Mommy သာရှိနေရင် ဒီအခြေအနေတွေကို မြင်ပြီးဘယ်လောက်များ စိတ်ထိခိုက်နေမလဲ ဆိုကာ ရင်တွင်း ခံစားချက်များကို ပြောပြလာတဲ့ အောန်ဆိုင်း

//s9.kh1.co/aa/aa29c6e719e587a3abff6ae9aaf8b9163e138758.jpg
အနုပညာရှင်များ

 ၁၀-မတ်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

ချစ်ပရိသတ်ကြီးရေ......မော်ဒယ်လ် အောန်ဆိုင်း ကတော့ ဖေဖော်ဝါရီလ (၁)ရက်နေ့တည်းက ပြည်တွင်းမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် သူမက ပြည်သူတွေနဲ့ တစ်သား တည်း ရပ်တည် နေရုံသာမက လမ်းမပေါ်တွင် လူထုလှုပ်ရှားမှုမှာ ပါဝင်ရင်း အမှိုက်တွေ လိုက်ကောက်နေတာ ဖြစ်ပါတယ်။အောန်ဆိုင်းက အေးချမ်းသာယာတဲ့ တိုင်းပြည်ကို လိုချင်လို့ အမှန်တရားဘက်ကနေ ရဲရဲဝင့်ဝင့် ပြည်သူတွေနဲ့အတူ ပူးပေါင်း ပါဝင် လှုပ်ရှားနေတာ ပဲဖြစ်ပါတယ်။

Photo Credit - Awn Seng -Elizabeth FB Page
Photo Credit - Awn Seng -Elizabeth FB Page
Photo Credit - Awn Seng -Elizabeth FB Page
Photo Credit - Awn Seng -Elizabeth FB Page

လူထုလှုပ်ရှားမှုတွေက တဖြည်းဖြည်းနဲ့ အား ကောင်းလာတာနဲ့ အမျှ ဖြိုခွင်းမှုတွေကလည်း ဆက်တိုက်ဆိုသလို နေရာ အနှံအပြားမှာ လုပ်ဆောင် လာကြတာလည်း တွေ့ရပါတယ်။ပြည်သူတွေဘက်မှာလည်း မမျှော်လင့်ပဲ ထိခိုက် ကျဆုံးမှုတွေ ဖြစ်ပေါ်လာနေတာကို အားလုံးတွေ့မြင်နေကြတာ ပဲဖြစ်ပါတယ်။ဒီလိုအခြေ အနေမျိုးတွင် ပြည်သူတွေက မိသားစုတွေနဲ့ ထပ်တူ ဝမ်းနည်းကြေကွဲနေကြကာ နိုင်ငံ့သူရဲကောင်းတွေ အ တွက် လှူဒါန်းမှုတွေကို ပြုလုပ်နေကြတာ ဖြစ်ပါတယ်။

Photo Credit - Awn Seng -Elizabeth FB Page
Photo Credit - Awn Seng -Elizabeth FB Page
Photo Credit - Awn Seng -Elizabeth FB Page
Photo Credit - Awn Seng -Elizabeth FB Page

အောန်ဆိုင်းကလည်း ခုလိုဖြစ်ပေါ်နေတဲ့ အချိန်တွင် သူမရဲ့အမေ မမြင်သွားတာကို ဖြေသာနေရတာ ဖြစ်တဲ့ အကြောင်းကို လူမူကွန်ယက် စာမျက်နှာထက်တွင် "Mommy ဆုံးတာ ဒီနေ့ဆိုလေးလပြည့်ပြီ ကျွန်မတို့မိသားစုတွေအားလုံး ချစ်ရတဲ့သူကို ဆုံးရှုံးရလို့ အရမ်းဝမ်းနည်းခဲ့ရတယ် ဖြေသာရတာကတော့ ဒီအခြေအနေတွေကို Mommy မြင်မသွားတာကိုပါ ။ Mommy သာရှိနေရင် ဒီအခြေအနေတွေကို မြင်ရင်ဘယ်လောက်များ စိတ်ထိခိုက်ပြီး စိတ်ဆင်းရဲလိုက်မလဲ? ကျမတို့နိုင်ငံကြီး ဒီလို အခြေအနေဖြစ်နေတာကို မသိသွားတာ ဘုရားကို သိပ်ကျေးဇူးတင်မိတယ်... ??"ဆိုပြီး ရေးသားဖော်ပြလာတာ ဖြစ်တာကြောင့် ချစ်ပရိသတ်တွေ အတွက် ပြန်လည်ကူးယူ မျှဝေပေးလိုက်ပါတယ်။

Photo Credit - Awn Seng -Elizabeth FB Page
Photo Credit - Awn Seng -Elizabeth FB Page
Photo Credit - Awn Seng -Elizabeth FB Page
Photo Credit - Awn Seng -Elizabeth FB Page

သတင်း အရင်းအမြစ်Awn Seng-Elizabeth FB PAGE

Yamin Kay Khine
Yamin Kay Khine

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T