မျက်လုံးထိခိုက်သွားတဲ့လူငယ်လေးရဲ့ အိမ်ကိုသွားပြီး စေတနာရှင်အားလုံးရဲ့ကိုယ်စား အလှူငွေတွေပေးအပ်ကာအားပေးစကားပြောခဲ့တဲ့ အိုင်ရင်းဇင်မာမြင့်

//s9.kh1.co/b9/b972838746e26ce4a4dd34846e73bddde993a8d1.jpeg
အနုပညာရှင်များ

 ၁၀-မတ်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

မျက်လုံးထိခိုက်သွားတဲ့လူငယ်လေးရဲ့ အိမ်ကိုသွားပြီး စေတနာရှင်အားလုံးရဲ့ကိုယ်စား အလှူငွေတွေပေးအပ်ကာအားပေးစကားပြောခဲ့တဲ့ အိုင်ရင်းဇင်မာမြင့်

အဆိုတော်အိုင်ရင်းဇင်မာမြင့်ကတော့ လူထုလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွနဲ့ ပါဝင်ဆောင်ရွက်နေတာပဲဖြစ်ပါတယ်။အိုင်ရင်းကလည်း ပြည်သူတွေနဲ့ တစ်သားတည်းနေထိုင်ပြီး အမှန်တရားအတွက် ရဲဝင့်စွာ ရင်ဆိုင်နေတာပဲဖြစ်ပါတယ်။ဒါ့အပြင်လည်း သူမက လမ်းပေါ်ကပြည်သူလူထုကိုလည်း တတ်နိုင်သလောက်လှူဒါန်းပေးသလိုလူထုလှုပ်ရှားမှုမှာ ကျဆုံးသွားတဲ့ သူရဲကောင်းတွေအတွက်လည်း စေတနာရှင်တွေနဲ့စုပေါင်းပြီး လှူဒါန်းပေးတာဖြစ်ပါတယ်။

Photo Credit:Irene Zin Mar Myint’s Facebook Page
Photo Credit:Irene Zin Mar Myint’s Facebook Page
Photo Credit:Irene Zin Mar Myint’s Facebook Page
Photo Credit:Irene Zin Mar Myint’s Facebook Page

အိုင်ရင်းဇင်မာမြင့်ကလည်း သူမ ရိုးသားစွာရှာဖွေထားတဲ့ ငွေကြေးတွေနဲ့ တစ်နိုင်တစ်ပိုင်လေးကူညီပေးနေတာဖြစ်ပါတယ်။သူမကတော့ မကြာသေးခင်ရက်ပိုင်းတွေမှာဆိုရင် ကျဆုံးသွားတဲ့သူရဲကောင်းတွေရဲ့ ကျန်ရစ်သူမိသားစုဝင်တွေဆီသွားရောက်ပြီး အားပေးစကားတွေလည်းပြောကာ အလှူငွေလည်းပေးအပ်ခဲ့တာဖြစ်ပါတယ်။လက်ရှိအခြေအနေမှာဆိုရင်တော့ လူထုလှုပ်ရှားမှုတွေမှာ အသက်ပေးသွားရတဲ့သူရဲကောင်းတွေလည်း (၅၀)ဝန်းကျင်ရှိနေပြီဖြစ်လို့ ပြည်သူလူထုကတော့ သူတို့တွေအတွက်ပါ ပိုပြီးကြိုးစားနေကြတာဖြစ်ပါတယ်။

Photo Credit:Irene Zin Mar Myint’s Facebook Page
Photo Credit:Irene Zin Mar Myint’s Facebook Page
Photo Credit:Irene Zin Mar Myint’s Facebook Page
Photo Credit:Irene Zin Mar Myint’s Facebook Page

အခုဆိုရင်လည်း အိုင်ရင်းက လူထုလှုပ်ရှားမှုမှာပါဝင်ရင်း မျက်လုံးထိခိုက်သွားတဲ့ လူငယ်လေးရဲ့အိမ်ကိုကိုယ်တိုင်သွားရောက်ပြီး စေတနာရှင်တွေရဲ့ကိုယ်စား အလှူငွေတွေပေးအပ်ခဲ့တာဖြစ်ပါတယ်။သူမကတော့”မျက်စိထိခိုက် ခဲ့သော နေအိမ်အရောက်တတ်နိုင်သောမေတ္တာပြခဲ့ပါတယ် အလှူရှင်များအားလုံးစိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ”ဆိုပြီး ဗီဒီယိုဖိုင်လေးတွေနဲ့အတူ ရေးသားမျှဝေလာတာဖြစ်ပါတယ်။အခုလိုမျိုး လိုအပ်နေသူတွေကို တတ်နိုင်သလောက်လှူဒါန်းပေးကြတဲ့ အလှူရှင်တွေအကုန်လုံးကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်နော်။

Photo Credit:Irene Zin Mar Myint’s Facebook Page
Photo Credit:Irene Zin Mar Myint’s Facebook Page
Photo Credit:Irene Zin Mar Myint’s Facebook Page
Photo Credit:Irene Zin Mar Myint’s Facebook Page

Photo Credit:Irene Zin Mar Myint’s Facebook Page

Source&Video Credit:Irene Zin Mar Myint’s Facebook Page 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T