ဗြိတိန်နို််င်ငံလန်ဒန်မြို့မှာအထိသွားရောက်ပြီးဆေးကုသမှုခံယူနေတဲ့ နိုက်ဂျီးရီးယားသမ္မတ ဓာတ်ပုံ ပထမဆုံးအကြိမ် ထွက်ပေါ်လာတယ်လို့ NBCNews.com သတင်းမှာဖော်ပြထားပါတယ်။ 

အသက်(၇၄)နှစ်အရွယ်ရှိ သမ္မတ မူဟာမက်ဒူ ဘူဟာရီကသူ့ပါတီအဖွဲ့ဝင်တွေနဲ့ ဝမ်းမြောက်စွာ တွေ့ဆုံပြီး နေ့လည်စာစားသုံးနေတဲ့ ဓာတ်ပုံကို နိုက်ဂျီးရီးယားအစိုးရရုံးက ထုတ်ပြန်လိုက်တာ ဖြစ်ပြီးအဆိုပါဓာတ်ပုံက နိုက်ဂျီးရီးယားနိုင်ငံကနေ ဗြိတိန်နို်င်ငံကို ထွက်ခွာလာပြီး ရက်ပေါင်း(၈၀) ပြည့်လုနီးပါးမှာ ပထမဆုံးအကြိမ် အဖြစ်ထွက်ပေါ်လာတဲ့ ဓာတ်ပုံဖြစ်ပါတယ်။ 

လက်တလောမှာတော့ နိုက်ဂျီးရီးယားနို်င်ငံမှာ သမ္မတဘူဟာရီရဲ့ ဦးဆောင်မှု ပျက်ကွက်တဲ့အပေါ် ဝေဖန်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပြီး အများစုကတော့ သမ္မတကွယ်လွန်သွားပြီဆိုပြီး ခန့်မှန်းချက်တွေလည်း ထွက်ပေါ်နေပါတယ်။

Aung

သတင်းအရင်းမြစ် NBCNews.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။