ဒီကာလမှာ ငွေကြေးအဆင်မပြေမှုတွေ ရှိနေပေမယ့်လည်း စုဆောင်းထားတဲ့ပိုက်ဆံလေးတွေနဲ့ ကွယ်လွန်သွားတဲ့ သူရဲကောင်းတွေကို လှူဒါန်းပေးနေတဲ့ မေခလာ

//s9.kh1.co/60/60d54428d4f6286521e337102c7cef2d9f99ce83.jpeg
အနုပညာရှင်များ

 ၁၀-မတ်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

အဆိုတော်  မေခလာကတော့  လက်ရှိမြန်မာနိုင်ငံမှာ  ဖြစ်ပေါ်နေတဲ့  အခြေအနေများတွင်  ပြည်သူတွေနဲ့အတူ  အမှန်တရားဘက်ကနေ  ရပ်တည်ပေးနေသူ  တစ်ယောက်လည်း  ဖြစ်ပါတယ်။  လူထုလှုပ်ရှားမှုများမှာ  တက်ကြွစွာ  ပါဝင်နေတဲ့ လူငယ်တွေကိုလည်း  လေးစားဂုဏ်ယူနေပြီး  အခြေအနေတွေ  ပြင်းထန်တဲ့အခါတိုင်း  ဉာဏ်သုံးပြီး ရှောင်ရှားတတ်ဖို့လည်း  အမြဲအကြံပေးနေတာလည်း  ဖြစ်ပါတယ်။  ဒါ့အပြင်  လမ်းပေါ်ထွက်ကာ  သူတို့ရဲ့ဆန္ဒတွေကို  ထုတ်ဖော်ပြသနေတဲ့  ပြည်သူတွေအတွက်လည်း  စားစရာ၊သောက်စရာများ  လှူဒါန်းပေးနေတာလည်း  ဖြစ်ပါတယ်။

Photo Crd-May Kha Lar’s Facebook Account 
Photo Crd-May Kha Lar’s Facebook Account 
Photo Crd-May Kha Lar’s Facebook Account 
Photo Crd-May Kha Lar’s Facebook Account 

မေခလာကတော့  လူထုလှုပ်ရှားမှုတွေမှာ ပါဝင်ရင်း  မမျှော်လင့်ဘဲ  ကျဆုံးသွားကြတဲ့ သူရဲကောင်းတွေအတွက်  ဝမ်းနည်းနေပြီး  သူတို့တွေအတွက် တတ်နိုင်တဲ့ဘက်ကနေ  အကူအညီတွေ ပေးနေတာလည်း  ဖြစ်ပါတယ်။  အခြားသော  အနုပညာရှင်များကလည်း  သူငယ်ချင်း၊မိတ်ဆွေများထံမှ  ကောက်ခံရရှိထားတဲ့ အလှူငွေများကိုလည်း  ရန်ကုန်နဲ့ အခြားသော  နယ်အသီးသီးမှာ ကျဆုံးသွားတဲ့  သူရဲကောင်းတွေရဲ့  မိသားစုဝင်များအတွက်  လိုအပ်တာတွေကို  လှူဒါန်းပေးနေကြတာလည်း  ဖြစ်ပါတယ်။ မေခလာကလည်း  ဒီကာလမှာ အခက်အခဲတွေ ရှိပေမယ့်လည်း  ပွဲတွေဆိုခဲ့တုန်းက  စုဆောင်းထားတဲ့ ပိုက်ဆံလေးတွေနဲ့  တတ်နိုင်သလောက်လှူဒါန်းနေတာတွေကိုလည်း  သူမရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် အခုလိုပဲ ရေးသားထားတာပဲ  ဖြစ်ပါတယ်။

Photo Crd-May Kha Lar’s Facebook Account 
Photo Crd-May Kha Lar’s Facebook Account 
Photo Crd-May Kha Lar’s Facebook Account 
Photo Crd-May Kha Lar’s Facebook Account 

" အမှန်တိုင်းပြောရင် ကိုယ်တွေလဲအဆင်မပြေပါဘူး မိသားစု အများကြီးပါ ဆိုပွဲတွေမရှိတာ နှစ်ပေါက်သွားပါပြီအရင်တုန်းက ပြေးလွှားဆိုခဲ့တုန်းက ရခဲ့တဲ့ငွေ လေးတွေစုပြီး ကိုယ့်ထက် အဆင်မပြေလွန်းတဲ့သူတွေကို လှူတာပါ

ရှိလို့လှူတာမဟုတ်

သိလို့လှူတာပါ 

ပြည်သူ့ ထံမှ ပြည်သူ့ထံသို့ပါ ???" ဆိုပြီး ရေးသားထားတာပဲ  ဖြစ်ပါတယ်။  သူမကတော့  မျက်လုံးကျည်ထိသွားသော ညီငယ်လေး- မင်းသူရကို အတွက်ဂုဏ်ပြုအလှူငွေ - ၂သိန်း

မြောက်ဥက္ကလာ ၀ဇီရာထိပ်မှကျည်ထိထားသော ညီငယ်လေး - ဇွဲပြည့်စုံ အတွက်ဂုဏ်ပြုအလှူငွေ - ၂သိန်း

ကျဆုံးသွားသောသူရဲကောင်းလေး- ဝေယံမောင်မောင်(ခ) Mang Suon Khaiအတွက် ဂုဏ်ပြုအလှူငွေ - ၁သိန်း အားလှူတန်းထားတာပဲ ဖြစ်ပြီး  ပရိသတ်တွေလည်း  သာဓုအနုမောဓနာခေါ်ဆိုနိုင်အောင်  တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ရပါတယ်နော်။

Source and Photo Crd-May Kha Lar’s Facebook Account 

Photo Crd-May Kha Lar’s Facebook Account 
Photo Crd-May Kha Lar’s Facebook Account 
Photo Crd-May Kha Lar’s Facebook Account 
Photo Crd-May Kha Lar’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T