်း ကင်းစောင့်တယ်

ဒီနေ့တော့ သဲအိတ်သယ်ပါတယ် ။

နိုင်သလောက်ပေါ့ဗျာ...

နေ့တိုင်းလမ်းပေါ်မှာ အသက်ပေး တဲ့ လူ က သာ hero ပါ... ကျွန်တော်တို့ က  အားဖြည့်တွေပါပဲ " ဆိုပြီး ရေးသားထားတာပဲ  ဖြစ်ပါတယ်။   လမ်းပေါ်တွင် အဟန့်အတားတစ်ခုဖြစ်စေရန်  လူငယ်တွေကိုယ်တိုင်  သဲအိတ်၊ အမှိုက်ပုံးကြီးများ  အစရှိသည်ဖြင့်  ပိတ်ဆို့ထားနေကြတာပဲ  ဖြစ်ပါတယ်။    ပရိသတ်တွေလည်းသိရှိစေရန်အတွက်   ဒီသတင်းလေးကို  တစ်ဆင့်ပြန်လည်  ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Aung La(Reason)‘s Facebook Page 

Photo Crd-Aung La(Reason)‘s Facebook Page 
Photo Crd-Aung La(Reason)‘s Facebook Page 
Photo Crd-Aung La(Reason)‘s Facebook Page 
Photo Crd-Aung La(Reason)‘s Facebook Page 
Photo Crd-Aung La(Reason)‘s Facebook Page 
Photo Crd-Aung La(Reason)‘s Facebook Page 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T