အန္တရာယ်တွေကို ကြံ့ကြံ့ခံနိုင်အောင် ကြိုတင်လေ့ကျင့်မှုတွေပြုလုပ်နေကြတဲ့ လူငယ်တွေကို ပါဝင်အားဖြည့်ပေးခဲ့တဲ့ ပိုပိုရဲ့ဗီဒီယို

//s9.kh1.co/87/87a98afc13e243f2d7a746364c4e71a4232bd53f.jpg
အနုပညာရှင်များ

 ၁၀-မတ်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

အန္တရာယ်တွေကို ကြံ့ကြံ့ခံနိုင်အောင် ကြိုတင်လေ့ကျင့်မှုတွေပြုလုပ်နေကြတဲ့ လူငယ်တွေကို ပါဝင်အားဖြည့်ပေးခဲ့တဲ့ ပိုပိုရဲ့ဗီဒီယို

အဆိုတော်ပိုပိုကတော့ ဂီတလောကသားတွေနဲ့အတူ လူထုလှုပ်ရှားမှုတွေကို ပြုလုပ်ခဲ့သလို လက်ရှိမှာလည်း အပြင်ထွက်ပြီး ပြည်သူတွေကို ဝန်းရံပေးနေတာ ဖြစ်ပါတယ် ။ သူမက အန္တရာယ်ရှိနေတဲ့ကြားကနေ ပြည်သူတွေနဲ့အတူ လမ်းပေါ်ကိုထွက်လာပြီး ရင်တွင်းဆန္ဒတွေကို အားမာန်အပြည့်နဲ့ ကြွေးကြော်တောင်းဆိုခဲ့သူလည်း ဖြစ်ပါတယ် ။ နေ့တိုင်းလိုလို အပင်ပန်းခံပြီး မနားမနေကြိုးစားနေတဲ့ ပိုပို့ကို သူမရဲ့ပရိသတ်တွေကလည်း ချီးကျူးစကားတွေနဲ့ အားပေးနေကြတာ ဖြစ်ပါတယ် ။

Photo Credit-"ပိုပို" Facebook Page
Photo Credit-"ပိုပို" Facebook Page
Photo Credit-"ပိုပို" Facebook Page
Photo Credit-"ပိုပို" Facebook Page

မကြာသေးခင်က ကျဆုံးသွားတဲ့သူရဲကောင်းတွေအတွက်လည်း ပိုပိုက သူမတတ်နိုင်သလောက် ကူညီလှူဒါန်းခဲ့ပြီး ကျန်ရစ်သူမိသားစုဝင်တွေကို နှစ်သိမ့်ဖေးမပေးခဲ့တာ ဖြစ်ပါတယ် ။ ဒါ့အပြင် အမြဲတမ်းတက်ကြွနေတဲ့ သူမက လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် ပြည်သူတွေကို အားပေးစကားပြောပေးနေတာပဲ ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ရက်ပိုင်းကဆိုရင်လည်း ပိုပိုက ပြည်သူတွေကို သွားရောက်ဝန်းရံရင်းနဲ့ တစ်တပ်တစ်အားပါဝင်အားဖြည့်ပေးခဲ့သေးတာ ဖြစ်ပါတယ် ။ 

Photo Credit-"ပိုပို" Facebook Page
Photo Credit-"ပိုပို" Facebook Page
Photo Credit-"ပိုပို" Facebook Page
Photo Credit-"ပိုပို" Facebook Page
Photo Credit-Po Po's Tik Tok Acc
Photo Credit-Po Po's Tik Tok Acc

ဒါ့အပြင် ပိုပိုက ရှေ့တန်းမှာ ရဲရဲရင့်ရင့်ကာကွယ်ပေးနေတဲ့ လူငယ်တွေနဲ့အတူ လေ့ကျင့်ရေးတွေပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ် ။ အန္တရာယ်တွေကြုံလာခဲ့ရင် အသင့်အနေအထားနဲ့ ကြံ့ကြံ့ခံနိုင်အောင် ကြိုတင်လေ့ကျင့်နေတဲ့ လူငယ်တွေကို သူမက ကူညီပေးခဲ့တာ ဖြစ်ပါတယ် ။ ပိုပိုကတော့ သူမရဲ့လှုပ်ရှားမှုတွေကို ဗီဒီယိုရိုက်ကာ မျှဝေခဲ့တာပဲ ဖြစ်ပါတယ် ။ ကဲ ပြည်သူတွေကိုကာကွယ်ဖို့ ရှေ့ဆုံးကနေ ရပ်တည်ပေးနေတဲ့ လူငယ်တွေကို ကူညီလေ့ကျင့်ပေးခဲ့တဲ့ ပိုပိုရဲ့ဗီဒီယိုကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source & Video Credit-Po Po's Tik Tok Acc

Photo Credit-Po Po's Tik Tok Acc
Photo Credit-Po Po's Tik Tok Acc
Photo Credit-"ပိုပို" Facebook Page
Photo Credit-"ပိုပို" Facebook Page
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T